8GB/512GB Model ပါလာမယ့္ Samsung Galaxy Note 9

0
1829

ထြက္ေပၚလာတဲ့ သတင္းတစ္ပုဒ္အရ ဆမ္ေဆာင္းဟာ Galaxy Note 9 အတြက္ 8GB RAM / 512GB Storage Model ကိုပါ ထုတ္လုပ္ေရာင္းခ်မယ္လို႔ သိရပါတယ္။ ဒီသတင္းကို ဆမ္ေဆာင္းရဲ႕ ထုတ္ကုန္ သတင္းမ်ားကို ႀကိဳတင္ဖြင့္ခ်ရာမွာ မွန္ကန္ေလ့ရွိတဲ့ Ice Universe က ေျပာတာ ျဖစ္ပါတယ္။ အရင္တုန္းကေတာ့ 6GB RAM ပါၿပီး 64/128/256GB Storage မ်ား ေရြးခ်ယ္ႏုိင္မယ္လို႔ သတင္းထြက္ထားပါတယ္။

ယခင္ေပါက္ၾကားထြက္ေပၚခဲ့ဖူးတဲ့ သတင္းမ်ားအရ Note 9 မွာ အရြယ္ႀကီး ၆.၄ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာပါ။ အဲဒီအတြက္ Note 8 ထက္ မ်က္ႏွာျပင္မွာ အနည္းငယ္ ပိုမိုႀကီးမားလာပါတယ္။ Aspect Ratio ကေတာ့ တူညီမယ္လို႔ သိရပါတယ္။ Note 9 န ဲ႔ S9+ ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားဟာ သိပ္မကြာေတာ့ပါဘူး။

ဘက္ထရီ အပိုင္းမွာလည္း Note 9 ဟာ Note 8 ထက္ ပိုမို ႀကီးမားလာမယ္လို႔ သိရပါတယ္။ Note 8 မွာ 3300mAh Battery ထည့္သြင္းေပးထားၿပီး Note 9 မွာ 3850mAh ကေန 4000mAh Battery အထိ အဆင့္ျမွင့္ထားေပးႏုိင္ပါတယ္။ Snapdragon 845 ပါတဲ့ Note 9 ရဲ႕ သတင္းအလက္မ်ားဟာ ဖုန္းမ်ားရဲ႕ စြမ္းေဆာင္ရည္ကို စမ္းသပ္တဲ့ Geekbench ၀က္ဆိုက္ကေန ယခင္က ေပၚထြက္ခဲ့ဖူးပါတယ္။

KGI Securities မွ ခြဲျခမ္းစိ္တ္ျဖာသူ တစ္ဦးက မ်က္ႏွာျပင္ေအာက္ လက္ေဗြရာအာရံုခံ ကိရိယာ ျမွပ္ႏွံတဲ့ နည္းပညာကို Samsung Galaxy Note 9 မွာ ပါမယ္လို႔လည္း ခန္႔မွန္းထားဖူးပါတယ္။ သူ႔မွာ iPhone X မွာလို အဆင့္ျမင့္ မ်က္ႏွာ အာရံုခံ နည္းပညာပါလာမလားဆိုတာ မသိရေသးပါဘူး။

Samsung က ယခုႏွစ္ ဒုတိယ ႏွစ္၀က္မွာ Galaxy Note 9 ကို ေၾကညာမွာ ျဖစ္ပါတယ္။ Samsung က ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ Bixby ကို သူ႔ရဲ႕ စမတ္ဖုန္းမ်ားမွာ ထည့္သြင္းေပးထားပါတယ္။ အခုေတာ့ Bixby Version 2.0 ကို Galaxy Note 9 မွာ ထည့္သြင္းေပးမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဗားရွင္း အသစ္မွာ ဗားရွင္း အေဟာင္းထက္ လူေတြရဲ႕ ဘာသာစကားကို ပိုမိုနားလည္လာမွာျဖစ္ၿပီး လုပ္ေဆာင္ခ်က္မ်ား ပိုမ်ားလာပါတယ္။ တုန္႔ျပန္မႈလည္း ပိုျမန္လာၿပီး အသံဆူညံတဲ့ ေနရာမ်ားမွာေတာင္ သခင္ေျပာတာကို နားလည္ပါတယ္။

unicode

8GB/512GB Model ပါလာမယ့် Samsung Galaxy Note 9

ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်အရ ဆမ်ဆောင်းဟာ Galaxy Note 9 အတွက် 8GB RAM / 512GB Storage Model ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ ဒီသတင်းကို ဆမ်ဆောင်းရဲ့ ထုတ်ကုန် သတင်းများကို ကြိုတင်ဖွင့်ချရာမှာ မှန်ကန်လေ့ရှိတဲ့ Ice Universe က ပြောတာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ 6GB RAM ပါပြီး 64/128/256GB Storage များ ရွေးချယ်နိုင်မယ်လို့ သတင်းထွက်ထားပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ Note 9 မှာ အရွယ်ကြီး ၆.၄ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာပါ။ အဲဒီအတွက် Note 8 ထက် မျက်နှာပြင်မှာ အနည်းငယ် ပိုမိုကြီးမားလာပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ Note 9 န ဲ့ S9+ ရဲ့ မျက်နှာပြင် အရွယ်အစားဟာ သိပ်မကွာတော့ပါဘူး။

ဘက်ထရီ အပိုင်းမှာလည်း Note 9 ဟာ Note 8 ထက် ပိုမို ကြီးမားလာမယ်လို့ သိရပါတယ်။ Note 8 မှာ 3300mAh Battery ထည့်သွင်းပေးထားပြီး Note 9 မှာ 3850mAh ကနေ 4000mAh Battery အထိ အဆင့်မြှင့်ထားပေးနိုင်ပါတယ်။ Snapdragon 845 ပါတဲ့ Note 9 ရဲ့ သတင်းအလက်များဟာ ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ Geekbench ဝက်ဆိုက်ကနေ ယခင်က ပေါ်ထွက်ခဲ့ဖူးပါတယ်။

KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ တစ်ဦးက မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို Samsung Galaxy Note 9 မှာ ပါမယ်လို့လည်း ခန့်မှန်းထားဖူးပါတယ်။ သူ့မှာ iPhone X မှာလို အဆင့်မြင့် မျက်နှာ အာရုံခံ နည်းပညာပါလာမလားဆိုတာ မသိရသေးပါဘူး။

Samsung က ယခုနှစ် ဒုတိယ နှစ်ဝက်မှာ Galaxy Note 9 ကို ကြေညာမှာ ဖြစ်ပါတယ်။ Samsung က ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ကို သူ့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ အခုတော့ Bixby Version 2.0 ကို Galaxy Note 9 မှာ ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဗားရှင်း အသစ်မှာ ဗားရှင်း အဟောင်းထက် လူတွေရဲ့ ဘာသာစကားကို ပိုမိုနားလည်လာမှာဖြစ်ပြီး လုပ်ဆောင်ချက်များ ပိုများလာပါတယ်။ တုန့်ပြန်မှုလည်း ပိုမြန်လာပြီး အသံဆူညံတဲ့ နေရာများမှာတောင် သခင်ပြောတာကို နားလည်ပါတယ်။

Leave a Reply