OnePlus 6 ထက္ ေစ်းသက္သာမယ့္ Xiaomi Mi 8

0
1674

လာမယ့္ ၃၁ ရက္မွာ ေၾကညာမယ့္ Xiaomi Mi 8 ကို ေမာ္ဒယ္ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာပါ။ 6GB RAM/64GB Storage ကို ၄၄၀ ေဒၚလာနဲ႔ စြမ္းရည္ျမင့္ 8GB RAM/128GB Storage ကို ၅၀၀ ေဒၚလာျဖင့္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ ဒီသတင္းသာ မွန္မယ္ဆိုရင္ Mi 8 ရဲ႕ တန္ဖိုးအနည္းဆံုးေမာ္ဒယ္ ဟာ OnePlus 6 ထက္ ၉၀ ေဒၚလာ သက္သာမွာပါ။ လက္ရွိမွာ တန္ဖိုးအနည္းဆံုး စြမ္းရည္ျမင့္ ဖုန္း ဘြဲ႕ကို ရယူထားတဲ့ OnePlus 6 ဟာ လာမယ့္ ရက္ပိုင္းအတြင္းမွာ နန္းခ်ခံရေတာ့မွာပါ။

Mi 8 ရဲ႕ ဘူးခြံ ဓါတ္ပံုေလး ၿပီးခဲ့တဲ့ ရက္က ထြက္ေပၚခဲ့ဖူးပါတယ္။ ဘူးခြံမွာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage မ်ားကိုေရးသားထားပါတယ္။ အေနာက္ကင္မရာ ႏွစ္လံုးထဲမွ တစ္လံုးဟာ 20MP လို႔ ေဖာ္ျပထားပါတယ္။ USB Type-C Cable နဲ႔ USB-C to Audio Dongle လည္းပါလာမွာျဖစ္ၿပီး 3.5mm နားၾကပ္ေပါက္ပါမယ္ဆုိတာ ေသခ်ာသြားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းမွာလည္း Qualcomm က သူ႔မွာ Quick Charge 4.0+ ထည့္သြင္းထားမယ္လို႔ အတည္ျပဳထားပါတယ္။ ဒါဟာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ လွ်င္ျမန္စြာ အားသြင္းႏိုင္တဲ့ နည္းပညာ ျဖစ္ပါတယ္။ သူ႔မွာ ၆.၀၁ လက္မ မ်က္နွာျပင္ တပ္ဆင္ထားၿပီး Width က်ယ္တဲ့ Notch ပါလာႏုိင္ပါတယ္။ အျခား ကုမၸဏီမ်ားလိုပဲ ေရွာင္မီက အဲဒီ ဖုန္းရဲ႕ ကင္မရာမွာ ဥာဏ္ရည္တု နည္းပညာမ်ား ပါလာမွာပါ။

Xiaomi Mi 8 မွာ Qualcomm Snapdragon 845 Chipset ပါမယ္လို႔ စီအီးအိုက အတည္ျပဳထားၿပီး ပါၿပီ။ သူ႔မွာ Apple iPhone X လို 3D Face Scanning နည္းပညာလည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Mi 8 ရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ျပသထားတဲ့ ဗီဒီယိုေလး ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ စမတ္ဖုန္းရဲ႕ အိုင္ကြန္မ်ားဟာ Xiaomi MIUI Skin ျဖစ္တဲ့အတြက္ အဲဒီ စမတ္ဖုန္းဟာ Mi 8 ျဖစ္ႏုိင္ပါတယ္။ ဗီဒီယိုမွာ User တစ္ဦးဟာ ဖုန္ုး မ်က္ႏွာျပင္ေပၚကို လက္ျဖင့္ ထိ၍ Unlock ျပဳလုပ္ေနတာကို ျပသထားပါတယ္။ ေရွာင္မီဟာ Mi 7 ကို ေက်ာ္သြားရတဲ့ အေၾကာင္းအရင္းမွာ ၂၀၁၈ ခုႏွစ္ဟာ ေရွာင္မီကို တည္ေထာင္တာ ၈ ႏွစ္ျပည့္ အထိမ္းအမွတ္ ႏွစ္ျဖစ္တဲ့အတြက္ပါ။

unicode

OnePlus 6 ထက် ဈေးသက်သာမယ့် Xiaomi Mi 8

လာမယ့် ၃၁ ရက်မှာ ကြေညာမယ့် Xiaomi Mi 8 ကို မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားမှာပါ။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာဖြင့် ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Mi 8 ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ် ဟာ OnePlus 6 ထက် ၉၀ ဒေါ်လာ သက်သာမှာပါ။ လက်ရှိမှာ တန်ဖိုးအနည်းဆုံး စွမ်းရည်မြင့် ဖုန်း ဘွဲ့ကို ရယူထားတဲ့ OnePlus 6 ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ နန်းချခံရတော့မှာပါ။

Mi 8 ရဲ့ ဘူးခွံ ဓါတ်ပုံလေး ပြီးခဲ့တဲ့ ရက်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘူးခွံမှာ Qualcomm Snapdragon 845 SoC, 6GB RAM , 64GB Storage များကိုရေးသားထားပါတယ်။ အနောက်ကင်မရာ နှစ်လုံးထဲမှ တစ်လုံးဟာ 20MP လို့ ဖော်ပြထားပါတယ်။ USB Type-C Cable နဲ့ USB-C to Audio Dongle လည်းပါလာမှာဖြစ်ပြီး 3.5mm နားကြပ်ပေါက်ပါမယ်ဆိုတာ သေချာသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း Qualcomm က သူ့မှာ Quick Charge 4.0+ ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ ဒါဟာ Qualcomm ရဲ့ နောက်ဆုံးထုတ် လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ သူ့မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Width ကျယ်တဲ့ Notch ပါလာနိုင်ပါတယ်။ အခြား ကုမ္ပဏီများလိုပဲ ရှောင်မီက အဲဒီ ဖုန်းရဲ့ ကင်မရာမှာ ဉာဏ်ရည်တု နည်းပညာများ ပါလာမှာပါ။

Xiaomi Mi 8 မှာ Qualcomm Snapdragon 845 Chipset ပါမယ်လို့ စီအီးအိုက အတည်ပြုထားပြီး ပါပြီ။ သူ့မှာ Apple iPhone X လို 3D Face Scanning နည်းပညာလည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Mi 8 ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပြသထားတဲ့ ဗီဒီယိုလေး ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ စမတ်ဖုန်းရဲ့ အိုင်ကွန်များဟာ Xiaomi MIUI Skin ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းဟာ Mi 8 ဖြစ်နိုင်ပါတယ်။ ဗီဒီယိုမှာ User တစ်ဦးဟာ ဖုန်ုး မျက်နှာပြင်ပေါ်ကို လက်ဖြင့် ထိ၍ Unlock ပြုလုပ်နေတာကို ပြသထားပါတယ်။ ရှောင်မီဟာ Mi 7 ကို ကျော်သွားရတဲ့ အကြောင်းအရင်းမှာ ၂၀၁၈ ခုနှစ်ဟာ ရှောင်မီကို တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် နှစ်ဖြစ်တဲ့အတွက်ပါ။

Leave a Reply