Jailbreak မလိုဘဲ iPhone X မွာ Always-On Display ရေအာင္လုပ္နည္း

0
2173

Zawgyi Version

iPhone X သံုးစြဲသူတစ္ေယာက္အေနနဲ႕ Android ဖုန္းေတြမွာ အသံုးျပဳခြင့္ရေနတဲ့ feature အခ်ိဳ႕ကို မနာလိုမိေနလား။ အဲဒီထဲကတစ္ခုကေတာ့ Samsung နဲ႕ အျခားေသာ Android စမတ္ဖုန္းေတြမွာ ရႏုိင္ေနတဲ့ always-on display feature ေလးလည္း ျဖစ္ႏုိင္ပါတယ္။ စိတ္မပူပါနဲ႕၊ App Store ေပၚမွာ အသစ္ေရာက္လာတဲ့ app ေလးက iOS အတြင္းပိုင္းကို အနည္းငယ္ခ်ိန္းေပးမွာျဖစ္လို႕ iPhone X ရဲ႕ OLED display မွာလည္း AOD ကို ခံစားႏုိင္ေတာ့မွာပါ။

ဒီေတာ့ jailbreak မလုပ္ဘဲ ဘယ္လိုေလးျဖစ္လာမလဲဆိုတာ ေလ့လာၾကည့္လိုက္ရေအာင္။

အဆင့္(၁) ပထမဆံုးအေနနဲ႕ OLEDX app ေလးကို ဖုန္းမွာသြင္းထားဖို႕လိုအပ္ပါတယ္။ အခမဲ့အသံုးျပဳႏုိင္တဲ့ app ျဖစ္ျပီး Apple App Store မွာ ေဒါင္းလုတ္ဆြဲလို႕ရေနပါျပီ။ ေအာက္မွာလည္း လင့္ေလးေပးထားမွာပါ။

အဆင့္(၂) native Settings app ေလးကိုဖြင့္လုိက္ျပီးေတာ့ General > Accessibility ကိုသြား Guided Access ကိုရွာပါ။ ဒါေလးကိုေရြးေပးလိုက္ပါ။

အဆင့္(၃) Set Guided Access Passcode option ေလးကိုေရြးလိုက္ျပီးေတာ့ passcode ရုိက္ေပးလိုက္ပါ။ စာတန္းေလးတက္လာရင္ passcode ေလးကိုပဲ ထပ္ရုိက္ေပးလိုက္ပါ။

အဆင့္(၄) ေနာက္ကိုျပန္သြားလိုက္မယ္ဆုိရင္ Accessibility Shortcut toggle ေလးက On ျဖစ္ေနပါေစ။

အဆင့္(၅) OLEDX app ကို ဖြင့္ျပီးေတာ့ display ေပၚမွာ ျမင္ေအာင္လုပ္ရမွာပါ။ app ထဲမွာ individual settings ေလးေတြပါ၀င္ျပီးေတာ့ သင့္ရဲ႕လိုအပ္ခ်က္နဲ႕ကိုက္ညီႏုိင္တဲ့အရာေလးေတြကို ကလိႏုိင္ပါတယ္။

အဆင့္(၅) Guided Access ဖြင့္ထားမယ္ဆိုရင္ iPhone X ရဲ႕ Side button ေလးကို သံုးခ်က္ႏွိပ္လိုက္ပါ။ ဖုန္းကို lock က်သြားေစျပီးေတာ့ always-0n display ေလးကို ျမင္ရေတာ့မွာပါ။

အဆင့္ (၆) ျပန္သံုးခ်င္တယ္ဆုိရင္ေတာ့ Side button ေလးကိုႏွစ္ခ်က္ႏွိပ္လုိက္တာနဲ႕ Face ID က အလုပ္လုပ္ျပီးေတာ့ ဖုန္းသံုးခြင့္ရလာပါလိမ့္မယ္။

OS ထဲမွာ တစ္ပါတည္းထည့္ေပးထားတဲ့ always-on display လုပ္ေဆာင္ခ်က္နဲ႕ေတာ့ ဘယ္တူမလဲေပါ့ဗ်ာ။ ဒါေပမယ့္လည္း always-on display ခံစားမႈေကာင္းေကာင္းကို iPhone X မွာ ခံစားခ်င္တယ္။ ဘတ္ထရီလည္း သက္သာခ်င္တယ္ဆိုရင္ေတာ့ စမ္းသပ္သံုးစြဲၾကည့္ႏုိင္ေစဖို႕ တင္ျပေပးလိုက္ရပါတယ္။

