Paris မွာ ေမာင္းသူမဲ့ ယာဥ္ပ်ံ တကၠစီကို ဖန္တီးမယ့္ Uber

0
1543

Uber က ေမာင္းသူမဲ့ ယာဥ္ပ်ံ တကၠစီမ်ားကို ဖန္တီးေနပါတယ္။ အခုေတာ့ ျပင္သစ္ႏုိင္ငံ ပဲရစ္ၿမိဳ႕မွာ အဲဒီယာဥ္မ်ားကို တီထြင္ဖို႔အတြက္ Advanced Technologies Center အသစ္ကို တည္ေဆာက္မယ္လို႔ ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ စီမံကိန္း အမည္မွာ Uber Elevate ျဖစ္ၿပီး အဲဒီ စင္တာဟာ အေမရိကန္ျပင္ပမွာ တည္ေဆာက္တဲ့ အူဘာရဲ႕ ပထမဆံုး သုေတသန စင္တာျဖစ္ပါတယ္။

အူဘာက နည္းပညာမ်ားကို ဖန္တီးဖို႔အတြက္ ငါးႏွစ္အတြင္းမွာ ေဒၚလာ ၂၃.၄ သန္း အသံုးျပဳမယ္လို႔ ေျပာပါတယ္။ အဲဒီနည္းပညာမ်ားထဲမွာ ဥာဏ္ရည္တု ၊ ေလယာဥ္ပ်ံသန္းမႈကို ထိန္းခ်ဳပ္မယ့္ စနစ္မ်ားနဲ႔ ယာဥ္ပ်ံ တကၠစီမ်ားအတြက္ လိုအပ္တဲ့ နည္းပညာ အားလံုး ပါ၀င္ပါတယ္။ အူဘာက ပဲရစ္မွ အင္ဂ်င္နီယာေက်ာင္း တစ္ခု ျဖစ္တဲ့ Ecole Polytechnique နဲ႔လည္း ငါးႏွစ္ၾကာ ပူးေပါင္း သုေတသန ျပဳလုပ္ဖို႔ သေဘာတူညီမႈ ရထားၿပီးၿပီလို႔ ေျပာပါတယ္။

အူဘာ စီအီးအို Dara Khosrowshahi က “ အနာဂတ္ ၿမိဳ႕ေတာ္မ်ားကို တည္ေဆာက္ဖို႔အတြက္ေတာ့ ဥာဏ္ႀကီးရွင္မ်ား ပူးေပါင္း အလုပ္လုပ္ဖို႔ လိုအပ္ပါတယ္။ ကမာၻ႕ ထိပ္တန္း အင္ဂ်င္နီယာမ်ားရွိၿပီး ကမာၻ႕ေလေၾကာင္း နယ္ပယ္မွာ ထိပ္တန္းရွိတဲ့ ျပင္သစ္ဟာ ကြ်န္ေတာ္တို႔ Uber Elevate စီမံကိန္းအတြက္ေတာ့ အသင့္ေတာ္ဆံုး ျဖစ္ပါတယ္။ ေျမျပင္နဲ႔ ေ၀ဟင္မွာ အနာဂတ္ သယ္ယူပို႔ေဆာင္ေရး ယာဥ္မ်ားကို ဖန္တီးဖို႔အတြက္ Ecole Polytechnique နဲ႔ ပူးေပါင္းရတာ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ “ လို႔ ေျပာပါတယ္။

