ေက်ာင္းသားမ်ားအတြက္ အသံုး၀င္ iOS App မ်ား

0
1936

နည္းပညာက ေက်ာင္းသားမ်ားအတြက္ မ်ားစြာ အေထာက္အကူျပဳလာႏုိင္ပါၿပီ။ ပညာသင္ၾကားေရး အေထာက္အကူျပဳ Apps မ်ားဟာလည္း ေထာင္ဂဏန္းေလာက္ ထြက္ေပၚလာပါၿပီ။ အဲဒီအထဲကမွ ေက်ာင္းသားမ်ားအတြက္ အေကာင္းဆံုး အခမဲ့ iOS App မ်ားကို ေဖာ္ျပလိုက္ပါတယ္။

၁။ Microsoft Office

Documents, Spreadsheets, Presentations မ်ား ဖန္တီးဖို႔အတြက္ Microsoft Office က အေကာင္းဆံုးပါ။ သူ႔မွာ Documents မ်ားကို ၾကည့္ႏုိင္ပါတယ္။ ဒါေပမယ့္ စာရြက္စာတမ္းမ်ား ဖန္တီးဖို႔နဲ႔ ျပင္ဆင္ဖိုိိ႔အတြက္ေတာ့ Office 365 Subscription လိုအပ္ပါတယ္။ Subscription လုပ္ထားရင္ သင့္ရဲ႕ Devices မ်ားအၾကားမွာ စာရြက္စာတမ္းမ်ားကို Sync လုပ္ေပးမွာပါ။

Download

၂။ Class Timetable

Class Timetable က စာသင္ခ်ိန္မ်ားကို မွတ္သားထားႏုိင္မယ့္ App ျဖစ္ပါတယ္။ တစ္ေန႔တာအတြက္ စာသင္ခ်ိန္မ်ားကို အခ်ိန္နဲ႔တကြ မွတ္သားထားႏုိင္ၿပီး App က စာသင္ခ်ိန္နီးလာရင္ သင့္ကို အသိေပးမွာပါ။ အိမ္စာလို ျပဳလုပ္ရမယ့္ အလုပ္မ်ားကိုလည္း မွတ္သားထားႏုိင္ပါတယ္။

Download

၃။ Slack

Slack ဟာ စြမ္းရည္ျမင့္ Group Messaging Tool ျဖစ္ပါတယ္။ သူ႔မွာ တစ္ဦးခ်င္း သို႔မဟုတ္ အဖြဲ႕လိုက္ Chat မ်ား ျပဳလုပ္ႏိုင္ပါတယ္။ ဖိုင္မ်ား၊ ဓါတ္ပံုမ်ားနဲ႔ ဗီဒီယိုမ်ားကို အျပန္အလွန္ ေပးပို႔ရယူႏုိင္ပါတယ္။ ေက်ာင္းစာမ်ားနဲ႔ ပတ္သက္တဲ့ စီမံကိန္းမ်ားအတြက္ သင့္ေတာ္ပါတယ္။

Download

၄။ Dictionary and Thesaurus

ေက်ာင္းသားမ်ားအတြက္ စကားလံုးတစ္ခုရဲ႕ အဓိပၸါယ္နဲ႔ အဲဒီ စကားလံုးနဲ႔ အဓိပၸါယ္တူ အျခား စကားလံုးမ်ားကို သိရွိဖို႔ ရွာေဖြမႈမ်ား ျပဳလုပ္ၾကရပါတယ္။ Dictionary.com ရဲ႕ Dictionary and Thesaurus App မွာ စကားလံုးမ်ားရဲ႕ Definitions ေပါင္း ေျမာက္မ်ားစြာကို ထည့့္သြင္းေပးထားၿပီး User Interface က အသံုးျပဳရ လြယ္ကူပါတယ္။

Download

၅။ iTunes U

iTunes U ကို ေက်ာင္းသားမ်ား သာမက ဆရာမ်ားပါ သံုးႏုိင္ပါတယ္။ ဆရာမ်ားအေနျဖင့္ သင္ခန္းစာမ်ား စီစဥ္ျခင္း၊ Assignments မ်ား သတ္မွတ္ျခင္း၊ ေက်ာင္းသားမ်ား လိုအပ္တဲ့ ဖုိင္မ်ားကို Upload ျပဳလုပ္ျခင္းမ်ား ျပဳလုပ္ႏုိင္ပါတယ္။ ေက်ာင္းသားမ်ား အေနျဖင့္ ဆရာမ်ားနဲ႔ တိုက္ရိုက္ စကားေျပာျခင္း၊ အိမ္စာမ်ားကို ေပးပို႔ျခင္းနဲ႔ သင္ခန္းစာမ်ားကို ေလ့လာျခင္းမ်ား ျပဳလုပ္ႏုိင္ပါတယ္။

