Android ကေန iPhone ကို contacts ေတြ ဘယ္လိုေျပာင္းၾကမလဲ

0
1967

Zawgyi Version

iPhone X က Face ID feature ကို ေၾကြဆင္းသြားလို႕ပဲျဖစ္ျဖစ္ အနီေလးကို စြဲမက္လို႕ပဲျဖစ္ျဖစ္။ အေၾကာင္းတခုခုေၾကာင့္ iOS ကိုင္ေတာ့မယ္ဆိုၾကပါစို႕။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ contact ေတြကို Android ကေန iPhone ကို ေျပာင္းဖို႕အခ်ိန္က်ပါျပီ။ ဒီလိုရိုးရွင္းတဲ့အလုပ္ေလးကို ဘယ္လိုေတြလုပ္ရမွာလဲ ဦးေဏွာက္စားေနတဲ့သူေတြအတြက္ နည္းလမ္းေလးကို မွ်ေ၀ေပးလိုက္ပါတယ္။

လိုအပ္ခ်က္မ်ား

Android ကေန iPhone ကို contact ေတြ ေျပာင္းခ်င္တယ္ဆိုရင္ေတာ့ Android version 4.0 ႏွင့္အထက္ ၊ iOS 9 ႏွင့္အထက္ ဟန္းဆက္ေတြကို အသံုးျပဳေနရမွာပါ။ ဘယ္လိုမ်ိဳးေတြလဲဆိုေတာ့ iPhone 5 ႏွင့္အထက္ ၊ iPad 4th generation နွင့္အထက္ ၊ iPad mini 2nd generation ႏွင့္အထက္ ၊ iPod touch 6th generation တို႕ျဖစ္ပါတယ္။

Wi-Fi network အတူတူကို ခ်ိတ္ဆက္ထားရမယ္။ ျပီးေတာ့ power supply နဲ႕လည္း ခ်ိတ္ဆက္ထားပါ။ ျပီးေတာ့ေျပာင္းခ်င္တဲ့အရာေတါကလည္း ဖုန္းအသစ္နဲ႕အဆင္ေျပတာ ေသခ်ာပါေစ။

ကဲ ဘယ္လိုေတြေျပာင္းၾကမလဲဆိုတာ ေျပာရေအာင္။

Android to iOS device tool ကို အသံုးျပဳျခင္း

Android ကေန iPhone ကို အလြယ္ဆံုးေျပာင္းခ်င္တယ္ဆိုရင္ေတာ့ Apple ကေထာက္ပံ့ေပးထားတဲ့ software tool ေတြကို အသံုးျပဳျခင္းပါပဲ။

၁) iOS ေလးကို ပထမဆံုး set up လုပ္တဲ့အခ်ိန္မွာ Apps & Data screen ေလးကို ေစာင့္ၾကည့္ေနပါ။ Move Data from Android ေလးကိုႏွိပ္လုိက္ပါ။ iPhone ကို set up လုပ္ျပီးသားဆိုရင္ေတာ့ ေနာက္တစ္ခါျပန္စဖုိ႕လိုအပ္ပါတယ္။ ဒီလိုလည္းမလုပ္ခ်င္ဘူးဆိုရင္ေတာ့ ေအာက္မွာေနာက္တစ္နည္းေပးထားပါေသးတယ္။

၂) Android ဖုန္းေပၚမွာ Move to iOS app ေလးကို Google Play store ကေန ေဒါင္းလုတ္ဆြဲလိုက္ပါ။ app ေလးကိုဖြင့္ျပီးေတာ့ Continue ကို ႏွိပ္လုိက္ပါ။

Android to iOS

၃) Android app မွာ Continue ကို ေရြးလုိက္ျပီးေတာ့ terms and conditions ေလးေတြကို Agree လုပ္လုိက္ပါ။

၄) ေနာက္တစ္ခုမွာေတာ့ Find Your Code message ေလးကို ျမင္ရပါလိမ့္မယ္။ မျမင္ရဘူးဆိုရင္ေတာ့ iPhone Setup လုပ္ေနတာမွန္ရဲ႕လား “Move Data from Android.” ေရြးခဲ့လား ျပန္စစ္ပါ။

၅) ဖုန္းအသစ္ေလးမွာ ဂဏန္းဆယ္လံုး၊ ေျခာက္လံုးကို ေစာင့္္လုိက္ပါ။

၆) Android မွာ ကုဒ္ကိုရုိက္ထည့္ျပီးေတာ့ Transfer Data screen ေလးေပၚအလာကို ေစာင့္လုိက္ပါ။

