Xiaomi Mi 8 မွာ QC 4.0+ ေထာက္ပံ့သြားမယ္လို႔ Qualcomm အတည္ျပဳ

0
1675

Xiaomi Mi 8 ထြက္ဖုိ႔ရက္ကလည္း တေျဖးျဖည္းနဲ႔နီးလာခဲ့ပါၿပီ။ ဖုန္းမထြက္ရွိေသးေပ့မယ့္ သူနဲ႔ပတ္သတ္တဲ့ေကာလဟလေတြကေတာ့ တစ္ပုံတပင္ကို ျဖစ္ေနပါၿပီ။ ထူးျခားတဲ့လုပ္ေဆာင္ခ်က္ မွန္သမွ်ဒီဖုန္းမွာ ပါလာမယ္ဆုိတာႀကီးပါဘဲ။ လက္တေလာထြက္ထားသမွ် သတင္းေတြမွာေတာ့  in-display fingerprint ဆင္ဆာပါလာမယ္၊ ဖုန္းရဲ႕ေနာက္ေက်ာဘက္ဟာ ေဖာက္ထြင္းျမင္ႏိုင္တဲ့ဒီဇိုင္းဆိုတာနဲ႔ 3D face unlock ပါလာမယ္ဆိုတာမ်ိဳးေတြပါ။ အနည္းငယ္တိက်တယ္လို႔ ဆိုႏိုင္တာကေတာ့ မ်က္ႏွာျပင္၊ဖုန္းတြင္း hardware နဲ႔ စတင္ေရာင္းခ်မယ့္ရက္၊ေစ်းႏႈန္းေတြေလာက္ပဲ ရွိပါေသးတယ္။ အခုေတာ့ ပိုမိုတိက်တဲ့ အခ်က္အလက္ကို

Qualcomm ကေနထုတ္ျပန္လိုက္ပါၿပီ။ အဲ့ဒါကေတာ့ Xiaomi Mi 8 မွာ Quick Charge 4.0+ ကိုေထာက္ပံ့ေပးသြားမယ္ဆိုတာပါ။ Qualcomm ရဲ႕တရားဝင္ဝက္ဘ္စာမ်က္ႏွာကေန ထုတ္ျပန္ေပးလိုက္တဲ့ စာရင္းမွာပါဝင္လာခဲ့တာပဲျဖစ္ပါတယ္။ FCC ရဲ႕ထုတ္ျပန္ခ်က္မွာလည္း အျမင့္ဆုံး 18W output နဲ႔ 5V/3A, 9V/2A, 12V/1.5A ေတြကိုေထာက္ပံ့ေပးသြားမယ္လို႔ ပါဝင္ပါတယ္။  ပိုမိုေသခ်ာတဲ့ အခ်က္အလက္ေတြကိုေတာ့ ေမ၃၁ရက္ေန႔မိတ္ဆက္မွသာ သိရပါလိမ့္မယ္။

Mi 8 မွာ dual camera တပ္ဆင္ထားမွာျဖစ္ၿပီး AI နည္းပညာေထာက္ပံ့ေပးမွာပါ။ ကင္မရာမွာ မတူညီတဲ့ portrait modes ၁၂မ်ိဳးေလာက္ထည့္သြင္း ေပးထားႏုိင္ပါတယ္။ iPhone X နဲ႔ခပ္ဆင္ဆင္တူပါလိမ့္မယ္။ ပရိုဆက္ဆာပိုင္းမွာ Snapdragon 845 ျဖစ္ဖို႔ လုံးဝေသခ်ာေနပါတယ္။

Mi 8 ဟာဗားရွင္း၂မ်ိဳးနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး သူ႕ရဲ႕ေစ်းႏႈန္းေတြကေတာ့  6 GB RAM နဲ႔ 64 GB storage အတြက္ဆိုရင္  ယြမ္ 2,799 ျဖစ္ၿပီး၊ေဒၚလာနဲ႔ဆိုရင္ ၄၄၀ဝန္းက်င္ေလာက္ရွိမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ဗားရွင္းတစ္ခုျဖစ္တဲ့ 8 GB RAM နဲ႔ 128 GB storage အတြက္ကေတာ့  3,199ယြမ္(သို႔) ေဒၚလာ ၅၀၀ဝန္းက်င္ျဖစ္မွာပါ။ 8GB RAM နဲ႔ဗားရွင္းဟာ လုံးဝ high-end ကိုဦးတည္ၿပီး သြက္လက္ျမန္ဆန္ပါလိမ့္မယ္။

