ေမာင္းသူမဲ့ဘုတ္ေတြကိုအသံုးျပဳျပီး တံတားတည္ေဆာက္မည္

0
1601

Zawgyi Version

ဒါဟာ အနာဂတ္ရဲ႕ေရေၾကာင္းပို႕ေဆာင္ေရးေတြ ျဖစ္လာႏုိင္ပါတယ္

3D printing ရဲ႕ေက်းဇူးနဲ႕ ဖန္တီးထားတဲ့လက္တုေတြ၊ ေပါ့ပါးတဲ့ EV အစိတ္အပိုင္းေတြနဲ႕အတူ အာကာသယာဥ္ေတြကိုေတာင္မွ ကုန္က်စရိတ္နည္းနည္းနဲ႕ လုပ္ေဆာင္လာႏုိင္ပါတယ္။ ဒါေတြေၾကာင့္ MIT ရဲ႕ Computer Science and Artificial Intelligence Laboratory (CSAIL) မွ သုေတသီေတြကို တည္ေဆာက္ဖို႕ တြန္းအားေပးခဲ့သလိုျဖစ္ခဲ့တယ္။ သူတုိ႕ဟာ ေမာင္းသူမဲ့ဘုတ္ေတြကို တည္္ေဆာက္ခဲ့ၾကတယ္။ ဒါဟာ အနာဂတ္ေမာင္းသူမဲ့ ပုိ႕ေဆာင္ေရးရဲ႕ တေစ့တေစာင္းပံုရိပ္ျဖစ္လာပါတယ္။

ပံုမွန္ဘုတ္ေတြနဲ႕ မတူတာကေတာ့ ဒီ3D-printed ဘုတ္ေလးေတြက ေလးေထာင့္ပံုစံရွိပါတယ္။ ေဘးဘက္ေတြကိုေရြ႕လ်ားႏုိင္တဲ့ဒီဇုိင္း၊ အျခား၀တၳဳေတြနဲ႕ တြယ္ကပ္ႏုိင္တဲ့ဒီဇုိင္းရွိျပီးေတာ့ ေပါေလာေမ်ာေနတဲ့တံတားေတြအျဖစ္ တပ္ဆင္လာႏုိင္ပါတယ္။ ဒါမွမဟုတ္လည္း ေရေပၚဂီတပြဲေတြနဲ႕ မိုဘိုင္းလ္အစားအေသာက္ေစ်းအျဖစ္္လည္း အသံုးျပဳႏုိင္ပါတယ္။ ဒီလိုျဖစ္လာဖို႕အတြက္ သုေတသီေတြက ေလးေထာင့္ပံုစံအျဖစ္နဲ႕ ထုတ္လုပ္ခဲ့ျပီးေတာ့ ၁၆ပိုင္းကို တြယ္ဆက္ခဲ့ရပါတယ္။ သူတို႕ဟာ ေပ်ာ့ေပ်ာင္းျပီးေတာ့ အားနဲ႕ဆြဲဆန္႕မႈကိုလည္း ခံႏုိင္ရည္ရွိၾကတယ္။ ေရေပၚမွာလည္း ေပၚေနႏိုင္ပါတယ္။ တစ္ခုခ်င္းစီကိုတုိင္းတာၾကည့္ေတာ့ အရြယ္အစားအားျဖင့္ 4 x 2 meter ရွိပါတယ္။ power supply ၊ mobile and radio frequency ၊ WiFi antenna ေတြနဲ႕လည္း အဆင္ေျပကိုက္ညီပါတယ္။

“စိတ္ကူးၾကည့္လုိက္ပါ။ သယ္သူပို႕ေဆာင္ျခင္း၊ အမိႈက္စီမံမႈ၊ အညစ္အေၾကးစီမံမႈေတြကို ေန႕ခင္းလမ္းေပၚမွာ သယ္ေဆာင္ေလ့ရွိၾကတယ္။ ဒါေတြကို ညလယ္ေခါင္ ေရေပၚမွာလုပ္ၾကည့္မယ္ဆိုရင္ေတာ့ ေမာင္းသူမဲ့ဘုတ္ေတြ လိုအပ္လာျပီ” လို႕ CSAIL ရဲ႕ဒါရိုက္တာတစ္ဦးျဖစ္သူ Daniela Rus က ဆိုပါတယ္။ ယာဥ္ေၾကာပိတ္ဆို႕မႈကို အနည္းဆံုးျဖစ္ေအာင္လုပ္ျခင္းကေန 3D-printed ဘုတ္ေတြရဲ႕အက်ိဳးေက်းဇူးေၾကာင့္ သယ္ေဆာင္ေရးမွာ လူသားေတြလည္း မလိုအပ္ေတာ့ပါဘူး။ ဒီေတာ့ ေရပိုင္းနဲ႕သက္ဆုိင္တဲ့မေတာ္တဆမႈေတြကိုလည္း ေလ်ာ့က်ေစႏုိင္ပါတယ္။

ဒီဘုတ္ေတြ ေရထဲကိုမေရာက္ခင္မွာ အမ်ားၾကီးလုပ္ေဆာင္ရဦးမွာပါ။ လူေတြနဲ႕ ကုန္ပစၥည္းေတြရဲ႕ျခားနားခ်က္တြက္ခ်က္ဖို႕ လိုအပ္ေသးေၾကာင္းကိုလည္း သူတို႕က အသိအမွတ္ျပဳေထာက္ခံထားၾကပါတယ္။ 3D ဒီဇုိင္းကို လက္ေတြ႕အေျခအေနအျဖစ္ေျပာင္းလဲဖို႕က စမ္းသပ္မႈေတြျပဳလုပ္ဖုိ႕လိုအပ္ပါတယ္။ အဓိကအားျဖင့္ ေနရာခ်ထားရမွာပါ။ စမ္းသပ္မႈေတြကို အနည္းငယ္ေလာက္ စတင္ျပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ စိန္ေခၚမႈတစ္ခုအေနနဲ႕ 3D ဘုတ္ေတြကို ထိန္းခ်ဳပ္မယ့္ algorithm ေတြက သူတို႕ရဲ႕အရြယ္အစားေတြ ၾကီးလာတဲ့အခ်ိန္မွာ အလုပ္ေကာင္းေကာင္းလုပ္ႏုိင္ပါ့မလားဆိုတာပါပဲ။

