Geekbench ကို ေရာက္လာတဲ့ Samsung Galaxy Note 9

0
1823

Samsung Galaxy Note 9 ရဲ႕ သတင္းအခ်က္အလက္မ်ား ယခင္ကလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ယခင္ကေတာ့ အဲဒီဖုန္းမွာ Qualcomm Snapdragon 845 Chipset ပါမယ္လို႔ သိခဲ့ရပါတယ္။ အခုေတာ့ Geekbench မွ သတင္းမ်ားအရ သူ႔မွာ Exynos 9810 CPU နဲ႔ 6GB RAM ပါလာမယ္လို႔ သိရပါတယ္။

Samsung က Galaxy Note 9 မွာ Bixby Version 2.0 ကို ထည့္သြင္းေပးမယ္လို႔လည္း ေၾကညာထားပါတယ္။ ဗားရွင္း အသစ္မွာ Natural Language စြမ္းရည္မ်ား ပိုမို တိုးတက္လာမွာပါ။ သူဟာ ဆူညံတဲ့ ပတ္၀န္းက်င္မွာ ပိုင္ရွင္ရဲ႕ အသံကို ခြဲျခား နားလည္လာမွာပါ။ ဒါ့အျပင္ ေမးခြန္းမ်ားကိုလည္း ပိုမိုနားလည္လာၿပီး ျမန္ဆန္စြာ ေျဖဆိုႏုိင္လာပါတယ္။

ဆမ္ေဆာင္းရဲ႕ Device ေပါင္း ၁၄ သန္းမွာ Bixby ကို ဒီႏွစ္ထဲမွာ ထည့္သြင္းေပးဖို႔ ရွိေနပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ဆမ္ေဆာင္း Devices အားလံုးဟာ စမတ္ေနအိမ္ အတြက္ အသံုးျပဳလာႏုိင္မွာပါ။ Apple က နည္းပညာအခက္အခဲေၾကာင့္ iPhone X မွာ လက္ေလွ်ာ့ခဲ့ရတဲ့ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာအာရံုခံ ကိရိယာ ျမွပ္ႏွံတဲ့ နည္းပညာကို Samsung Galaxy Note 9 မွာ ပါမယ္လို႔ KGI Securities ရဲ႕ ခြဲျခမ္းစိတ္ျဖာသူ Ming-Chi Kuo က တြက္ဆထားပါတယ္။ အဲဒီအတြက္ Galaxy Note 9 ပိုင္ရွင္မ်ားဟာ လက္ေဗြရာကို မ်က္ႏွာျပင္ေပၚတင္လိုက္တာနဲ႔ စမတ္ဖုန္းကို Unlock ျပဳလုပ္ႏုိ္င္မွာ ျဖစ္ပါတယ္။

Samsung က Galaxy Note 9 ကို ၂၀၁၈ ခုႏွစ္ ဒုတိယ ႏွစ္၀က္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ အဲဒီနည္းပညာကို Apple က iPhone X မွာ ထည့္သြင္းဖို႔ ႀကိဳးစားခဲ့တယ္လို႔ The Wall Street Journal က ေဖာ္ျပခဲ့ဖူးပါတယ္။ ဒါေပမယ့္ iPhone X ေရာင္းခ်ဖို႔ အခ်ိန္နီးကပ္လာတဲ့တိုင္ေအာင္ ဒီနည္းပညာကို မဖန္တီးႏုိင္ေသးတဲ့အတြက္ Apple က လက္ေလွ်ာ့ခဲ့ျခင္း ျဖစ္ပါတယ္။ အဲဒီအတြက္ Apple က လက္ေဗြရာအစား မ်က္ႏွာကို ခြဲျခမ္းစိတ္ျဖာတဲ့ Face ID နည္းပညာကို iPhone X မွာ ထည့္သြင္းေပးခဲ့ျခင္း ျဖစ္ပါတယ္။