Unicode

Xiaomi Mi 8 ထွက်ဖို့ရက်ကလည်း တဖြေးဖြည်းနဲ့နီးလာခဲ့ပါပြီ။ ဖုန်းမထွက်ရှိသေးပေ့မယ့် သူနဲ့ပတ်သတ်တဲ့ကောလဟလတွေကတော့ တစ်ပုံတပင်ကို ဖြစ်နေပါပြီ။ ထူးခြားတဲ့လုပ်ဆောင်ချက် မှန်သမျှဒီဖုန်းမှာ ပါလာမယ်ဆိုတာကြီးပါဘဲ။ လက်တလောထွက်ထားသမျှ သတင်းတွေမှာတော့  in-display fingerprint ဆင်ဆာပါလာမယ်၊ ဖုန်းရဲ့နောက်ကျောဘက်ဟာ ဖောက်ထွင်းမြင်နိုင်တဲ့ဒီဇိုင်းဆိုတာနဲ့ 3D face unlock ပါလာမယ်ဆိုတာမျိုးတွေပါ။ အနည်းငယ်တိကျတယ်လို့ ဆိုနိုင်တာကတော့ မျက်နှာပြင်၊ဖုန်းတွင်း hardware နဲ့ စတင်ရောင်းချမယ့်ရက်၊ဈေးနှုန်းတွေလောက်ပဲ ရှိပါသေးတယ်။ အခုတော့ ပိုမိုတိကျတဲ့ အချက်အလက်ကို

Qualcomm ကနေထုတ်ပြန်လိုက်ပါပြီ။ အဲ့ဒါကတော့ Xiaomi Mi 8 မှာ Quick Charge 4.0+ ကိုထောက်ပံ့ပေးသွားမယ်ဆိုတာပါ။ Qualcomm ရဲ့တရားဝင်ဝက်ဘ်စာမျက်နှာကနေ ထုတ်ပြန်ပေးလိုက်တဲ့ စာရင်းမှာပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ FCC ရဲ့ထုတ်ပြန်ချက်မှာလည်း အမြင့်ဆုံး 18W output နဲ့ 5V/3A, 9V/2A, 12V/1.5A တွေကိုထောက်ပံ့ပေးသွားမယ်လို့ ပါဝင်ပါတယ်။  ပိုမိုသေချာတဲ့ အချက်အလက်တွေကိုတော့ မေ၃၁ရက်နေ့မိတ်ဆက်မှသာ သိရပါလိမ့်မယ်။

Mi 8 မှာ dual camera တပ်ဆင်ထားမှာဖြစ်ပြီး AI နည်းပညာထောက်ပံ့ပေးမှာပါ။ ကင်မရာမှာ မတူညီတဲ့ portrait modes ၁၂မျိုးလောက်ထည့်သွင်း ပေးထားနိုင်ပါတယ်။ iPhone X နဲ့ခပ်ဆင်ဆင်တူပါလိမ့်မယ်။ ပရိုဆက်ဆာပိုင်းမှာ Snapdragon 845 ဖြစ်ဖို့ လုံးဝသေချာနေပါတယ်။

Mi 8 ဟာဗားရှင်း၂မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး သူ့ရဲ့ဈေးနှုန်းတွေကတော့  6 GB RAM နဲ့ 64 GB storage အတွက်ဆိုရင်  ယွမ် 2,799 ဖြစ်ပြီး၊ဒေါ်လာနဲ့ဆိုရင် ၄၄၀ဝန်းကျင်လောက်ရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်ဗားရှင်းတစ်ခုဖြစ်တဲ့ 8 GB RAM နဲ့ 128 GB storage အတွက်ကတော့  3,199ယွမ်(သို့) ဒေါ်လာ ၅၀၀ဝန်းကျင်ဖြစ်မှာပါ။ 8GB RAM နဲ့ဗားရှင်းဟာ လုံးဝ high-end ကိုဦးတည်ပြီး သွက်လက်မြန်ဆန်ပါလိမ့်မယ်။

 

Leave a Reply