Unicode Version

ဒါဟာ အနာဂတ်ရဲ့ရေကြောင်းပို့ဆောင်ရေးတွေ ဖြစ်လာနိုင်ပါတယ်
3D printing ရဲ့ကျေးဇူးနဲ့ ဖန်တီးထားတဲ့လက်တုတွေ၊ ပေါ့ပါးတဲ့ EV အစိတ်အပိုင်းတွေနဲ့အတူ အာကာသယာဉ်တွေကိုတောင်မှ ကုန်ကျစရိတ်နည်းနည်းနဲ့ လုပ်ဆောင်လာနိုင်ပါတယ်။ ဒါတွေကြောင့် MIT ရဲ့ Computer Science and Artificial Intelligence Laboratory (CSAIL) မှ သုတေသီတွေကို တည်ဆောက်ဖို့ တွန်းအားပေးခဲ့သလိုဖြစ်ခဲ့တယ်။ သူတို့ဟာ မောင်းသူမဲ့ဘုတ်တွေကို တည်ဆောက်ခဲ့ကြတယ်။ ဒါဟာ အနာဂတ်မောင်းသူမဲ့ ပို့ဆောင်ရေးရဲ့ တစေ့တစောင်းပုံရိပ်ဖြစ်လာပါတယ်။
ပုံမှန်ဘုတ်တွေနဲ့ မတူတာကတော့ ဒီ3D-printed ဘုတ်လေးတွေက လေးထောင့်ပုံစံရှိပါတယ်။ ဘေးဘက်တွေကိုရွေ့လျားနိုင်တဲ့ဒီဇိုင်း၊ အခြားဝတ္ထုတွေနဲ့ တွယ်ကပ်နိုင်တဲ့ဒီဇိုင်းရှိပြီးတော့ ပေါလောမျောနေတဲ့တံတားတွေအဖြစ် တပ်ဆင်လာနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ရေပေါ်ဂီတပွဲတွေနဲ့ မိုဘိုင်းလ်အစားအသောက်ဈေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် သုတေသီတွေက လေးထောင့်ပုံစံအဖြစ်နဲ့ ထုတ်လုပ်ခဲ့ပြီးတော့ ၁၆ပိုင်းကို တွယ်ဆက်ခဲ့ရပါတယ်။ သူတို့ဟာ ပျော့ပျောင်းပြီးတော့ အားနဲ့ဆွဲဆန့်မှုကိုလည်း ခံနိုင်ရည်ရှိကြတယ်။ ရေပေါ်မှာလည်း ပေါ်နေနိုင်ပါတယ်။ တစ်ခုချင်းစီကိုတိုင်းတာကြည့်တော့ အရွယ်အစားအားဖြင့် 4 x 2 meter ရှိပါတယ်။ power supply ၊ mobile and radio frequency ၊ WiFi antenna တွေနဲ့လည်း အဆင်ပြေကိုက်ညီပါတယ်။
“စိတ်ကူးကြည့်လိုက်ပါ။ သယ်သူပို့ဆောင်ခြင်း၊ အမှိုက်စီမံမှု၊ အညစ်အကြေးစီမံမှုတွေကို နေ့ခင်းလမ်းပေါ်မှာ သယ်ဆောင်လေ့ရှိကြတယ်။ ဒါတွေကို ညလယ်ခေါင် ရေပေါ်မှာလုပ်ကြည့်မယ်ဆိုရင်တော့ မောင်းသူမဲ့ဘုတ်တွေ လိုအပ်လာပြီ” လို့ CSAIL ရဲ့ဒါရိုက်တာတစ်ဦးဖြစ်သူ Daniela Rus က ဆိုပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို အနည်းဆုံးဖြစ်အောင်လုပ်ခြင်းကနေ 3D-printed ဘုတ်တွေရဲ့အကျိုးကျေးဇူးကြောင့် သယ်ဆောင်ရေးမှာ လူသားတွေလည်း မလိုအပ်တော့ပါဘူး။ ဒီတော့ ရေပိုင်းနဲ့သက်ဆိုင်တဲ့မတော်တဆမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
ဒီဘုတ်တွေ ရေထဲကိုမရောက်ခင်မှာ အများကြီးလုပ်ဆောင်ရဦးမှာပါ။ လူတွေနဲ့ ကုန်ပစ္စည်းတွေရဲ့ခြားနားချက်တွက်ချက်ဖို့ လိုအပ်သေးကြောင်းကိုလည်း သူတို့က အသိအမှတ်ပြုထောက်ခံထားကြပါတယ်။ 3D ဒီဇိုင်းကို လက်တွေ့အခြေအနေအဖြစ်ပြောင်းလဲဖို့က စမ်းသပ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ အဓိကအားဖြင့် နေရာချထားရမှာပါ။ စမ်းသပ်မှုတွေကို အနည်းငယ်လောက် စတင်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတစ်ခုအနေနဲ့ 3D ဘုတ်တွေကို ထိန်းချုပ်မယ့် algorithm တွေက သူတို့ရဲ့အရွယ်အစားတွေ ကြီးလာတဲ့အချိန်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာပါပဲ။

Leave a Reply