design patent ခ်ိဳးေဖာက္မႈအတြက္ Apple နဲ႕ Samsung တရားစြဲဆိုမႈရဲ႕ ရလဒ္ထြက္ေပၚလာ

0
1876

Zawgyi Version

ဒါဟာ အျပီးသတ္ျဖစ္ေလာက္ပါတယ္။ တကယ္ေတာ့ မဟုတ္ေလာက္ေသးပါဘူး။ ဘယ္ေတာ့မွအဆံုးမသတ္ႏုိင္တဲ့ နည္းပညာ patent အေၾကာင္းအရာနဲ႕ တူေနပါတယ္။ Apple က ထိခိုက္ဆံုးရွဳံးမႈအတြက္ Samsung ဆီကေန ေလ်ာ္ေၾကးရပါတယ္။ Apple ရဲ႕စြဲခ်က္ကေတာ့ Samsung က သူ႕ရဲ႕ patent တင္ထားတဲ့ဒီဇုိင္းကို လြန္ခဲ့တဲ့ဖုန္းမ်ိဳးဆက္ေတြမွာ အသံုးျပဳခဲ့ပါတယ္။ ဒါေၾကာင့္ တရားရံုးက Apple အတြက္ ေဒၚလာ၅၃၉သန္း ေလ်ာ္ေၾကးေပးဖို႕ ခ်မွတ္လိုက္ပါတယ္။ ထိခိုက္နစ္နာမႈက ေဒၚလာ၅၃၃.၃သန္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း လုပ္ပိုင္ခြင့္အတြက္ ထပ္ေဆာင္းအေနနဲ႕ ေဒၚလာ၅.၃သန္းကို ထပ္မံေပးအပ္ခဲ့တာပါ။

Apple ရဲ႕ ေျပာဆိုခ်က္ကေတာ့ ရွင္းပါတယ္။

“ဒါဟာ Samsung က ကၽြန္ေတာ္တို႕ဒီဇုိင္းကို ေကာ္ပီကူးခ်ထားတာပါ။”

“တရားသူၾကီးေတြကို သူတို႕ရဲ႕လုပ္ရပ္အတြက္ ေက်းဇူးတင္မိပါတယ္။ Samsung အေနနဲ႕ ကၽြန္ေတာ္တိို႕ထုတ္ကုန္ေတြကို ေကာ္ပီကူးတဲ့အတြက္ ဒဏ္ေၾကးေပးသင့္တယ္လို႕ သေဘာတူခဲ့တဲ့အတြက္ေပါ့”

— Mark Gurman (@markgurman) May 24, 2018

ဒီလိုျဖစ္ေနတာကေတာ့ ၂၀၁၁ ကတည္းကပါ။ တခ်ိဳကကေတာ့ Samsung ကခ်ိဳးေဖာက္တယ္ဆိုျပီးေတာ့ တရားရံုးကဆံုးျဖတ္ခဲ့တာကို ေမ့ေနၾကေလာက္ပါျပီ။ ဒါေပမယ့္လည္း ျဖစ္ပ်က္ခဲ့တဲ့ႏွစ္ဦးကေတာ့ မေမ့ႏုိင္ၾကပါဘူး။ ဆက္လက္တိုက္ပြဲ၀င္ေနၾကဆဲပါပဲ။ Apple က Samsung ကို ေဒၚလာ၁သန္းေပးရမွာက စပါတယ္။ ဒါေပမယ့္လည္း တရားစြဲဆိုမႈေတြလုပ္ရင္းနဲ႕ patent ခ်ိဳးေဖာက္မႈေတြျဖစ္လာျပီးေတာ့ အခုဆိုရင္ Apple က ေဒၚလာ၅၃၉သန္း ရသြားခဲ့တယ္။

Apple က တကယ္ေတာ့ ၂၀၁၇ ႏို၀င္ဘာလမွာတုန္းက ေဒၚလာသန္း၁၂၀ ရခဲ့ပါတယ္။ slide-to-unlock ဆိုတာေလးကို ဖုန္းေတြမွာ အသံုးျပဳခဲ့လို႕ပါတဲ့။ ဒီလိုဆံုးျဖတ္ခ်က္မခ်ႏိုင္ခင္မွာလည္း အခ်ိန္အၾကာၾကီး တရားရံုးမွာ စစ္ေဆးခဲ့ပါျပီ။ Apple-Samsung patent တရားစြဲဆိုမႈဟာ ကၽြန္ေတာ္တို႕အတြက္ ဒါက ေနာက္ဆံုးမျဖစ္ေလာက္ေသးပါဘူး။ ထုတ္ကုန္အေဟာင္းေတြကိုပဲ တရားစြဲမလား၊ အသစ္ေတြေပၚလာမလား တစ္ခုခုပါပဲ။ စမတ္ဖုန္းေစ်းကြက္မွာ ဦးေဆာင္ေနသူေတြရဲ႕ patent တိုက္ပြဲကို ဆက္လက္ရင္ခုန္ၾကရမွာပါပဲ။