၇) ေျပာင္းခ်င္တဲ့ဟာေတြကို ေရြးေပးျပီးေတာ့ Next ႏွိပ္ေပးလုိက္ပါ။ Android ကေန iPhone ကို contacts ေတြ ေျပာင္းခ်င္တယ္ဆိုရင္ အဆင္ေျပပါတယ္။ message history ၊ ဓါတ္ပံုနဲ႕ဗြီဒီယိုေတြ၊ web bookmarks, mail accounts, နဲ႕ calendars ေတြလည္း ေရႊ႕လို႕ရပါတယ္။

Note: ဒီလိုလုပ္ေဆာင္ေနစဥ္မွာ iPhone မွာေပၚေနတဲ့ loading bar ျပီးတဲ့အခ်ိန္အထိ ဖုန္းေလးေတြကို ဒီအတုိင္းထားေပးရမွာပါ။ ဘာေတြပဲျပေနေနပါ။ contacts နဲ႕ ေျပာင္းခ်င္တဲ့ဟာေတြြ မ်ားသလားဆိုတာကို မူတည္ျပီးေတာ့ စကၠန္႕ပိုင္းကေန မိနစ္ေတြ၊ နာရီေတြ ၾကာျမင့္ႏိုင္ပါတယ္။

Manual နည္းနဲ႕ေရႊ႕ေျပာင္းျခင္း

Android to iCloud tool ကို အသံုးျပဳျခင္းက iPhone ကို wipe လုပ္ေပးရမွာျဖစ္တဲ့အတြက္ေၾကာင့္ manual လုပ္တာက ပိုေကာင္းပါလိမ့္မယ္။ contact ေတြကိုု အီးေမးလ္၀န္ေဆာင္မႈေတြျဖစ္တဲ့ Google, Microsoft Exchange, or Yahoo မွာ သိမ္းထားျပီးသားလို႕ ယူဆပါတယ္။

Move Contacts Manually

နည္းလမ္းေလးကေတာ့

၁) iOS device က Settings app ကို သြားျပီးေတာ့ Accounts & Passwords > Add Account ကို ေရြးေပးလိုက္ပါ။

၂) email provider ေလးကိုေရြးေပးျပီးေတာ့ username နဲ႕ password ကို ထည့္ေပးလိုက္ပါ။

၃) ေနာက္ဆံုးမွာေတာ့ Contacts ေလးကို on ေပးလုိက္ပါ။

၄) Save ကို ႏွိပ္လုိက္ပါ။

New Email Account

Android ကေန iPhone ကို contacts ေတြ ေရႊ႕ေျပာင္းျခင္း

Android ကေန iPhone ကို contacts ေတြ အလိုအေလ်ာက္ေျပာင္းတာကို အသံုးျပဳသင့္ပါတယ္။ ဒါေပမယ့္လည္း သင့္ရဲ႕ေကာ္နက္ရွင္အေပၚမူတည္ျပီးေတာ့လည္း ခ်ိန္ဆရမွာပါ။ ျမင္တဲ့အတိုင္းပဲ ရိုးရွင္းပါတယ္။

