19:9 DISPLAY နဲ႔ SNAPDRAGON 660 သုံးထားတဲ့ VIVO Z1 ထြက္ရွိလာ

0
1676

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Vivo အေနနဲ႔ အလယ္အလတ္ဆင့္ စမတ္ဖုန္းတစ္လုံးကို တရုတ္ႏုိင္ငံမွာ မိတ္ဆက္ေပးလိုက္ပါတယ္။ သူကေတာ့ VIVO Z1 ျဖစ္ၿပီး၊ပထမဆံုး Z စီးရီးစမတ္ဖုန္းလည္းျဖစ္ပါတယ္။ VIVO Z1 ရဲ႕ကင္မရာ iPhone X ပုံစံအတိုင္း ဖုန္းရဲ႕ေထာင့္ဘက္မွာ ေဒါင္လိုက္ပုံစံနဲ႔ပါ။ ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာ ဖန္သားသုံးထားၿပီး အေရွ႕ဘက္အျခမ္းဟာ bezel-free display ျဖစ္တာေၾကာင့္ ျမင္ကြင္းအျပည့္ ခံစားရမွာပါ။

ေနာက္ေက်ာဘက္ေဘာင္ေလးေတြဟာ edge အေကြးပုံစံနဲ႔ ျဖစ္ၿပီးအေရာင္အေနနဲ႔ အနီ၊အနက္နဲ႔ အျပာဆိုၿပီး ၃မ်ိဳးေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာ လက္ေဗြဖတ္စနစ္ကို ထည့္သြင္းေပးထားတဲ့ အျပင္face unlock လုပ္ေဆာင္ခ်က္ကို ထပ္ေပါင္းထည့္ေပးထားပါတယ္။ကုမၸဏီရဲ႕ ပထမဆုံး Z-series ဖုန္းအသစ္ျဖစ္ၿပီး 6.26-inch FHD+ display နဲ႔ ထိပ္ဘက္မွာ notch အေသးေလးပါဝင္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးကေတာ့ 19:9 aspect ratio နဲ႔ 1080 x 2280 pixelsပုံရိပ္ေဖာ္ျပႏိုင္စြမ္းကို ေပးထားပါတယ္။

ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ 13MP +2MP  Dual ျဖစ္ၿပီး portrait ရိုက္ခ်က္ေတြ ဖမ္းယူႏုိင္မွာျဖစ္ၿပီး၊အေရွ႕ဘက္မွာေတာ့ Selfie သမားေတြအႀကိဳက္ 24-megapixel တပ္ဆင္ေပးထားပါတယ္။

ပရိုဆက္ဆာစြမ္းအားပိုင္းမွာေတာ့ Snapdragon 660 ကိုသံုးထားၿပီး 4GB RAM နဲ႔ပါ။ ဒီစမတ္ဖုန္းကို 64GB storage တစ္မ်ိဳးတည္းသာ ထုတ္လုပ္ထားၿပီး microSD ကေနထပ္တိုးမယ္ဆိုရင္ 256GB အထိလက္ခံႏုိင္စြမ္းရွိပါတယ္။သူ႕မွာ 3,260mAh စြမ္းအား၊ေနာက္ဆုံးေပၚAndroid 8.1 Oreo ေပၚအေျခခံထားတဲ့ Funtouch OS 4.0 ကိုတစ္ပါတည္း သုံးႏုိင္မွာျဖစ္ပါတယ္။ ကြန္ရက္ခ်ိတ္ဆက္မႈေတြအတြက္ကေတာ့ 4G VoLTE, WiFi, Bluetooth v5.0, GPS စနစ္တို႔ထည့္သြင္းေပးထားၿပီး ဇြန္၄ရက္ေန႔ကစၿပီး Jd.com မွာ pre-order ျပဳလုပ္ႏုိင္ၿပီျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ တရုတ္ယြမ္ေငြ 1,799(သို႔)ေဒၚလာ 282 ျဖစ္ပါတယ္။

Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Vivo အနေနဲ့ အလယ်အလတ်ဆင့် စမတ်ဖုန်းတစ်လုံးကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပါတယ်။ သူကတော့ VIVO Z1 ဖြစ်ပြီး၊ပထမဆုံး Z စီးရီးစမတ်ဖုန်းလည်းဖြစ်ပါတယ်။ VIVO Z1 ရဲ့ကင်မရာ iPhone X ပုံစံအတိုင်း ဖုန်းရဲ့ထောင့်ဘက်မှာ ဒေါင်လိုက်ပုံစံနဲ့ပါ။ ဖုန်းရဲ့နောက်ကျောဘက်မှာ ဖန်သားသုံးထားပြီး အရှေ့ဘက်အခြမ်းဟာ bezel-free display ဖြစ်တာကြောင့် မြင်ကွင်းအပြည့် ခံစားရမှာပါ။

နောက်ကျောဘက်ဘောင်လေးတွေဟာ edge အကွေးပုံစံနဲ့ ဖြစ်ပြီးအရောင်အနေနဲ့ အနီ၊အနက်နဲ့ အပြာဆိုပြီး ၃မျိုးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ကျောဘက်မှာ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းပေးထားတဲ့ အပြင်face unlock လုပ်ဆောင်ချက်ကို ထပ်ပေါင်းထည့်ပေးထားပါတယ်။ကုမ္ပဏီရဲ့ ပထမဆုံး Z-series ဖုန်းအသစ်ဖြစ်ပြီး 6.26-inch FHD+ display နဲ့ ထိပ်ဘက်မှာ notch အသေးလေးပါဝင်ပါတယ်။ မျက်နှာပြင်အချိုးကတော့ 19:9 aspect ratio နဲ့ 1080 x 2280 pixelsပုံရိပ်ဖော်ပြနိုင်စွမ်းကို ပေးထားပါတယ်။

ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ 13MP +2MP  Dual ဖြစ်ပြီး portrait ရိုက်ချက်တွေ ဖမ်းယူနိုင်မှာဖြစ်ပြီး၊အရှေ့ဘက်မှာတော့ Selfie သမားတွေအကြိုက် 24-megapixel တပ်ဆင်ပေးထားပါတယ်။

ပရိုဆက်ဆာစွမ်းအားပိုင်းမှာတော့ Snapdragon 660 ကိုသုံးထားပြီး 4GB RAM နဲ့ပါ။ ဒီစမတ်ဖုန်းကို 64GB storage တစ်မျိုးတည်းသာ ထုတ်လုပ်ထားပြီး microSD ကနေထပ်တိုးမယ်ဆိုရင် 256GB အထိလက်ခံနိုင်စွမ်းရှိပါတယ်။သူ့မှာ 3,260mAh စွမ်းအား၊နောက်ဆုံးပေါ်Android 8.1 Oreo ပေါ်အခြေခံထားတဲ့ Funtouch OS 4.0 ကိုတစ်ပါတည်း သုံးနိုင်မှာဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုတွေအတွက်ကတော့ 4G VoLTE, WiFi, Bluetooth v5.0, GPS စနစ်တို့ထည့်သွင်းပေးထားပြီး ဇွန်၄ရက်နေ့ကစပြီး Jd.com မှာ pre-order ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ တရုတ်ယွမ်ငွေ 1,799(သို့)ဒေါ်လာ 282 ဖြစ်ပါတယ်။

Leave a Reply