အူဘာဟာ ၂၀၁၆ ခုႏွစ္ကတည္းက ယာဥ္ပ်ံ တကၠစီမ်ားကို ဖန္တီးမယ့္ အစီအစဥ္ကို ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ကားပ်ံမ်ားကို တီထြင္ေနတာ အူဘာ တစ္ခုထဲ မဟုတ္ပါဘူး။ အနည္းဆံုုး ကုမၸဏီ ၁၉ ခုေလာက္ ရွိပါတယ္။ အဲဒီအထဲမွာ Boeing, Airbus တို႔လို နာမည္ေက်ာ္ ေလယာဥ္ ကုမၸဏီမ်ားနဲ႔႔ Google တည္ေထာင္သူ Larry Page ပိုင္တဲ့ Kitty Hawk လို ကုမၸဏီငယ္မ်ားလည္း ပါ၀င္ပါတယ္။

unicode

Paris မှာ မောင်းသူမဲ့ ယာဉ်ပျံ တက္ကစီကို ဖန်တီးမယ့် Uber

Uber က မောင်းသူမဲ့ ယာဉ်ပျံ တက္ကစီများကို ဖန်တီးနေပါတယ်။ အခုတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အဲဒီယာဉ်များကို တီထွင်ဖို့အတွက် Advanced Technologies Center အသစ်ကို တည်ဆောက်မယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ စီမံကိန်း အမည်မှာ Uber Elevate ဖြစ်ပြီး အဲဒီ စင်တာဟာ အမေရိကန်ပြင်ပမှာ တည်ဆောက်တဲ့ အူဘာရဲ့ ပထမဆုံး သုတေသန စင်တာဖြစ်ပါတယ်။

အူဘာက နည်းပညာများကို ဖန်တီးဖို့အတွက် ငါးနှစ်အတွင်းမှာ ဒေါ်လာ ၂၃.၄ သန်း အသုံးပြုမယ်လို့ ပြောပါတယ်။ အဲဒီနည်းပညာများထဲမှာ ဉာဏ်ရည်တု ၊ လေယာဉ်ပျံသန်းမှုကို ထိန်းချုပ်မယ့် စနစ်များနဲ့ ယာဉ်ပျံ တက္ကစီများအတွက် လိုအပ်တဲ့ နည်းပညာ အားလုံး ပါဝင်ပါတယ်။ အူဘာက ပဲရစ်မှ အင်ဂျင်နီယာကျောင်း တစ်ခု ဖြစ်တဲ့ Ecole Polytechnique နဲ့လည်း ငါးနှစ်ကြာ ပူးပေါင်း သုတေသန ပြုလုပ်ဖို့ သဘောတူညီမှု ရထားပြီးပြီလို့ ပြောပါတယ်။

အူဘာ စီအီးအို Dara Khosrowshahi က “ အနာဂတ် မြို့တော်များကို တည်ဆောက်ဖို့အတွက်တော့ ဉာဏ်ကြီးရှင်များ ပူးပေါင်း အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့ ထိပ်တန်း အင်ဂျင်နီယာများရှိပြီး ကမ္ဘာ့လေကြောင်း နယ်ပယ်မှာ ထိပ်တန်းရှိတဲ့ ပြင်သစ်ဟာ ကျွန်တော်တို့ Uber Elevate စီမံကိန်းအတွက်တော့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ မြေပြင်နဲ့ ဝေဟင်မှာ အနာဂတ် သယ်ယူပို့ဆောင်ရေး ယာဉ်များကို ဖန်တီးဖို့အတွက် Ecole Polytechnique နဲ့ ပူးပေါင်းရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ “ လို့ ပြောပါတယ်။

အူဘာဟာ ၂၀၁၆ ခုနှစ်ကတည်းက ယာဉ်ပျံ တက္ကစီများကို ဖန်တီးမယ့် အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကားပျံများကို တီထွင်နေတာ အူဘာ တစ်ခုထဲ မဟုတ်ပါဘူး။ အနည်းဆုံုး ကုမ္ပဏီ ၁၉ ခုလောက် ရှိပါတယ်။ အဲဒီအထဲမှာ Boeing, Airbus တို့လို နာမည်ကျော် လေယာဉ် ကုမ္ပဏီများနဲ့ Google တည်ထောင်သူ Larry Page ပိုင်တဲ့ Kitty Hawk လို ကုမ္ပဏီငယ်များလည်း ပါဝင်ပါတယ်။

Leave a Reply