Apple က iPhone မ်ားမွ NFC Chip မ်ားကို တြင္က်ယ္စြာ သံုးႏုိင္ေအာင္ ျပဳလုပ္ေပးမည္

0
1601

Android Phone မ်ားမွာေတာ့ NFC Chip ကို နည္းလမ္းမ်ားစြာျဖင့္ အသံုးခ်ေနၾကပါတယ္။ ဒါေပမယ့္ အိုင္ဖုန္းမ်ားမွာေတာ့ NFC ကို Apple Pay အတြက္သာ အသံုးျပဳႏုိင္ေအာင္ ျပဳလုပ္ေပးထားၿပီး Third-Party Aps မ်ားက Write လုပ္လို႔ မရခဲ့ပါဘူး။ ဒီလို ျပဳလုပ္ထားတာဟာ iPhone 6 ကတည္းက ျဖစ္ပါတယ္။

အခုထြက္လာတဲ့ သတင္းအရ Apple ဟာ iPhone မ်ားမွ NFC Chip မ်ားကို တြင္က်ယ္စြာ သံုးႏုိင္ေအာင္ ျပဳလုပ္ေပးမယ္လို႔ သိရပါတယ္။ အဲဒီအတြက္ Third-Party Apps မ်ားက NFC ကို အသံုးခ်ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ NFC Chip မ်ားကို Third-Party Apps မ်ားအတြက္ Unlock လုပ္ေပးၿပီး User Data မ်ားကုိ အဲဒီမွာ ေရးသားခြင့္ေပးမယ္ဆိုရင္ေတာ့ အိုင္ဖုန္း ပိုင္ရွင္မ်ားဟာ ေန႔စဥ္ လူမႈဘ၀မ်ားမွာ NFC ရဲ႕ အက်ိဳးေက်းဇူးမ်ားကို ခံစားရေတာ့မွာ ျဖစ္ပါတယ္။ လာမယ့္ လမွာ က်င္းပမယ့္ WWDC ပြဲမွာ NFC ကို Third-Party မ်ားအတြက္ ခြင့္ျပဳေပးမယ့္ သတင္းကို Apple က ေၾကညာႏုိင္ပါတယ္။

ဥပမာအားျဖင့္ သင့္ ဟိုတယ္ ၊ ေနအိမ္ အခန္းကို အိုင္ဖုန္းျဖင့္ ဖြင့္ျခင္း၊ ရထား၊ ဘတ္စ္ကားမ်ား စီးနင္းခမ်ားကို အိုင္ဖုန္းျဖင့္ ေပးေခ်ျခင္းတို႔လို အရာမ်ားကို ျပဳလုပ္နိင္ေတာ့မွာ ျဖစ္ပါတယ္။ ၿဗိတိန္ ၊ ဂ်ပန္ ႏိုင္ငံတို႔မွာ ဒီလို စနစ္မ်ားကို တြင္က်ယ္စြာ အသံုးျပဳေနၾကပါတယ္။ ဒီလို စနစ္မ်ားကို ဖန္တီးဖို႔အတြက္ Apple ဟာ Cubic နဲ႔ ပူးေပါင္းေနတယ္လို႔ သိရပါတယ္။

Apple ၀န္ထမ္းမ်ားဟာ Apple Park မွာ အိုင္ဖုန္းမွ NFC ကို နည္းလမ္းမ်ားစြာျဖင့္ အသံုးျပဳေနၿပီလို႔ သိရပါတယ္။ ၀န္ထမ္းမ်ားဟာ အိုင္ဖုန္းကို အသံုးျပဳ၍ ရံုးတံခါးမ်ားကို ဖြင့္ျခင္းမ်ားကို ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

unicode

Apple က iPhone များမှ NFC Chip များကို တွင်ကျယ်စွာ သုံးနိုင်အောင် ပြုလုပ်ပေးမည်

Android Phone များမှာတော့ NFC Chip ကို နည်းလမ်းများစွာဖြင့် အသုံးချနေကြပါတယ်။ ဒါပေမယ့် အိုင်ဖုန်းများမှာတော့ NFC ကို Apple Pay အတွက်သာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပြီး Third-Party Aps များက Write လုပ်လို့ မရခဲ့ပါဘူး။ ဒီလို ပြုလုပ်ထားတာဟာ iPhone 6 ကတည်းက ဖြစ်ပါတယ်။

အခုထွက်လာတဲ့ သတင်းအရ Apple ဟာ iPhone များမှ NFC Chip များကို တွင်ကျယ်စွာ သုံးနိုင်အောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ အဲဒီအတွက် Third-Party Apps များက NFC ကို အသုံးချနိုင်တော့မှာ ဖြစ်ပါတယ်။ NFC Chip များကို Third-Party Apps များအတွက် Unlock လုပ်ပေးပြီး User Data များကို အဲဒီမှာ ရေးသားခွင့်ပေးမယ်ဆိုရင်တော့ အိုင်ဖုန်း ပိုင်ရှင်များဟာ နေ့စဉ် လူမှုဘဝများမှာ NFC ရဲ့ အကျိုးကျေးဇူးများကို ခံစားရတော့မှာ ဖြစ်ပါတယ်။ လာမယ့် လမှာ ကျင်းပမယ့် WWDC ပွဲမှာ NFC ကို Third-Party များအတွက် ခွင့်ပြုပေးမယ့် သတင်းကို Apple က ကြေညာနိုင်ပါတယ်။

ဥပမာအားဖြင့် သင့် ဟိုတယ် ၊ နေအိမ် အခန်းကို အိုင်ဖုန်းဖြင့် ဖွင့်ခြင်း၊ ရထား၊ ဘတ်စ်ကားများ စီးနင်းခများကို အိုင်ဖုန်းဖြင့် ပေးချေခြင်းတို့လို အရာများကို ပြုလုပ်နိင်တော့မှာ ဖြစ်ပါတယ်။ ဗြိတိန် ၊ ဂျပန် နိုင်ငံတို့မှာ ဒီလို စနစ်များကို တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။ ဒီလို စနစ်များကို ဖန်တီးဖို့အတွက် Apple ဟာ Cubic နဲ့ ပူးပေါင်းနေတယ်လို့ သိရပါတယ်။

Apple ဝန်ထမ်းများဟာ Apple Park မှာ အိုင်ဖုန်းမှ NFC ကို နည်းလမ်းများစွာဖြင့် အသုံးပြုနေပြီလို့ သိရပါတယ်။ ဝန်ထမ်းများဟာ အိုင်ဖုန်းကို အသုံးပြု၍ ရုံးတံခါးများကို ဖွင့်ခြင်းများကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply