iPhone X Plus မွာထပ္ျပီးေတာ့ Android ေတြကိုေက်ာ္လြန္ျပီး ကမာၻ႕စြမ္းေဆာင္ရည္အေကာင္းဆံုးစမတ္ဖုန္းျဖစ္လာႏုိင္

0
2766

Zawgyi Version

စမတ္ဖုန္းေစ်းကြက္မွာ ထူးျခားတာေတြ ျဖစ္ေနပါျပီ။ Apple က ကမာၻ႕စြမ္းေဆာင္ရည္အေကာင္းဆံုးစမတ္ဖုန္းအျဖစ္နဲ႕ မရပ္တည္ႏုိင္ေတာ့ပါဘူး။ တကယ္ေတာ့ အဲဒီစာသားေလးကို နည္းနည္းျပင္ဆင္ရလိမ့္မယ္။ Apple ရဲ႕ iPhone X, iPhone 8 Plus နဲ႕ iPhone 8တို႕မွာ အသံုးျပဳထားတဲ့ A11 Bionic processor ေလးက လက္ရွိရႏုိင္တဲ့စမတ္ဖုန္းေတြထက္ သာလြန္ေအာင္ လုပ္ေဆာင္ေပးႏုိင္ပါတယ္။ Apple ရဲ႕ flagship iPhone သံုးခုလံုးဟာ GeekBench ရဲ႕ single-core test မွာေတာင္ 4200 ရထားပါတယ္။ ထိပ္တန္း Android ဖုန္းေတာင္မွ ၃၄၀၀ ပဲရထားတာျဖစ္ပါတယ္။ 2017 iPhone ေတြတုန္းကလည္း multi-core test မွာ 10200 အထိ ရခဲ့ပါတယ္။ Android ဖုန္းထဲက အျမင့္ဆံုးဆိုတာေတာင္ 9000 ပဲရသြားပါတယ္။

iPhone X နဲ႕ Apple ရဲ႕ လက္ရွိ generation flagship ဖုန္းေတြကလည္း စြမ္းအားေတြအေတာ္မ်ားမ်ားကို ထည့္သြင္းေပးထားပါတယ္။ စြမ္းအားဆိုတာကေတာ့ Apple အတြက္ ေရးၾကီးခြင္က်ယ္ မဟုတ္ပါဘူး။ iOS မွာ တိတိက်က်ေျပာရမယ္ဆိုရင္ေတာ့ iOS 11 မွာ ကိစၥတစ္ခုျဖစ္ခဲ့ပါတယ္။ bug ၊ လံုျခံဳေရးအေပါက္မ်ား၊ RAM စီမံမႈအခက္အခဲမ်ားနဲ႕ အျခားကိစၥေတြေၾကာင့္ ၂၀၁၇ စက္တင္ဘာကတည္းကေနျပီးေတာ့ ဖုန္းေတြမွာ crash ေတြ ျဖစ္ကုန္ပါတယ္။ Apple က update ထုတ္ေပးလိုုက္တဲ့အခ်ိ္န္မွာ ပိုေကာင္းလာခဲ့ပါတယ္။ အခုဆိုရင္ေတာ့ iOS 11.3.1 ေလးဟာ ဗားရွင္းအေဟာင္းနဲ႕မတူဘဲ တုိးတက္ေကာင္းမြန္လာတာကို ေတြ႕ျမင္ရပါတယ္။ ဒါေပမယ့္လည္း performance ပိုင္းကိုေႏွာင့္ေႏွးေစတဲ့ကိစၥေလးေတြကေတာ့ ရွိေနတုန္းပါပဲ။

ဟုတ္ပါတယ္။ Apple နဲ႕ Qualcomm ရဲ႕ လက္ရွိမ်ိဳးဆက္ေတြအတြင္းမွာ ျခားနားခ်က္ေတြကေတာ့ ရွိေနဦးမွာပါ။ လက္ရွိစမတ္ဖုန္းေတြမွာ အားျဖည့္ေပးေနတဲ့ Snapdragon 845 ေတြက အထင္ၾကီးစရာ performance ေတြနဲ႕ efficiency ေတြကိုပိုင္ဆုိင္ထားပါတယ္။ RAM အမိုက္ေတြထည့္သြင္းထားတဲ့  OnePlus 6 လိုမ်ိဳးမွာ Snapdragon 845 processor ေတြက အရမ္းၾကမ္းပါတယ္။ OnePlus ရဲ႕ flagship ဖုန္းအသစ္ေတြက Galaxy S9 ကိုေက်ာ္လြန္သြားခဲ့ပါတယ္။ A11 Bionic ကေတာ့ စြမ္းအားအေကာင္းဆံုး chipset ေတြျဖစ္ပါတယ္။ Apple ကေတာ့ သရဖူကိုျပန္လည္လုယူမယ္ထင္ပါတယ္။

