အေနာက္ကင္မရာ သံုးလံုး ပါလာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone

0
1819

အန္းဒရြိဳက္ဖုန္း အခ်ိဳ႕မွာ အေနာက္ကင္မရာ သံုးလံုး တပ္ဆင္ထားလာၾကပါၿပီ။ ဒါေပမယ့္ Apple ကေတာ့ အေနာက္ကင္မရာ သံုးလံုးတပ္ စနစ္ပါတဲ့ အို္င္ဖုန္းကို ဒီႏွစ္ထဲမွာ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ သတင္းတစ္ခုက ဆိုပါတယ္။ လာမယ့္ႏွစ္ထုတ္ အိုင္ဖုန္းမွာမွ အေနာက္ ကင္မရာသံုးလံုးတပ္ဆင္ထားမယ္လို႔ Deutsche Securities မွ ခြဲျခမ္းစိတ္ျဖာသူ Jialin Lu ကေျပာပါတယ္။

Lu က အေနာက္ကင္မရာသံုးလံုးပါတဲ့ အိုင္ဖုန္းဟာ 3D Depth Sensing နဲ႔ Augmented Reality စြမ္းရည္မ်ားမွာ ပိုမို အားေကာင္းလာမယ္လို႔ ေျပာပါတယ္။ ကင္မရာ ႏွစ္လံုးဟာ မတူညီတဲ့ ရႈေထာင့္မ်ားကေန ဓါတ္ပံုမ်ားကို ဖမ္းယူေပးႏုိင္ၿပီး AR စြမ္းရည္ကို ပိုမို တိုးတက္ေစတာ ျဖစ္ပါတယ္။ ဒါ့အျပင္ လာမယ့္နွစ္ထုတ္ အိုင္ဖုန္း ေမာ္ဒယ္တစ္ခုမွာ ဒစ္ဂ်စ္တယ္ေဘာပင္ကိုလည္း အသံုးျပဳႏုိင္မယ္လို႔ သတင္းမ်ား ထြက္ေနပါတယ္။

ယခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မယ့္ iPhone XI နဲ႔ iPhone 9 တို႔အတြက္ A12 Chip ကို အေျမာက္အမ်ား စတင္ ထုတ္လုပ္ေနၿပီလို႔ သတင္းထြက္ေနပါတယ္။ A12 Chipset ဟာ ယခင္မ်ိဳးဆက္မ်ားထက္ ပိုမို အရြယ္ေသးငယ္ၿပီး ပိုမို ျမန္လာပါတယ္။ သူ႔မွာ ထိုင္၀မ္ ကုမၸဏီ TSMC ရဲ႕ 7 Nanometer Design ကို အသုံးျပဳထားတယ္လို႔ Bloomberg က ေျပာပါတယ္။

A12 Chipset ဟာ iPhone X , iPhone 8 , iPhone 8 Plus မ်ားမွာ သံုးထားတဲ့ 10nm A11 Bionic Chip ထက္ စြမ္းအင္ စားသံုးမႈ ပိုမို နည္းပါးလာပါတယ္။ လြန္ခဲ့တဲ့ တစ္နွစ္အၾကာက 12nm ကေန 10nm Chips မ်ားကို အစားထိုးသံုးလာတဲ့ အခါမွာလည္း အျမန္ႏႈန္းနဲ႔ စြမ္းရည္မ်ားဟာ ပိုမို ျမင့္မားလာတာကို ေတြ႕ျမင္ခဲ့ၾကပါတယ္။

အိုင္ဖုန္း အသစ္မ်ားကို စက္တင္ဘာလ၀န္းက်င္မွာ ေၾကညာႏုိင္ပါတယ္။ ဒီႏွစ္မွာ ေၾကညာမယ့္ အိုင္ဖုန္းမ်ားကေတာ့ iPhone XI Plus , iPhone XI နဲ႔ LCD iPhone X တို႔ ျဖစ္ၿပီး LCD Model ကို iPhone 9 လို႔ အမည္ေပးထားႏုိင္ပါတယ္။

unicode

အနောက်ကင်မရာ သုံးလုံး ပါလာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone

အန်းဒရွိုက်ဖုန်း အချို့မှာ အနောက်ကင်မရာ သုံးလုံး တပ်ဆင်ထားလာကြပါပြီ။ ဒါပေမယ့် Apple ကတော့ အနောက်ကင်မရာ သုံးလုံးတပ် စနစ်ပါတဲ့ အိုင်ဖုန်းကို ဒီနှစ်ထဲမှာ ရောင်းချမှာ မဟုတ်ဘူးလို့ သတင်းတစ်ခုက ဆိုပါတယ်။ လာမယ့်နှစ်ထုတ် အိုင်ဖုန်းမှာမှ အနောက် ကင်မရာသုံးလုံးတပ်ဆင်ထားမယ်လို့ Deutsche Securities မှ ခွဲခြမ်းစိတ်ဖြာသူ Jialin Lu ကပြောပါတယ်။

Lu က အနောက်ကင်မရာသုံးလုံးပါတဲ့ အိုင်ဖုန်းဟာ 3D Depth Sensing နဲ့ Augmented Reality စွမ်းရည်များမှာ ပိုမို အားကောင်းလာမယ်လို့ ပြောပါတယ်။ ကင်မရာ နှစ်လုံးဟာ မတူညီတဲ့ ရှုထောင့်များကနေ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပြီး AR စွမ်းရည်ကို ပိုမို တိုးတက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်နှစ်ထုတ် အိုင်ဖုန်း မော်ဒယ်တစ်ခုမှာ ဒစ်ဂျစ်တယ်ဘောပင်ကိုလည်း အသုံးပြုနိုင်မယ်လို့ သတင်းများ ထွက်နေပါတယ်။

ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် iPhone XI နဲ့ iPhone 9 တို့အတွက် A12 Chip ကို အမြောက်အများ စတင် ထုတ်လုပ်နေပြီလို့ သတင်းထွက်နေပါတယ်။ A12 Chipset ဟာ ယခင်မျိုးဆက်များထက် ပိုမို အရွယ်သေးငယ်ပြီး ပိုမို မြန်လာပါတယ်။ သူ့မှာ ထိုင်ဝမ် ကုမ္ပဏီ TSMC ရဲ့ 7 Nanometer Design ကို အသုံးပြုထားတယ်လို့ Bloomberg က ပြောပါတယ်။

A12 Chipset ဟာ iPhone X , iPhone 8 , iPhone 8 Plus များမှာ သုံးထားတဲ့ 10nm A11 Bionic Chip ထက် စွမ်းအင် စားသုံးမှု ပိုမို နည်းပါးလာပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်အကြာက 12nm ကနေ 10nm Chips များကို အစားထိုးသုံးလာတဲ့ အခါမှာလည်း အမြန်နှုန်းနဲ့ စွမ်းရည်များဟာ ပိုမို မြင့်မားလာတာကို တွေ့မြင်ခဲ့ကြပါတယ်။

အိုင်ဖုန်း အသစ်များကို စက်တင်ဘာလဝန်းကျင်မှာ ကြေညာနိုင်ပါတယ်။ ဒီနှစ်မှာ ကြေညာမယ့် အိုင်ဖုန်းများကတော့ iPhone XI Plus , iPhone XI နဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD Model ကို iPhone 9 လို့ အမည်ပေးထားနိုင်ပါတယ်။

Leave a Reply