Unicode Version

ဒါဟာ အပြီးသတ်ဖြစ်လောက်ပါတယ်။ တကယ်တော့ မဟုတ်လောက်သေးပါဘူး။ ဘယ်တော့မှအဆုံးမသတ်နိုင်တဲ့ နည်းပညာ patent အကြောင်းအရာနဲ့ တူနေပါတယ်။ Apple က ထိခိုက်ဆုံးရှုံးမှုအတွက် Samsung ဆီကနေ လျော်ကြေးရပါတယ်။ Apple ရဲ့စွဲချက်ကတော့ Samsung က သူ့ရဲ့ patent တင်ထားတဲ့ဒီဇိုင်းကို လွန်ခဲ့တဲ့ဖုန်းမျိုးဆက်တွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် တရားရုံးက Apple အတွက် ဒေါ်လာ၅၃၉သန်း လျော်ကြေးပေးဖို့ ချမှတ်လိုက်ပါတယ်။ ထိခိုက်နစ်နာမှုက ဒေါ်လာ၅၃၃.၃သန်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုပ်ပိုင်ခွင့်အတွက် ထပ်ဆောင်းအနေနဲ့ ဒေါ်လာ၅.၃သန်းကို ထပ်မံပေးအပ်ခဲ့တာပါ။
Apple ရဲ့ ပြောဆိုချက်ကတော့ ရှင်းပါတယ်။
“ဒါဟာ Samsung က ကျွန်တော်တို့ဒီဇိုင်းကို ကော်ပီကူးချထားတာပါ။”
“တရားသူကြီးတွေကို သူတို့ရဲ့လုပ်ရပ်အတွက် ကျေးဇူးတင်မိပါတယ်။ Samsung အနေနဲ့ ကျွန်တော်တို့ထုတ်ကုန်တွေကို ကော်ပီကူးတဲ့အတွက် ဒဏ်ကြေးပေးသင့်တယ်လို့ သဘောတူခဲ့တဲ့အတွက်ပေါ့”
— Mark Gurman (@markgurman) May 24, 2018
ဒီလိုဖြစ်နေတာကတော့ ၂၀၁၁ ကတည်းကပါ။ တချိုကကတော့ Samsung ကချိုးဖောက်တယ်ဆိုပြီးတော့ တရားရုံးကဆုံးဖြတ်ခဲ့တာကို မေ့နေကြလောက်ပါပြီ။ ဒါပေမယ့်လည်း ဖြစ်ပျက်ခဲ့တဲ့နှစ်ဦးကတော့ မမေ့နိုင်ကြပါဘူး။ ဆက်လက်တိုက်ပွဲဝင်နေကြဆဲပါပဲ။ Apple က Samsung ကို ဒေါ်လာ၁သန်းပေးရမှာက စပါတယ်။ ဒါပေမယ့်လည်း တရားစွဲဆိုမှုတွေလုပ်ရင်းနဲ့ patent ချိုးဖောက်မှုတွေဖြစ်လာပြီးတော့ အခုဆိုရင် Apple က ဒေါ်လာ၅၃၉သန်း ရသွားခဲ့တယ်။
Apple က တကယ်တော့ ၂၀၁၇ နိုဝင်ဘာလမှာတုန်းက ဒေါ်လာသန်း၁၂၀ ရခဲ့ပါတယ်။ slide-to-unlock ဆိုတာလေးကို ဖုန်းတွေမှာ အသုံးပြုခဲ့လို့ပါတဲ့။ ဒီလိုဆုံးဖြတ်ချက်မချနိုင်ခင်မှာလည်း အချိန်အကြာကြီး တရားရုံးမှာ စစ်ဆေးခဲ့ပါပြီ။ Apple-Samsung patent တရားစွဲဆိုမှုဟာ ကျွန်တော်တို့အတွက် ဒါက နောက်ဆုံးမဖြစ်လောက်သေးပါဘူး။ ထုတ်ကုန်အဟောင်းတွေကိုပဲ တရားစွဲမလား၊ အသစ်တွေပေါ်လာမလား တစ်ခုခုပါပဲ။ စမတ်ဖုန်းဈေးကွက်မှာ ဦးဆောင်နေသူတွေရဲ့ patent တိုက်ပွဲကို ဆက်လက်ရင်ခုန်ကြရမှာပါပဲ။

Leave a Reply