Xiaomi Mi 8 ရဲ႕ ဘူးခြံ ဓါတ္ပံုေလး ထြက္လာၿပီေနာ္

0
1707

ေမလ ၃၁ ရက္ေန႔မွာ ေၾကညာမယ့္ Xiaomi Mi 8 ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚခဲ့ၿပီးပါၿပီ။ အခုလည္း သူ႔ရဲ႕ ဘူးခြံဓါတ္ပံုမွာ သူ႔ရဲ႕ Specs မ်ားကို ေတြ႕ျမင္လိုက္ရပါၿပီ။ ဘူးခြံမွာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage မ်ားကိုေရးသားထားပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးထဲမွ တစ္လံုးဟာ 20MP လို႔ ေဖာ္ျပထားပါတယ္။ USB Type-C Cable နဲ႔ USB-C to Audio Dongle လည္းပါလာမွာျဖစ္ၿပီး 3.5mm နားၾကပ္ေပါက္ပါမယ္ဆုိတာ ေသခ်ာသြားပါတယ္။

Xiaomi Mi 8 မွာ Qualcomm Snapdragon 845 Chipset ပါမယ္လို႔ စီအီးအိုက အတည္ျပဳထားၿပီး ပါၿပီ။ သူ႔မွာ Apple iPhone X လို 3D Face Scanning နည္းပညာလည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ သူ႔ကို ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ 6GB RAM/64GB Storage ကို ၄၄၀ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ 8GB RAM/128GB Storage ကို ၅၀၀ ေဒၚလာ သတ္မွတ္ထားမွာပါ။

သူ႔မွာ ၆.၀၁ လက္မ မ်က္နွာျပင္ တပ္ဆင္ထားၿပီး Width က်ယ္တဲ့ Notch ပါလာႏုိင္ပါတယ္။ အျခား ကုမၸဏီမ်ားလိုပဲ ေရွာင္မီက အဲဒီ ဖုန္းရဲ႕ ကင္မရာမွာ ဥာဏ္ရည္တု နည္းပညာမ်ား ပါလာမွာပါ။ မတူညီတဲ့ Portrait Mode ၁၂ မ်ိဳးကိုလည္း ကင္္မရာက ဖန္တီးေပးနုိင္ပါတယ္။ Scenes ေပါင္း ၂၀၀ ေက်ာ္ကို ခြဲျခား စိတ္ျဖာႏုိင္ပါတယ္။

Mi 8 ရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ျပသထားတဲ့ ဗီဒီယိုေလး ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ စမတ္ဖုန္းရဲ႕ အိုင္ကြန္မ်ားဟာ Xiaomi MIUI Skin ျဖစ္တဲ့အတြက္ အဲဒီ စမတ္ဖုန္းဟာ Mi 8 ျဖစ္ႏုိင္ပါတယ္။ ဗီဒီယိုမွာ User တစ္ဦးဟာ ဖုန္ုး မ်က္ႏွာျပင္ေပၚကို လက္ျဖင့္ ထိ၍ Unlock ျပဳလုပ္ေနတာကို ျပသထားပါတယ္။ ေရွာင္မီဟာ Mi 7 ကို ေက်ာ္သြားရတဲ့ အေၾကာင္းအရင္းမွာ ၂၀၁၈ ခုႏွစ္ဟာ ေရွာင္မီကို တည္ေထာင္တာ ၈ ႏွစ္ျပည့္ အထိမ္းအမွတ္ ႏွစ္ျဖစ္တဲ့အတြက္ပါ။

unicode

Xiaomi Mi 8 ရဲ့ ဘူးခွံ ဓါတ်ပုံလေး ထွက်လာပြီနော်

မေလ ၃၁ ရက်နေ့မှာ ကြေညာမယ့် Xiaomi Mi 8 ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုလည်း သူ့ရဲ့ ဘူးခွံဓါတ်ပုံမှာ သူ့ရဲ့ Specs များကို တွေ့မြင်လိုက်ရပါပြီ။ ဘူးခွံမှာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage များကိုရေးသားထားပါတယ်။ အနောက်ကင်မရာ နှစ်လုံးထဲမှ တစ်လုံးဟာ 20MP လို့ ဖော်ပြထားပါတယ်။ USB Type-C Cable နဲ့ USB-C to Audio Dongle လည်းပါလာမှာဖြစ်ပြီး 3.5mm နားကြပ်ပေါက်ပါမယ်ဆိုတာ သေချာသွားပါတယ်။

Xiaomi Mi 8 မှာ Qualcomm Snapdragon 845 Chipset ပါမယ်လို့ စီအီးအိုက အတည်ပြုထားပြီး ပါပြီ။ သူ့မှာ Apple iPhone X လို 3D Face Scanning နည်းပညာလည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူ့ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာ သတ်မှတ်ထားမှာပါ။

သူ့မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Width ကျယ်တဲ့ Notch ပါလာနိုင်ပါတယ်။ အခြား ကုမ္ပဏီများလိုပဲ ရှောင်မီက အဲဒီ ဖုန်းရဲ့ ကင်မရာမှာ ဉာဏ်ရည်တု နည်းပညာများ ပါလာမှာပါ။ မတူညီတဲ့ Portrait Mode ၁၂ မျိုးကိုလည်း ကင်မရာက ဖန်တီးပေးနိုင်ပါတယ်။ Scenes ပေါင်း ၂၀၀ ကျော်ကို ခွဲခြား စိတ်ဖြာနိုင်ပါတယ်။

Mi 8 ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပြသထားတဲ့ ဗီဒီယိုလေး ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ စမတ်ဖုန်းရဲ့ အိုင်ကွန်များဟာ Xiaomi MIUI Skin ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းဟာ Mi 8 ဖြစ်နိုင်ပါတယ်။ ဗီဒီယိုမှာ User တစ်ဦးဟာ ဖုန်ုး မျက်နှာပြင်ပေါ်ကို လက်ဖြင့် ထိ၍ Unlock ပြုလုပ်နေတာကို ပြသထားပါတယ်။ ရှောင်မီဟာ Mi 7 ကို ကျော်သွားရတဲ့ အကြောင်းအရင်းမှာ ၂၀၁၈ ခုနှစ်ဟာ ရှောင်မီကို တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် နှစ်ဖြစ်တဲ့အတွက်ပါ။

Leave a Reply