ဘက္ထရီ မပါဘဲ ေမာင္းႏွင္ႏုိင္တဲ့ အီလက္ထရစ္ကားကို ဖန္တီးေနတဲ့ Lamborghini

0
1356

Lamborghini နဲ႔ MIT တို႔ ပူးေပါင္း ဖန္တီးေနတဲ့ Terzo Millenio အမည္ရ Concept Super Car ကို ယခင္ႏွစ္မွာ ျပသခဲ့ပါတယ္။ သူဟာ အီလက္ထရစ္စြမ္းအင္သံုး ကားျဖစ္ၿပီး ထိခိုက္ပ်က္ဆီးသြားတဲ့ ကိုယ္ထည္ကို အလိုအေလွ်ာက္ ကုစားျခင္း၊ တစ္၀က္တစ္ပ်က္ အလိုအေလွ်ာက္ ေမာင္းႏွင္ျခင္းတို႔လို အံ့မခန္း စြမ္းရည္မ်ား ပါပါတယ္။

အခုေတာ့ အဲဒီကားမွာ စြမ္းရည္ အသစ္တစ္ခု ပါလာေတာ့မွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ လွ်ပ္စစ္စြမ္းအင္ကို ကားရဲ႕ ကိုယ္ထည္ထဲမွာ သိမ္းဆည္းႏုိင္ျခင္း ျဖစ္ပါတယ္။ ဒီလို ျပဳလုပ္ရျခင္းရဲ႕ ရည္ရြယ္ခ်က္က ဘက္ထရီကို ဖယ္ရွားဖို႔အတြက္ ျဖစ္ပါတယ္။ ကာဗြန္ဖိုက္ဘာမွာ စြမ္းအင္မ်ား သိမ္းဆည္းႏုိင္တယ္ဆိုတာကိုလည္း သူတို႔က ေလ့လာေတြ႕ရွိခဲ့ၿပီးပါၿပီ။ အဲဒီအတြက္ ကားထုိင္ခံုမ်ား၊ ကာဗြန္ဖိုက္ဘာမ်ားလို ကားကိုယ္ထည္မ်ားမွာ စြမ္းအင္ကို သိမ္းဆည္းထားႏုိင္ပါတယ္။

လန္ေဘာ္ဂီနီရဲ႕ သုေတသနဌာနမွ ေခါင္းေဆာင္ ျဖစ္သူ Maurizio Reggiani က “ကြ်န္ေတာ္တို႔ စူပါ ကားမ်ားဟာ အျမန္ဆံုး အေနျဖင့္ တစ္နာရီလွ်င္ ၁၈၆ မိုင္ ေမာင္းႏွင္ႏိုင္ရမွာ ျဖစ္ၿပီး ကားေမာင္းၿပိဳင္ကြင္းတစ္ခုကို အျမန္ဆံုး အရွိန္ျဖင့္ သံုးပတ္အထိ ေမာင္းႏွင္ႏိုင္ရမွာပါ။ သူတို႔မွာ အဆင့္ျမင့္ ထိန္းခ်ဳပ္စနစ္မ်ား လိုအပ္ပါတယ္။ Tesla, Nissan , Jaguar တို႔ရဲ႕ ဘက္ထရီ နည္းပညာမ်ားဟာ ဒီလို ျပဳလုပ္ေပးႏုိင္စြမ္း မရွိၾကပါဘူး။ ကား ကိုယ္ထည္ထဲမွာ စြမ္းအင္ သိမ္းဆည္းထားႏုိင္ၿပီး ဘက္ထရီ မလိုအပ္တဲ့ အီလက္ထရစ္ နည္းပညာကို လာမယ့္ ၃ ႏွစ္အတြင္းမွာ တီထြင္ႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ အဲဒီ စူပါ ကားမ်ားကို ၂၀၃၀ ခုႏွစ္မွာ စီးနင္းနိုုင္မယ္ဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ “ လို႔ Digital Trends ကို ေျပာပါတယ္။

