Face Unlock , Notch , Full Screen Design မ်ားပါတဲ့ Vivo Y83

0
1587





unicode

Face Unlock , Notch , Full Screen Design များပါတဲ့ Vivo Y83

MediaTek Helio P22 Chipset ကို မိတ်ဆက်ပြီး ရက်ပိုင်းပဲရှိသေးတဲ့ အချိန်မှာ အဲဒီ Chipset ကို ပထမဆုံး ထည့်သွင်းထားတဲ့ Vivo Y83 ကို မိတ်ဆက်လိုက်ပါပြီ။ သူ့ကို တရုတ်မှာ Vivo ရဲ့ အွန်လိုင်း စတိုးကနေ ရောင်းချပေးမှာပါ။ ယွမ် ၁၄၈၉ သတ်မှတ်ထားပြီး ၂၃၅ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ ဘူးထဲမှာ Protective Case နဲ့ Earphones များ ပါပါတယ်။

Aurora White, Polar Black နဲ့ Charm Red စတဲ့ အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်း ဖြစ်ပြီး Notch ပါပါတယ်။ Notch မှာ Selfie Camera နဲ့ ဆန်ဆာများ ပါပါတယ်။

Vivo Y83 မှာ Android Oreo အခြေပြု FunTouch OS 4.0 ထည့်သွင်းထားပါတယ်။ သူ့မှာ ၆.၂၂ လက်မ IPS HD+ 720x1520p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Camera ထည့်သွင်းထားပြီး အလင်းဝင်ပေါက်မှာ f/2.2 ဖြစ်ပါတယ်။ သူ့ကို LED Flash နဲ့ ပူးတွဲထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ထည့်သွင်းထားပြီး အလင်းဝင်ပေါက်မှာ f/2.2 ဖြစ်ပါတယ်။

Selfie Camera မှာ လှပတဲ့ ဓါတ်ပုံများကို ဖန်တီးပေးတဲ့ AI Beauty စွမ်းရည်များ ပါပါတယ်။ 3260mAh Battery ထည့်သွင်းထားပါတယ်။ သူ့ရဲ့ အထူမှာ ၇.၇ မီလီမီတာ ရှိပါတယ်။ 4GB RAM , 64GB Internal Storage ထည့်သွင်းထားပြီး 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Leave a Reply