Samsung က ဂိမ္း ကစားတဲ့ အခါမွာ ရုပ္ထြက္ ေခ်ာမြတ္ေစတဲ့ နည္းပညာကို တီဗီမ်ားမွာ ထည့္သြင္းေပး

0
1618

Samsung က ဂိမ္းမ်ား ကစားတဲ့ အခါမွာ ရုပ္ထြက္ ေခ်ာမြတ္ေစတဲ့ နည္းပညာကို ၂၀၁၈ ထုတ္ QLED တီဗီမ်ားမွာ ထည့္သြင္းေပးလိုက္ပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္ကို FreeSync လို႔ အမည္ေပးထားၿပီး Software Update ျဖင့္ ထည့္သြင္းေပးလိုက္တာပါ။ NU8000, Q6FN, Q7FN, Q8FN , Q9FN စတဲ့ တီဗီမ်ားမွာ ထည့္သြင္းေပးလိုက္တာ ျဖစ္ပါတယ္။

ဆမ္ေဆာင္းက အဲဒီ တီဗီမ်ားကို မိတ္ဆက္ခဲ့စဥ္တုန္းက Microsoft Xbox ဌာနနဲ႔ ပူးေပါင္းလုပ္ကိုင္ေနတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ Software Update ကို ရယူၿပီးတာနဲ႔ တီဗီရဲ႕ Settings Menu မွ Game Mode ထဲမွာ သူ႔ကို Enable ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။ FreeSync Mode ကို သံုးေနခ်ိန္မွာေတာ့ Full HD အရည္အေသြးကိုသာ ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

Samsung က ယခင္ႏွစ္ ဒီဇင္ဘာလကလည္း Color Blind မ်ား Samsung Q9F လို QLED TV မ်ားကို ၾကည့္ရင္ အေရာင္မ်ားကို ျမင္ရေစဖို႔အတြက္ SeeColors App ကို ဖန္တီးေပးခဲ့ဖူးပါတယ္။ Color Blind မ်ားက အေရာင္မ်ားကို ျမင္ရေစဖို႔အတြက္ Settings မ်ားကို App ကေန ခ်ိန္ညွိႏုိင္ပါတယ္။

Samsung က ကမာၻအ၀န္းမွာ အေရာင္မျမင္ရသူေပါင္း သန္း ၃၀၀ ရွိတယ္လို႔ ေျပာပါတယ္။ App ကို ဆမ္ေဆာင္းက Budapest နည္းပညာ တကၠသိုလ္၊ Economics’ Klara Wenzel တို႔နဲ႔အတူ ပူးေပါင္း ဖန္တီးခဲ့ျခင္း ျဖစ္ပါတယ္။ Economics’ Klara Wenzel ဟာ အေရာင္ Filters မ်ား၊ သခ်ၤာနည္းမ်ားျဖင့္ အေရာင္မျမင္သူမ်ားရဲ႕ အေျခအေနမ်ားကို တြက္ခ်က္ေပးတဲ့ Colorlite Test ကို ဖန္တီးထားပါတယ္။

အဲဒီ App ကို ၂၀၁၆ ခုႏွစ္ထုတ္ Samsung SUHD TVs မ်ားမွာ အသံုးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။ Galaxy စမတ္ဖုန္းမွာ စမ္းသပ္မႈကို ျပဳလုပ္ၿပီးတာနဲ႔ QLED TV နဲ႔ ခ်ိတ္ဆက္လိုက္တာနဲ႔ Settings မ်ားကို အလိုအေလွ်ာက္ ခ်ိန္ညွိေပးမွာ ျဖစ္ပါတယ္။

unicode

Samsung က ဂိမ်းများ ကစားတဲ့ အခါမှာ ရုပ်ထွက် ချောမွတ်စေတဲ့ နည်းပညာကို ၂၀၁၈ ထုတ် တီဗီများမှာ ထည့်သွင်းပေး

Samsung က ဂိမ်းများ ကစားတဲ့ အခါမှာ ရုပ်ထွက် ချောမွတ်စေတဲ့ နည်းပညာကို ၂၀၁၈ ထုတ် QLED တီဗီများမှာ ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို FreeSync လို့ အမည်ပေးထားပြီး Software Update ဖြင့် ထည့်သွင်းပေးလိုက်တာပါ။ NU8000, Q6FN, Q7FN, Q8FN , Q9FN စတဲ့ တီဗီများမှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဆမ်ဆောင်းက အဲဒီ တီဗီများကို မိတ်ဆက်ခဲ့စဉ်တုန်းက Microsoft Xbox ဌာနနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။ Software Update ကို ရယူပြီးတာနဲ့ တီဗီရဲ့ Settings Menu မှ Game Mode ထဲမှာ သူ့ကို Enable ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ FreeSync Mode ကို သုံးနေချိန်မှာတော့ Full HD အရည်အသွေးကိုသာ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Samsung က ယခင်နှစ် ဒီဇင်ဘာလကလည်း Color Blind များ Samsung Q9F လို QLED TV များကို ကြည့်ရင် အရောင်များကို မြင်ရစေဖို့အတွက် SeeColors App ကို ဖန်တီးပေးခဲ့ဖူးပါတယ်။ Color Blind များက အရောင်များကို မြင်ရစေဖို့အတွက် Settings များကို App ကနေ ချိန်ညှိနိုင်ပါတယ်။

Samsung က ကမ္ဘာအဝန်းမှာ အရောင်မမြင်ရသူပေါင်း သန်း ၃၀၀ ရှိတယ်လို့ ပြောပါတယ်။ App ကို ဆမ်ဆောင်းက Budapest နည်းပညာ တက္ကသိုလ်၊ Economics’ Klara Wenzel တို့နဲ့အတူ ပူးပေါင်း ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ Economics’ Klara Wenzel ဟာ အရောင် Filters များ၊ သင်္ချာနည်းများဖြင့် အရောင်မမြင်သူများရဲ့ အခြေအနေများကို တွက်ချက်ပေးတဲ့ Colorlite Test ကို ဖန်တီးထားပါတယ်။

အဲဒီ App ကို ၂၀၁၆ ခုနှစ်ထုတ် Samsung SUHD TVs များမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Galaxy စမတ်ဖုန်းမှာ စမ်းသပ်မှုကို ပြုလုပ်ပြီးတာနဲ့ QLED TV နဲ့ ချိတ်ဆက်လိုက်တာနဲ့ Settings များကို အလိုအလျှောက် ချိန်ညှိပေးမှာ ဖြစ်ပါတယ်။

Leave a Reply