စီးပွားရေးအရှုပ်အရှင်းများကြောင့် iOS ပေါ်က Steam Link ကို Apple မှပိတ်သိမ်း
0
1573
Zawgyi Version
Unicode Version
ဒါပေမယ့်လည်း Android ပေါ်မှာ ရနေသေးတာပဲလေ။
Valve ရဲ့ Steam Link က ဒီတစ်ပတ်ထဲမှာ ခေတ်စားလာနိုင်တယ်။ beta version က Google Play ပေါ်မှာ အဆင်ပြေပေမယ့်လည်း iOS app ကတော့ မမျှော်လင့်တဲ့ပိတ်ပင်မှုတွေ တွေ့ခဲ့ရတ်။ Valve ကတော့ Apple က လက်ခံခဲ့ပြီးမှ App Store ကနေ ဖြုတ်ချလိုက်တယ်လို့ ဆိုပါတယ်။
“တနင်္လာနေ့မှာ Apple က Steam Link app ကို အတည်ပြုပေးခဲ့တယ်။ နောက်နေ့မနက်မှာတော့ Apple က သူ့ရဲ့အတည်ပြုမှုကို မူလreview အဖွဲ့သတိမပြုမိခဲ့တာတွေ ရှိတယ်။ အဲဒါတွေက app guideline နဲ့မညီဘူးဆိုပြီး ဖြုတ်ချခဲ့တာပါ။ ”
Steam Link ကို TV မှာ PC game တွေ ကစားနိုင်အောင် launch လုပ်ခဲ့တာပါ။ ဒီတော့ ကစားသူတွေအနေနဲ့ ဆိုဖာလေးမှာထိုင်ပြီး အေးဆေးကစားနိုင်ပါပြီ။ Valve ကတော့ free game-streaming app တွေကို ဈေးကွက်မှာ ရှင်သန်အောင် ကြိုးစားလျက်ရှိပါတယ်။ ဒါပေမယ့် အဆင်မပြေဖြစ်သွားခဲ့တယ်။
“ဒီပရောဂျက်အတွက်နာရီပေါင်းများစွာကြာအောင် စစ်ဆေးပြီးမှ အတည်ပြုပေးခဲ့တာပါ။ ဒီတော့ ကျွန်တော်တို့ မကျေနပ်ပါဘူး။ ဒါပေမယ့်လည်း အနာဂတ်မှာတော့ Apple က ပြန်လည်စဉ်းစားပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”
iOS သမားတွေကတော့ Steam Link ကို limbo မှာ အသုံးပြုဖို့အတွက် မျှော်လင့်နေကြပါတယ်။ Apple က ငြင်းပယ်လိုက်ရတဲ့အကြောင်းရင်းကို သေချာမပြောထားပါဘူး။ Moonlight နဲ့ Remotr ကို အစားထိုးအနေနဲ့ ရနိုင်ပါတယ်။ Rainway ဆိုတာကလည်း beta အနေနဲ့ရောက်ရှိလာတဲ့ streaming service တစ်ခုဖြစ်ပြီးတော့ Xbox One, PlayStation 4 နဲ့ Nintendo Switch တွေကို ထောက်ပံ့ပေးနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။
Leave a Reply