Galaxy Note 9 ဟာ OnePlus 6 ဖုန်းထက်ပိုမိုမြန်ဆန်သွက်လက်လာနိုင်မလား

0
1673





Unicode

Samsung အနေနဲ့ ၂၀၁၈အတွင်းမှာ ကုမ္ပဏီရဲ့ ဒုတိယ flagship စမတ်ဖုန်းတစ်လုံးကို ထပ်မံထုတ်လုပ်ဖို့ ရှိနေပါသေးတယ်။ သူကတော့ Galaxy Note 9 ဖြစ်ပြီး ဇူလိုင်လကုန်လောက်မှာ ထွက်ရှိလာနိုင်ပါတယ်။ Galaxy Note 8 ကိုသြဂုတ်23ရက်နေ့မှာ မိတ်ဆက်ခဲ့တာကြောင့် ယခုနှစ်အတွင်းမှာတော့ အနည်းငယ်စောပြီး မိတ်ဆက်နိုင်ပါတယ်။

မနေ့က Geekbench မှ သတင်းများအရလည်း သူ့မှာ Exynos 9810 CPU နဲ့ 6GB RAM ပါလာမယ်လို့ သိရပါတယ်။ ဖုန်းဟာ ပရိုဆက်ဆာ ၂မျိုးနဲ့ထွက်လာမှာ ဖြစ်ပြီး Snapdragon 845 နဲ့  Exynos 9810 တို့ဖြစ်မှာပါ။တရုတ်နဲ့အခြားဈေးကွက်အတွက်တော့  Exynos 9810 ဗားရှင်းဖြန့်ချိနိုင်ပြီး၊ US နဲ့ထိပ်တန်းဈေးကွက်တွေ အတွက်ကိုတော့ Snapdragon 845 ကိုသုံးလာနိုင်ပါတယ်။ သူ့မှာ  notch မပါဝင်တဲ့ 6.38in display ကိုသုံးရမှာဖြစ်ပြီး၊ နည်းပညာထုတ်လုပ်မှု အပိုင်းမှာအချိန်သာ မှီခဲ့မယ်ဆိုရင် in-screen fingerprint scanner ကိုပါအသုံးပြုရနိုင်ပါတယ်။ 8GB RAM နဲ့ 512GB storage သုံးလာမယ့်ဖုန်းဟာ သီးသန့်ဗားရှင်းဖြစ်လာပါလိမ့်မယ်။

Galaxy Note 9 ဟာ ဆမ်ဆောင်းရဲ့ ထိပ်တန်း စမတ်ဖုန်းလို့သတ်မှတ်နိုင်မှာ ကြောင့်သူ့မှာ OnePlus 6 ထက်ပိုမိုမြန်ဆန်တဲ့ စွမ်းဆောင်မှုကို ပေးစွမ်းလာနိုင်မလားဆိုတာ စဉ်းစားစရာပါ။ ဘာကြောင့်လဲဆိုရင် အစောပိုင်းတုန်းက ထွက်ထားတဲ့ Exynos  9810 နဲ့ Snapdragon 845 တို့ရဲ့ benchmark သတ်မှတ်ချက်တွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ Exynos ကပိုမို သွက်လက်နေတယ်ဆိုတဲ့ ပုံစံကိုတွေ့ခဲ့ရပါတယ်။ Exynos 9810 ရဲ့ single နဲ့  multi-core စမ်းသပ်ချက်ဟာ 2737 နဲ့ 9064 တို့ရရှိနေပြီး၊Snapdragon 845 ရဲ့ single နဲ့  multi-core စမ်းသပ်ချက်မှာတော့2411 နဲ့ 8712 သာရရှိထားတာကြောင့် Exynos  ကသာပိုသာနေသလို ရှိနေပါတယ်။ OnePlus 6 ရဲ့ Geekbench စမ်းသပ်ချက်တွေကတော့ 2474 နဲ့ 9082  score တွေရရှိထားပါတယ်။ နောက်ထွက်မယ့် စမတ်ဖုန်းကတော့ပိုအားသာတတ်ပါတယ်။

Leave a Reply