Download

၆။ Quizlet

Quizlet က မွတ္စုတိုမ်ားကို ကဒ္ပံုစံျဖင့္ မွတ္သားထားနုိင္တဲ့ App ျဖစ္ပါတယ္။ စာေမးပြဲ ေျဖဆိုေတာ့မယ့္ အခ်ိန္မွာ ဒီလို ကဒ္မ်ားက စာေႏႊးရတာ အဆင္ေျပေစပါတယ္။ အျခား Quizlet Users မ်ား ဖန္တီးထားတဲ့ ကဒ္မ်ားကိုလည္း အသံုးျပဳႏိုင္ပါတယ္။

Download

ref : pocket-lint

unicode

ကျောင်းသားများအတွက် အသုံးဝင် iOS App များ

နည်းပညာက ကျောင်းသားများအတွက် များစွာ အထောက်အကူပြုလာနိုင်ပါပြီ။ ပညာသင်ကြားရေး အထောက်အကူပြု Apps များဟာလည်း ထောင်ဂဏန်းလောက် ထွက်ပေါ်လာပါပြီ။ အဲဒီအထဲကမှ ကျောင်းသားများအတွက် အကောင်းဆုံး အခမဲ့ iOS App များကို ဖော်ပြလိုက်ပါတယ်။

၁။ Microsoft Office

Documents, Spreadsheets, Presentations များ ဖန်တီးဖို့အတွက် Microsoft Office က အကောင်းဆုံးပါ။ သူ့မှာ Documents များကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် စာရွက်စာတမ်းများ ဖန်တီးဖို့နဲ့ ပြင်ဆင်ဖိို့အတွက်တော့ Office 365 Subscription လိုအပ်ပါတယ်။ Subscription လုပ်ထားရင် သင့်ရဲ့ Devices များအကြားမှာ စာရွက်စာတမ်းများကို Sync လုပ်ပေးမှာပါ။

Download

၂။ Class Timetable

Class Timetable က စာသင်ချိန်များကို မှတ်သားထားနိုင်မယ့် App ဖြစ်ပါတယ်။ တစ်နေ့တာအတွက် စာသင်ချိန်များကို အချိန်နဲ့တကွ မှတ်သားထားနိုင်ပြီး App က စာသင်ချိန်နီးလာရင် သင့်ကို အသိပေးမှာပါ။ အိမ်စာလို ပြုလုပ်ရမယ့် အလုပ်များကိုလည်း မှတ်သားထားနိုင်ပါတယ်။

Download

၃။ Slack

Slack ဟာ စွမ်းရည်မြင့် Group Messaging Tool ဖြစ်ပါတယ်။ သူ့မှာ တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် Chat များ ပြုလုပ်နိုင်ပါတယ်။ ဖိုင်များ၊ ဓါတ်ပုံများနဲ့ ဗီဒီယိုများကို အပြန်အလှန် ပေးပို့ရယူနိုင်ပါတယ်။ ကျောင်းစာများနဲ့ ပတ်သက်တဲ့ စီမံကိန်းများအတွက် သင့်တော်ပါတယ်။

Download

၄။ Dictionary and Thesaurus

ကျောင်းသားများအတွက် စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်နဲ့ အဲဒီ စကားလုံးနဲ့ အဓိပ္ပါယ်တူ အခြား စကားလုံးများကို သိရှိဖို့ ရှာဖွေမှုများ ပြုလုပ်ကြရပါတယ်။ Dictionary.com ရဲ့ Dictionary and Thesaurus App မှာ စကားလုံးများရဲ့ Definitions ပေါင်း မြောက်များစွာကို ထည့့်သွင်းပေးထားပြီး User Interface က အသုံးပြုရ လွယ်ကူပါတယ်။

Download

၅။ iTunes U

iTunes U ကို ကျောင်းသားများ သာမက ဆရာများပါ သုံးနိုင်ပါတယ်။ ဆရာများအနေဖြင့် သင်ခန်းစာများ စီစဉ်ခြင်း၊ Assignments များ သတ်မှတ်ခြင်း၊ ကျောင်းသားများ လိုအပ်တဲ့ ဖိုင်များကို Upload ပြုလုပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ကျောင်းသားများ အနေဖြင့် ဆရာများနဲ့ တိုက်ရိုက် စကားပြောခြင်း၊ အိမ်စာများကို ပေးပို့ခြင်းနဲ့ သင်ခန်းစာများကို လေ့လာခြင်းများ ပြုလုပ်နိုင်ပါတယ်။

Download

၆။ Quizlet

Quizlet က မှတ်စုတိုများကို ကဒ်ပုံစံဖြင့် မှတ်သားထားနိုင်တဲ့ App ဖြစ်ပါတယ်။ စာမေးပွဲ ဖြေဆိုတော့မယ့် အချိန်မှာ ဒီလို ကဒ်များက စာနွှေးရတာ အဆင်ပြေစေပါတယ်။ အခြား Quizlet Users များ ဖန်တီးထားတဲ့ ကဒ်များကိုလည်း အသုံးပြုနိုင်ပါတယ်။

Download

ref : pocket-lint

Leave a Reply