ဒီနည္းပညာဟာ တစ္နည္းအားျဖင့္ ကားကိုယ္ထည္ကို ဘက္ထရီလို အသံုုးခ်မွာ ျဖစ္ပါတယ္။ အဲဒီ ကာဗြန္ ဖိုက္ဘာ ျဒပ္ထုဟာ ေသးငယ္တဲ့ ကြဲအက္မႈမ်ားကို အာရံုခံႏုိင္ၿပီး အလိုအေလွ်ာက္ ျပန္လည္ေကာင္းေအာင္ ကုစားေပးႏိုင္ပါတယ္။

unicode

ဘက်ထရီ မပါဘဲ မောင်းနှင်နိုင်တဲ့ အီလက်ထရစ်ကားကို ဖန်တီးနေတဲ့ Lamborghini

Lamborghini နဲ့ MIT တို့ ပူးပေါင်း ဖန်တီးနေတဲ့ Terzo Millenio အမည်ရ Concept Super Car ကို ယခင်နှစ်မှာ ပြသခဲ့ပါတယ်။ သူဟာ အီလက်ထရစ်စွမ်းအင်သုံး ကားဖြစ်ပြီး ထိခိုက်ပျက်ဆီးသွားတဲ့ ကိုယ်ထည်ကို အလိုအလျှောက် ကုစားခြင်း၊ တစ်ဝက်တစ်ပျက် အလိုအလျှောက် မောင်းနှင်ခြင်းတို့လို အံ့မခန်း စွမ်းရည်များ ပါပါတယ်။

အခုတော့ အဲဒီကားမှာ စွမ်းရည် အသစ်တစ်ခု ပါလာတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ လျှပ်စစ်စွမ်းအင်ကို ကားရဲ့ ကိုယ်ထည်ထဲမှာ သိမ်းဆည်းနိုင်ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘက်ထရီကို ဖယ်ရှားဖို့အတွက် ဖြစ်ပါတယ်။ ကာဗွန်ဖိုက်ဘာမှာ စွမ်းအင်များ သိမ်းဆည်းနိုင်တယ်ဆိုတာကိုလည်း သူတို့က လေ့လာတွေ့ရှိခဲ့ပြီးပါပြီ။ အဲဒီအတွက် ကားထိုင်ခုံများ၊ ကာဗွန်ဖိုက်ဘာများလို ကားကိုယ်ထည်များမှာ စွမ်းအင်ကို သိမ်းဆည်းထားနိုင်ပါတယ်။

လန်ဘော်ဂီနီရဲ့ သုတေသနဌာနမှ ခေါင်းဆောင် ဖြစ်သူ Maurizio Reggiani က “ကျွန်တော်တို့ စူပါ ကားများဟာ အမြန်ဆုံး အနေဖြင့် တစ်နာရီလျှင် ၁၈၆ မိုင် မောင်းနှင်နိုင်ရမှာ ဖြစ်ပြီး ကားမောင်းပြိုင်ကွင်းတစ်ခုကို အမြန်ဆုံး အရှိန်ဖြင့် သုံးပတ်အထိ မောင်းနှင်နိုင်ရမှာပါ။ သူတို့မှာ အဆင့်မြင့် ထိန်းချုပ်စနစ်များ လိုအပ်ပါတယ်။ Tesla, Nissan , Jaguar တို့ရဲ့ ဘက်ထရီ နည်းပညာများဟာ ဒီလို ပြုလုပ်ပေးနိုင်စွမ်း မရှိကြပါဘူး။ ကား ကိုယ်ထည်ထဲမှာ စွမ်းအင် သိမ်းဆည်းထားနိုင်ပြီး ဘက်ထရီ မလိုအပ်တဲ့ အီလက်ထရစ် နည်းပညာကို လာမယ့် ၃ နှစ်အတွင်းမှာ တီထွင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ စူပါ ကားများကို ၂၀၃၀ ခုနှစ်မှာ စီးနင်းနိုုင်မယ်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ “ လို့ Digital Trends ကို ပြောပါတယ်။

ဒီနည်းပညာဟာ တစ်နည်းအားဖြင့် ကားကိုယ်ထည်ကို ဘက်ထရီလို အသုံုးချမှာ ဖြစ်ပါတယ်။ အဲဒီ ကာဗွန် ဖိုက်ဘာ ဒြပ်ထုဟာ သေးငယ်တဲ့ ကွဲအက်မှုများကို အာရုံခံနိုင်ပြီး အလိုအလျှောက် ပြန်လည်ကောင်းအောင် ကုစားပေးနိုင်ပါတယ်။

Leave a Reply