Apple ရဲ႕ chip fabrication partner Taiwan Semiconductor Manufacturing Co. ဟာ 2018 iPhone ေတြမွာ ထည့္သြင္းအသံုးျပဳမယ့္ မ်ိဳးဆက္သစ္ processor ေတြကို စတင္ထုတ္လုပ္ေနျပီလို႕ သိရပါတယ္။ iPhone ေမာ္ဒယ္လ္သံုးလံုးျဖစ္တဲ့ iPhone X ၊ “iPhone X Plus” ၊ mid-range iPhone တို႕ကို စက္တင္ဘာလမွာ ထုတ္လုပ္ႏုိင္ဖို႕အတြက္ ေမွ်ာ္မွန္းထားပါတယ္။ သူတုိ႕ကို စတင္ထုတ္လုုပ္ေနတဲ့ A12 processor ကို အသံုးျပဳမွာ ျဖစ္ပါတယ္။

A12 ဟာ 7-nanometer process နဲ႕ လုပ္ေဆာင္ထားတယ္လို႕ Bloomberg က သတင္းေတြတင္ျပေပးေနတာကို ၾကားထားပါတယ္။ Snapdragon 845 chipset ကို ဒီႏွစ္ရဲ႕ Android flagship အားလံုးမွာ ေတြ႕ျမင္ႏုိင္ပါတယ္။ သူ႕ကိုေတာ့ 10-nanometer process နဲ႕သံုးထားပါတယ္။ ဒီနည္းပညာကေတာ့ မႏွစ္က iPhone ေတြမွာ အသံုးျပဳခဲ့တာျဖစ္ပါတယ္။ 7-nanometer chips ေတြကေတာ့ ေသးငယ္၊ ျမန္ဆန္ျပီးေတာ့ လက္ရွိ10-nanometer chips ထက္ ပိုျပီးေတာ့ efficient ျဖစ္ပါတယ္။ ဒီေတာ့ လာမယ့္ 2018 iPhone လိုင္းေတြမွာ performance ပိုေကာင္းႏုိင္ပါတယ္။

ဒါေပမယ့္ ဒါေတြက ညီမွ်ျခင္းရဲ႕ တစ္၀က္သာရွိေနပါေသးတယ္။

Apple ရဲ႕ WWDC 2018 conference ကို ဂၽြန္၄ရက္ေန႕မွာ က်င္းပသြားမွာပါ။ အဲဒီမွာ keynote presentation ေတြကို ၾကားရပါလိမ့္မယ္။ WWDC keynote ရဲ႕ စတားကေတာ့ iOS 12 ျဖစ္ပါလိမ့္မယ္။ iOS 12 အတြက္ စီမံကိန္းၾကီးေတြ ရွိပါတယ္။ feature အသစ္ေတြလည္း ထည့္သြင္းဖုိ႕ ဆံုးျဖတ္ထားပါတယ္။ ဘာေၾကာင့္လဲ။ performance ေကာင္းမြန္ေရးနဲ႕ iOS 11 မွာ အားနည္းခဲ့တဲ့ bug ေတြကိုျပင္ဆင္ဖုိ႕ အာရံုစိုက္ထားလို႕ပါပဲ။

2018 iPhone lineup ကေန ဘာေတြေမွ်ာ္လင့္ထားလို႕ရမလဲ။ Ming-Chi Kuo ရဲ႕ ေျပာၾကားခ်က္အရ ဒီဇိုင္းပိုင္းနဲ႕ အခ်က္အလက္ေတြကို သိၾကျပီးပါျပီ။ iPhone X update ၊ “iPhone X Plus” မွာေတာ့ RAM မ်ားမ်ားစားစားပါလာမယ္။ Apple က iOS 12 မွာ performance ပိုေကာင္းေအာင္လုပ္ဖုိ႕ အထူးအေလးထားေနတာကို ေတြ႕ရပါတယ္။ A12 chipset ကိုလည္း 7-nanometer process နဲ႕ ထုတ္လုပ္ထားမွာပါ။