Unicode Version

iPhone X က Face ID feature ကို ကြွေဆင်းသွားလို့ပဲဖြစ်ဖြစ် အနီလေးကို စွဲမက်လို့ပဲဖြစ်ဖြစ်။ အကြောင်းတခုခုကြောင့် iOS ကိုင်တော့မယ်ဆိုကြပါစို့။ ဒါဆိုရင်တော့ သင့်ရဲ့ contact တွေကို Android ကနေ iPhone ကို ပြောင်းဖို့အချိန်ကျပါပြီ။ ဒီလိုရိုးရှင်းတဲ့အလုပ်လေးကို ဘယ်လိုတွေလုပ်ရမှာလဲ ဦးဏှောက်စားနေတဲ့သူတွေအတွက် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
လိုအပ်ချက်များ
Android ကနေ iPhone ကို contact တွေ ပြောင်းချင်တယ်ဆိုရင်တော့ Android version 4.0 နှင့်အထက် ၊ iOS 9 နှင့်အထက် ဟန်းဆက်တွေကို အသုံးပြုနေရမှာပါ။ ဘယ်လိုမျိုးတွေလဲဆိုတော့ iPhone 5 နှင့်အထက် ၊ iPad 4th generation နှင့်အထက် ၊ iPad mini 2nd generation နှင့်အထက် ၊ iPod touch 6th generation တို့ဖြစ်ပါတယ်။
Wi-Fi network အတူတူကို ချိတ်ဆက်ထားရမယ်။ ပြီးတော့ power supply နဲ့လည်း ချိတ်ဆက်ထားပါ။ ပြီးတော့ပြောင်းချင်တဲ့အရာတေါကလည်း ဖုန်းအသစ်နဲ့အဆင်ပြေတာ သေချာပါစေ။
ကဲ ဘယ်လိုတွေပြောင်းကြမလဲဆိုတာ ပြောရအောင်။
Android to iOS device tool ကို အသုံးပြုခြင်း
Android ကနေ iPhone ကို အလွယ်ဆုံးပြောင်းချင်တယ်ဆိုရင်တော့ Apple ကထောက်ပံ့ပေးထားတဲ့ software tool တွေကို အသုံးပြုခြင်းပါပဲ။
၁) iOS လေးကို ပထမဆုံး set up လုပ်တဲ့အချိန်မှာ Apps & Data screen လေးကို စောင့်ကြည့်နေပါ။ Move Data from Android လေးကိုနှိပ်လိုက်ပါ။ iPhone ကို set up လုပ်ပြီးသားဆိုရင်တော့ နောက်တစ်ခါပြန်စဖို့လိုအပ်ပါတယ်။ ဒီလိုလည်းမလုပ်ချင်ဘူးဆိုရင်တော့ အောက်မှာနောက်တစ်နည်းပေးထားပါသေးတယ်။
၂) Android ဖုန်းပေါ်မှာ Move to iOS app လေးကို Google Play store ကနေ ဒေါင်းလုတ်ဆွဲလိုက်ပါ။ app လေးကိုဖွင့်ပြီးတော့ Continue ကို နှိပ်လိုက်ပါ။
၃) Android app မှာ Continue ကို ရွေးလိုက်ပြီးတော့ terms and conditions လေးတွေကို Agree လုပ်လိုက်ပါ။
၄) နောက်တစ်ခုမှာတော့ Find Your Code message လေးကို မြင်ရပါလိမ့်မယ်။ မမြင်ရဘူးဆိုရင်တော့ iPhone Setup လုပ်နေတာမှန်ရဲ့လား “Move Data from Android.” ရွေးခဲ့လား ပြန်စစ်ပါ။
၅) ဖုန်းအသစ်လေးမှာ ဂဏန်းဆယ်လုံး၊ ခြောက်လုံးကို စောင့်လိုက်ပါ။
၆) Android မှာ ကုဒ်ကိုရိုက်ထည့်ပြီးတော့ Transfer Data screen လေးပေါ်အလာကို စောင့်လိုက်ပါ။
၇) ပြောင်းချင်တဲ့ဟာတွေကို ရွေးပေးပြီးတော့ Next နှိပ်ပေးလိုက်ပါ။ Android ကနေ iPhone ကို contacts တွေ ပြောင်းချင်တယ်ဆိုရင် အဆင်ပြေပါတယ်။ message history ၊ ဓါတ်ပုံနဲ့ဗွီဒီယိုတွေ၊ web bookmarks, mail accounts, နဲ့ calendars တွေလည်း ရွှေ့လို့ရပါတယ်။
Note: ဒီလိုလုပ်ဆောင်နေစဉ်မှာ iPhone မှာပေါ်နေတဲ့ loading bar ပြီးတဲ့အချိန်အထိ ဖုန်းလေးတွေကို ဒီအတိုင်းထားပေးရမှာပါ။ ဘာတွေပဲပြနေနေပါ။ contacts နဲ့ ပြောင်းချင်တဲ့ဟာတွေ များသလားဆိုတာကို မူတည်ပြီးတော့ စက္ကန့်ပိုင်းကနေ မိနစ်တွေ၊ နာရီတွေ ကြာမြင့်နိုင်ပါတယ်။
Manual နည်းနဲ့ရွှေ့ပြောင်းခြင်း
Android to iCloud tool ကို အသုံးပြုခြင်းက iPhone ကို wipe လုပ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့် manual လုပ်တာက ပိုကောင်းပါလိမ့်မယ်။ contact တွေကိုု အီးမေးလ်ဝန်ဆောင်မှုတွေဖြစ်တဲ့ Google, Microsoft Exchange, or Yahoo မှာ သိမ်းထားပြီးသားလို့ ယူဆပါတယ်။
နည်းလမ်းလေးကတော့
၁) iOS device က Settings app ကို သွားပြီးတော့ Accounts & Passwords > Add Account ကို ရွေးပေးလိုက်ပါ။
၂) email provider လေးကိုရွေးပေးပြီးတော့ username နဲ့ password ကို ထည့်ပေးလိုက်ပါ။
၃) နောက်ဆုံးမှာတော့ Contacts လေးကို on ပေးလိုက်ပါ။
၄) Save ကို နှိပ်လိုက်ပါ။
Android ကနေ iPhone ကို contacts တွေ ရွှေ့ပြောင်းခြင်း
Android ကနေ iPhone ကို contacts တွေ အလိုအလျောက်ပြောင်းတာကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ကော်နက်ရှင်အပေါ်မူတည်ပြီးတော့လည်း ချိန်ဆရမှာပါ။ မြင်တဲ့အတိုင်းပဲ ရိုးရှင်းပါတယ်။

Leave a Reply