Amazon Echo ရဲ႕ ေရာင္းအားကို ေက်ာ္တက္သြားတဲ့ Google Home

0
1574

စမတ္ စပီကာ ေစ်းကြက္မွာေတာ့ Amazon , Google , Apple , Sono , Xiaomi တို႔ အၿပိဳင္ၾကဲေနၾကပါတယ္။ Amazon ကေတာ့ စမတ္ စပီကာ နယ္ပယ္ကို အေစာဆံုး ေျခခ်လာခဲ့ၿပီး ေစ်းကြက္ကိုလည္း သူကပဲ ေတာက္ေလွ်ာက္ အုပ္စိုးလာခဲ့ပါတယ္။ အခုေတာ့ Google Home စမတ္ စပီကာမ်ားဟာ ပထမဆံုးအႀကိမ္ အေနနဲ႔ Amazon Echo ကို ေက်ာ္တက္သြားပါၿပီ။

၂၀၁၈ ခုႏွစ္ရဲ႕ ပထမကြာတားျဖစ္တဲ့ ဇန္န၀ါရီလနဲ႔ မတ္လအၾကားမွာ Google Home Smart Speaker အလံုးေရ ၃.၁ သန္းေက်ာ္ကို ေရာင္းခ်ခဲ့ရပါတယ္။ Amazon Echo Speaker မ်ားကေတာ့ ၂.၅ သန္းသာ ေရာင္းခ်ခဲ့ရပါတယ္။ ၂၀၁၇ ခုႏွစ္ အစပိုင္းကတည္းက အေမဇုန္ဟာ ကြာတားတိုင္းမွာ Google ထက္ ေရာင္းအား ေကာင္းခဲ့တယ္လို႔ Canalys ရဲ႕ စစ္တမ္းက ေဖာ္ျပထားပါတယ္။

ေရွာင္မီက တရုတ္ႏုိင္ငံမွာ Xiao AI စမတ္ စပီကာ အလံုးေရ ၆၀၀ ၀၀၀ ေက်ာ္ကို ယခုႏွစ္ ပထမကြာတားမွာ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ အလီဘာဘာကေတာ့ သူ႔ရဲ႕ မိခင္ႏိုင္ငံမွာ ယခုႏွစ္ ပထမကြာတားတြင္ ေရာင္းအားအေကာင္းဆံုး ျဖစ္ေနၿပီး အလံုးေရ ၁.၁ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

အေမရိကန္ တစ္ႏိုင္ငံထဲမွာ ယခုႏွစ္ ပထမ ကြာတားတြင္ စမတ္ စပီကာ အလံုးေရ ၄.၁ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ဒုတိယနဲ႔ တတိယ ေရာင္းအား အေကာင္းဆံုး ႏုိင္ငံမ်ားကေတာ့ တရုတ္နဲ႔ ေတာင္ကိုရီးယားတို႔႕ ျဖစ္ပါတယ္။ စမတ္ စပီကာ ေစ်းကြက္ဟာ အရွိန္အဟုတ္ျဖင့္ တိုးတက္လာေနၿပီး တစ္နွစ္ထက္ တစ္ႏွစ္ ေရာင္းအားကလည္း ၂၁၀ ရာခုိင္ႏႈန္းအထိ တိုးတက္ေနပါတယ္။

unicode

Amazon Echo ရဲ့ ရောင်းအားကို ကျော်တက်သွားတဲ့ Google Home

စမတ် စပီကာ ဈေးကွက်မှာတော့ Amazon , Google , Apple , Sono , Xiaomi တို့ အပြိုင်ကြဲနေကြပါတယ်။ Amazon ကတော့ စမတ် စပီကာ နယ်ပယ်ကို အစောဆုံး ခြေချလာခဲ့ပြီး ဈေးကွက်ကိုလည်း သူကပဲ တောက်လျှောက် အုပ်စိုးလာခဲ့ပါတယ်။ အခုတော့ Google Home စမတ် စပီကာများဟာ ပထမဆုံးအကြိမ် အနေနဲ့ Amazon Echo ကို ကျော်တက်သွားပါပြီ။

၂၀၁၈ ခုနှစ်ရဲ့ ပထမကွာတားဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအကြားမှာ Google Home Smart Speaker အလုံးရေ ၃.၁ သန်းကျော်ကို ရောင်းချခဲ့ရပါတယ်။ Amazon Echo Speaker များကတော့ ၂.၅ သန်းသာ ရောင်းချခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် အစပိုင်းကတည်းက အမေဇုန်ဟာ ကွာတားတိုင်းမှာ Google ထက် ရောင်းအား ကောင်းခဲ့တယ်လို့ Canalys ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

ရှောင်မီက တရုတ်နိုင်ငံမှာ Xiao AI စမတ် စပီကာ အလုံးရေ ၆၀၀ ၀၀၀ ကျော်ကို ယခုနှစ် ပထမကွာတားမှာ ရောင်းချနိုင်ခဲ့ပါတယ်။ အလီဘာဘာကတော့ သူ့ရဲ့ မိခင်နိုင်ငံမှာ ယခုနှစ် ပထမကွာတားတွင် ရောင်းအားအကောင်းဆုံး ဖြစ်နေပြီး အလုံးရေ ၁.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

အမေရိကန် တစ်နိုင်ငံထဲမှာ ယခုနှစ် ပထမ ကွာတားတွင် စမတ် စပီကာ အလုံးရေ ၄.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယ ရောင်းအား အကောင်းဆုံး နိုင်ငံများကတော့ တရုတ်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ပါတယ်။ စမတ် စပီကာ ဈေးကွက်ဟာ အရှိန်အဟုတ်ဖြင့် တိုးတက်လာနေပြီး တစ်နှစ်ထက် တစ်နှစ် ရောင်းအားကလည်း ၂၁၀ ရာခိုင်နှုန်းအထိ တိုးတက်နေပါတယ်။

Leave a Reply