2018 iPhone model ေတြအားလံုးက ကမာၻေပၚမွာ စြမ္းအားအျမင့္ဆံုးနဲ႕ efficient အျဖစ္ဆံုးဖုန္းေတြျဖစ္လာမွာပါ။ ဒီေတာ့ Android ဖုန္းေတြအားလံုးကို performance နဲ႕ အျမန္ႏႈန္းေတြမွာ ထိုးခ်သြားမွာျဖစ္ပါတယ္။

Unicode Version

စမတ်ဖုန်းဈေးကွက်မှာ ထူးခြားတာတွေ ဖြစ်နေပါပြီ။ Apple က ကမ္ဘာ့စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်းအဖြစ်နဲ့ မရပ်တည်နိုင်တော့ပါဘူး။ တကယ်တော့ အဲဒီစာသားလေးကို နည်းနည်းပြင်ဆင်ရလိမ့်မယ်။ Apple ရဲ့ iPhone X, iPhone 8 Plus နဲ့ iPhone 8တို့မှာ အသုံးပြုထားတဲ့ A11 Bionic processor လေးက လက်ရှိရနိုင်တဲ့စမတ်ဖုန်းတွေထက် သာလွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Apple ရဲ့ flagship iPhone သုံးခုလုံးဟာ GeekBench ရဲ့ single-core test မှာတောင် 4200 ရထားပါတယ်။ ထိပ်တန်း Android ဖုန်းတောင်မှ ၃၄၀၀ ပဲရထားတာဖြစ်ပါတယ်။ 2017 iPhone တွေတုန်းကလည်း multi-core test မှာ 10200 အထိ ရခဲ့ပါတယ်။ Android ဖုန်းထဲက အမြင့်ဆုံးဆိုတာတောင် 9000 ပဲရသွားပါတယ်။
iPhone X နဲ့ Apple ရဲ့ လက်ရှိ generation flagship ဖုန်းတွေကလည်း စွမ်းအားတွေအတော်များများကို ထည့်သွင်းပေးထားပါတယ်။ စွမ်းအားဆိုတာကတော့ Apple အတွက် ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ iOS မှာ တိတိကျကျပြောရမယ်ဆိုရင်တော့ iOS 11 မှာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ bug ၊ လုံခြုံရေးအပေါက်များ၊ RAM စီမံမှုအခက်အခဲများနဲ့ အခြားကိစ္စတွေကြောင့် ၂၀၁၇ စက်တင်ဘာကတည်းကနေပြီးတော့ ဖုန်းတွေမှာ crash တွေ ဖြစ်ကုန်ပါတယ်။ Apple က update ထုတ်ပေးလိုုက်တဲ့အချိန်မှာ ပိုကောင်းလာခဲ့ပါတယ်။ အခုဆိုရင်တော့ iOS 11.3.1 လေးဟာ ဗားရှင်းအဟောင်းနဲ့မတူဘဲ တိုးတက်ကောင်းမွန်လာတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့်လည်း performance ပိုင်းကိုနှောင့်နှေးစေတဲ့ကိစ္စလေးတွေကတော့ ရှိနေတုန်းပါပဲ။
ဟုတ်ပါတယ်။ Apple နဲ့ Qualcomm ရဲ့ လက်ရှိမျိုးဆက်တွေအတွင်းမှာ ခြားနားချက်တွေကတော့ ရှိနေဦးမှာပါ။ လက်ရှိစမတ်ဖုန်းတွေမှာ အားဖြည့်ပေးနေတဲ့ Snapdragon 845 တွေက အထင်ကြီးစရာ performance တွေနဲ့ efficiency တွေကိုပိုင်ဆိုင်ထားပါတယ်။ RAM အမိုက်တွေထည့်သွင်းထားတဲ့ OnePlus 6 လိုမျိုးမှာ Snapdragon 845 processor တွေက အရမ်းကြမ်းပါတယ်။ OnePlus ရဲ့ flagship ဖုန်းအသစ်တွေက Galaxy S9 ကိုကျော်လွန်သွားခဲ့ပါတယ်။ A11 Bionic ကတော့ စွမ်းအားအကောင်းဆုံး chipset တွေဖြစ်ပါတယ်။ Apple ကတော့ သရဖူကိုပြန်လည်လုယူမယ်ထင်ပါတယ်။
