Huawei Honor Play စမတ္ဖုန္းမွာ 4D ဂိမ္းေတြအတြက္ AI ေထာက္ပံ့မႈပါဝင္လာမည္

0
1671

Honor 10 စမတ္ဖုန္းဟာ ေစ်းကြက္အတြင္းမွာ အမ်ားအျပားေရာင္းမႈေတြ ရရွိခဲ့ၿပီးတဲ့ေနာက္မွာေတာ့ Huawei အေနနဲ႔ ေနာက္ထပ္စမတ္ဖုန္း တစ္လုံးကိုထပ္မံမိတ္ဆက္ ေပးပါေတာ့မယ္။Honor ရဲ႕ထုတ္ကုန္သစ္ျဖစ္လာမယ့္ စမတ္ဖုန္းရဲ႕နာမည္ကိုေတာ့  Honor Play လို႔ေပးထားၿပီး သူ႕မွာ ဂိမ္းနဲ႔ပတ္သတ္တဲ့ အေထာက္အပံ့ေကာင္းေတြ ပါဝင္လာမွာျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ အသစ္မိတ္ဆက္မယ့္ စမတ္ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္တခ်ိဳ႕ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။ Honor Play စမတ္ဖုန္းကို မိခင္တရုတ္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ေဘဂ်င္းမွာဇြန္လ၆ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး သူ႕မွာ 4D game AI အေတြ႕အႀကဳံသစ္နဲ႔အတူ 16MP AI လုပ္ေဆာင္ခ်က္နဲ႔ ကင္မရာထည့္သြင္း ထားမွာျဖစ္ပါတယ္။

ဒီေန႔ထြက္ရွိလာတဲ့ အခ်က္အလက္ေတြအရ  Kirin 970  ပရိုဆက္ဆာနဲ႔အတူ RAM6GB နဲ႔ ဂိမ္းပိုင္းကို ဦးစားေပးတဲ့ဖုန္းျဖစ္တာေၾကာင့္ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအတြက္ 256GB သိုေလွာင္ႏုိင္စြမ္းနဲ႔ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ အျခားသတင္းအခ်က္အလက္ေတြအရေတာ့ 32 GB (သုိ႕)128GB storage)ဗားရွင္းေတြမွာ ထြက္ရွိလာႏုိင္တယ္လို႔ ဆိုပါတယ္။

ေနာက္တပတ္မွာေတာ့ Honor Play စမတ္ဖုန္းကို တရားဝင္ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ သူ႕မွာမ်က္ႏွာျပင္ပိုင္းအတြက္ 5.84” screen မွာ1,080 x 2,280 px ေဖာ္ျပႏုိင္စြမ္းနဲ႔ျဖစ္ၿပီး၊ ဘက္ထရီပိုင္းမွာေတာ့ဂိမ္းပိုင္းဆိုင္ဖုန္းတစ္လုံးအတြက္ဆိုရင္ အရမ္းနည္းလြန္းတဲ့ 2,900 mAh နဲ႔ျဖစ္ပါတယ္။ Honor 10 ထက္ေစ်းသက္သာႏုိင္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ ေနာက္ဘက္မွာ 13 MP + 2 MP dual cameraနဲ႔ျဖစ္ၿပီး selfie ကင္မရာကိုေတာ့ 16 MP sensor တပ္ဆင္ေပးထားပါတယ္။ ဖုန္းနဲ႔ပတ္သတ္တဲ့ ေၾကာ္ျငာဓာတ္ပုံမွာ ေဖာ္ျပခ်က္အရေတာ့ AI အထူးျပဳဖုန္းတစ္လုံးျဖစ္လာမယ္ဆို ေသခ်ာေနပါတယ္။

Unicode

Honor 10 စမတ်ဖုန်းဟာ ဈေးကွက်အတွင်းမှာ အများအပြားရောင်းမှုတွေ ရရှိခဲ့ပြီးတဲ့နောက်မှာတော့ Huawei အနေနဲ့ နောက်ထပ်စမတ်ဖုန်း တစ်လုံးကိုထပ်မံမိတ်ဆက် ပေးပါတော့မယ်။Honor ရဲ့ထုတ်ကုန်သစ်ဖြစ်လာမယ့် စမတ်ဖုန်းရဲ့နာမည်ကိုတော့  Honor Play လို့ပေးထားပြီး သူ့မှာ ဂိမ်းနဲ့ပတ်သတ်တဲ့ အထောက်အပံ့ကောင်းတွေ ပါဝင်လာမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အသစ်မိတ်ဆက်မယ့် စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တချို့ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ Honor Play စမတ်ဖုန်းကို မိခင်တရုတ်နိုင်ငံရဲ့ မြို့တော်ဘေဂျင်းမှာဇွန်လ၆ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး သူ့မှာ 4D game AI အတွေ့အကြုံသစ်နဲ့အတူ 16MP AI လုပ်ဆောင်ချက်နဲ့ ကင်မရာထည့်သွင်း ထားမှာဖြစ်ပါတယ်။

ဒီနေ့ထွက်ရှိလာတဲ့ အချက်အလက်တွေအရ  Kirin 970  ပရိုဆက်ဆာနဲ့အတူ RAM6GB နဲ့ ဂိမ်းပိုင်းကို ဦးစားပေးတဲ့ဖုန်းဖြစ်တာကြောင့် အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 256GB သိုလှောင်နိုင်စွမ်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အခြားသတင်းအချက်အလက်တွေအရတော့ 32 GB (သို့)128GB storage)ဗားရှင်းတွေမှာ ထွက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

နောက်တပတ်မှာတော့ Honor Play စမတ်ဖုန်းကို တရားဝင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ သူ့မှာမျက်နှာပြင်ပိုင်းအတွက် 5.84” screen မှာ1,080 x 2,280 px ဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပြီး၊ ဘက်ထရီပိုင်းမှာတော့ဂိမ်းပိုင်းဆိုင်ဖုန်းတစ်လုံးအတွက်ဆိုရင် အရမ်းနည်းလွန်းတဲ့ 2,900 mAh နဲ့ဖြစ်ပါတယ်။ Honor 10 ထက်ဈေးသက်သာနိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ဘက်မှာ 13 MP + 2 MP dual cameraနဲ့ဖြစ်ပြီး selfie ကင်မရာကိုတော့ 16 MP sensor တပ်ဆင်ပေးထားပါတယ်။ ဖုန်းနဲ့ပတ်သတ်တဲ့ ကြော်ငြာဓာတ်ပုံမှာ ဖော်ပြချက်အရတော့ AI အထူးပြုဖုန်းတစ်လုံးဖြစ်လာမယ်ဆို သေချာနေပါတယ်။

Leave a Reply