 Download: OLEDX app for iPhone on App Store

Unicode Version

iPhone X သုံးစွဲသူတစ်ယောက်အနေနဲ့ Android ဖုန်းတွေမှာ အသုံးပြုခွင့်ရနေတဲ့ feature အချို့ကို မနာလိုမိနေလား။ အဲဒီထဲကတစ်ခုကတော့ Samsung နဲ့ အခြားသော Android စမတ်ဖုန်းတွေမှာ ရနိုင်နေတဲ့ always-on display feature လေးလည်း ဖြစ်နိုင်ပါတယ်။ စိတ်မပူပါနဲ့၊ App Store ပေါ်မှာ အသစ်ရောက်လာတဲ့ app လေးက iOS အတွင်းပိုင်းကို အနည်းငယ်ချိန်းပေးမှာဖြစ်လို့ iPhone X ရဲ့ OLED display မှာလည်း AOD ကို ခံစားနိုင်တော့မှာပါ။
ဒီတော့ jailbreak မလုပ်ဘဲ ဘယ်လိုလေးဖြစ်လာမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
အဆင့်(၁) ပထမဆုံးအနေနဲ့ OLEDX app လေးကို ဖုန်းမှာသွင်းထားဖို့လိုအပ်ပါတယ်။ အခမဲ့အသုံးပြုနိုင်တဲ့ app ဖြစ်ပြီး Apple App Store မှာ ဒေါင်းလုတ်ဆွဲလို့ရနေပါပြီ။ အောက်မှာလည်း လင့်လေးပေးထားမှာပါ။
အဆင့်(၂) native Settings app လေးကိုဖွင့်လိုက်ပြီးတော့ General > Accessibility ကိုသွား Guided Access ကိုရှာပါ။ ဒါလေးကိုရွေးပေးလိုက်ပါ။
အဆင့်(၃) Set Guided Access Passcode option လေးကိုရွေးလိုက်ပြီးတော့ passcode ရိုက်ပေးလိုက်ပါ။ စာတန်းလေးတက်လာရင် passcode လေးကိုပဲ ထပ်ရိုက်ပေးလိုက်ပါ။
အဆင့်(၄) နောက်ကိုပြန်သွားလိုက်မယ်ဆိုရင် Accessibility Shortcut toggle လေးက On ဖြစ်နေပါစေ။
အဆင့်(၅) OLEDX app ကို ဖွင့်ပြီးတော့ display ပေါ်မှာ မြင်အောင်လုပ်ရမှာပါ။ app ထဲမှာ individual settings လေးတွေပါဝင်ပြီးတော့ သင့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီနိုင်တဲ့အရာလေးတွေကို ကလိနိုင်ပါတယ်။
အဆင့်(၅) Guided Access ဖွင့်ထားမယ်ဆိုရင် iPhone X ရဲ့ Side button လေးကို သုံးချက်နှိပ်လိုက်ပါ။ ဖုန်းကို lock ကျသွားစေပြီးတော့ always-0n display လေးကို မြင်ရတော့မှာပါ။
အဆင့် (၆) ပြန်သုံးချင်တယ်ဆိုရင်တော့ Side button လေးကိုနှစ်ချက်နှိပ်လိုက်တာနဲ့ Face ID က အလုပ်လုပ်ပြီးတော့ ဖုန်းသုံးခွင့်ရလာပါလိမ့်မယ်။
OS ထဲမှာ တစ်ပါတည်းထည့်ပေးထားတဲ့ always-on display လုပ်ဆောင်ချက်နဲ့တော့ ဘယ်တူမလဲပေါ့ဗျာ။ ဒါပေမယ့်လည်း always-on display ခံစားမှုကောင်းကောင်းကို iPhone X မှာ ခံစားချင်တယ်။ ဘတ်ထရီလည်း သက်သာချင်တယ်ဆိုရင်တော့ စမ်းသပ်သုံးစွဲကြည့်နိုင်စေဖို့ တင်ပြပေးလိုက်ရပါတယ်။

 Download: OLEDX app for iPhone on App Store)

Leave a Reply