Apple ရဲ့ chip fabrication partner Taiwan Semiconductor Manufacturing Co. ဟာ 2018 iPhone တွေမှာ ထည့်သွင်းအသုံးပြုမယ့် မျိုးဆက်သစ် processor တွေကို စတင်ထုတ်လုပ်နေပြီလို့ သိရပါတယ်။ iPhone မော်ဒယ်လ်သုံးလုံးဖြစ်တဲ့ iPhone X ၊ “iPhone X Plus” ၊ mid-range iPhone တို့ကို စက်တင်ဘာလမှာ ထုတ်လုပ်နိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်။ သူတို့ကို စတင်ထုတ်လုုပ်နေတဲ့ A12 processor ကို အသုံးပြုမှာ ဖြစ်ပါတယ်။
A12 ဟာ 7-nanometer process နဲ့ လုပ်ဆောင်ထားတယ်လို့ Bloomberg က သတင်းတွေတင်ပြပေးနေတာကို ကြားထားပါတယ်။ Snapdragon 845 chipset ကို ဒီနှစ်ရဲ့ Android flagship အားလုံးမှာ တွေ့မြင်နိုင်ပါတယ်။ သူ့ကိုတော့ 10-nanometer process နဲ့သုံးထားပါတယ်။ ဒီနည်းပညာကတော့ မနှစ်က iPhone တွေမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ 7-nanometer chips တွေကတော့ သေးငယ်၊ မြန်ဆန်ပြီးတော့ လက်ရှိ10-nanometer chips ထက် ပိုပြီးတော့ efficient ဖြစ်ပါတယ်။ ဒီတော့ လာမယ့် 2018 iPhone လိုင်းတွေမှာ performance ပိုကောင်းနိုင်ပါတယ်။
ဒါပေမယ့် ဒါတွေက ညီမျှခြင်းရဲ့ တစ်ဝက်သာရှိနေပါသေးတယ်။
Apple ရဲ့ WWDC 2018 conference ကို ဂျွန်၄ရက်နေ့မှာ ကျင်းပသွားမှာပါ။ အဲဒီမှာ keynote presentation တွေကို ကြားရပါလိမ့်မယ်။ WWDC keynote ရဲ့ စတားကတော့ iOS 12 ဖြစ်ပါလိမ့်မယ်။ iOS 12 အတွက် စီမံကိန်းကြီးတွေ ရှိပါတယ်။ feature အသစ်တွေလည်း ထည့်သွင်းဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲ။ performance ကောင်းမွန်ရေးနဲ့ iOS 11 မှာ အားနည်းခဲ့တဲ့ bug တွေကိုပြင်ဆင်ဖို့ အာရုံစိုက်ထားလို့ပါပဲ။
2018 iPhone lineup ကနေ ဘာတွေမျှော်လင့်ထားလို့ရမလဲ။ Ming-Chi Kuo ရဲ့ ပြောကြားချက်အရ ဒီဇိုင်းပိုင်းနဲ့ အချက်အလက်တွေကို သိကြပြီးပါပြီ။ iPhone X update ၊ “iPhone X Plus” မှာတော့ RAM များများစားစားပါလာမယ်။ Apple က iOS 12 မှာ performance ပိုကောင်းအောင်လုပ်ဖို့ အထူးအလေးထားနေတာကို တွေ့ရပါတယ်။ A12 chipset ကိုလည်း 7-nanometer process နဲ့ ထုတ်လုပ်ထားမှာပါ။
2018 iPhone model တွေအားလုံးက ကမ္ဘာပေါ်မှာ စွမ်းအားအမြင့်ဆုံးနဲ့ efficient အဖြစ်ဆုံးဖုန်းတွေဖြစ်လာမှာပါ။ ဒီတော့ Android ဖုန်းတွေအားလုံးကို performance နဲ့ အမြန်နှုန်းတွေမှာ ထိုးချသွားမှာဖြစ်ပါတယ်။

Leave a Reply