Samsung က အဲဒီနည္းပညာကို ဖန္တီးနိုင္ဖို႔ အစိတ္အပိုင္းမ်ား ေထာက္ပံ့မယ့္ ကုမၸဏီ ၃ ခု ရွိတယ္လို႔ KGI Securities က ေျပာပါတယ္။ အဲဒီကုမၸဏီမ်ားကေတာ့ Synaptics ၊ ကိုရီးယား ကုမၸဏီ BeyondEyes နဲ႔ Samsung ရဲ႕ လက္ခြဲ ကုမၸဏီ Samsung LSI တို႔ ျဖစ္ပါတယ္။

Samsung က သူ႔ရဲ႕ ဖုန္းမ်ားမွာ မ်က္ႏွာအာရံုခံ နည္းပညာ ထည့္သြင္းေပးထားေပမယ့္ Apple iPhone X ေလာက္နည္းပညာ မျမင့္မားသလို လံုျခံဳစိတ္ခ်ရမႈ အပိုင္းမွာလည္း အားနည္းပါတယ္။ Apple ဟာ အဲဒီနည္းပညာကို ၿပိဳင္ဖက္မ်ားထက္ ၂ ႏွစ္ေလာက္ေစာၿပီး ဖန္တီးနိုင္ခဲ့တယ္လို႔ ယခင္က Kuo က ေျပာခဲ့ဖူးပါတယ္။

unicode

Geekbench ကို ရောက်လာတဲ့ Samsung Galaxy Note 9

Samsung Galaxy Note 9 ရဲ့ သတင်းအချက်အလက်များ ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ယခင်ကတော့ အဲဒီဖုန်းမှာ Qualcomm Snapdragon 845 Chipset ပါမယ်လို့ သိခဲ့ရပါတယ်။ အခုတော့ Geekbench မှ သတင်းများအရ သူ့မှာ Exynos 9810 CPU နဲ့ 6GB RAM ပါလာမယ်လို့ သိရပါတယ်။

Samsung က Galaxy Note 9 မှာ Bixby Version 2.0 ကို ထည့်သွင်းပေးမယ်လို့လည်း ကြေညာထားပါတယ်။ ဗားရှင်း အသစ်မှာ Natural Language စွမ်းရည်များ ပိုမို တိုးတက်လာမှာပါ။ သူဟာ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ ပိုင်ရှင်ရဲ့ အသံကို ခွဲခြား နားလည်လာမှာပါ။ ဒါ့အပြင် မေးခွန်းများကိုလည်း ပိုမိုနားလည်လာပြီး မြန်ဆန်စွာ ဖြေဆိုနိုင်လာပါတယ်။

ဆမ်ဆောင်းရဲ့ Device ပေါင်း ၁၄ သန်းမှာ Bixby ကို ဒီနှစ်ထဲမှာ ထည့်သွင်းပေးဖို့ ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဆမ်ဆောင်း Devices အားလုံးဟာ စမတ်နေအိမ် အတွက် အသုံးပြုလာနိုင်မှာပါ။ Apple က နည်းပညာအခက်အခဲကြောင့် iPhone X မှာ လက်လျှော့ခဲ့ရတဲ့ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို Samsung Galaxy Note 9 မှာ ပါမယ်လို့ KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က တွက်ဆထားပါတယ်။ အဲဒီအတွက် Galaxy Note 9 ပိုင်ရှင်များဟာ လက်ဗွေရာကို မျက်နှာပြင်ပေါ်တင်လိုက်တာနဲ့ စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Samsung က Galaxy Note 9 ကို ၂၀၁၈ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို Apple က iPhone X မှာ ထည့်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ The Wall Street Journal က ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် iPhone X ရောင်းချဖို့ အချိန်နီးကပ်လာတဲ့တိုင်အောင် ဒီနည်းပညာကို မဖန်တီးနိုင်သေးတဲ့အတွက် Apple က လက်လျှော့ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် Apple က လက်ဗွေရာအစား မျက်နှာကို ခွဲခြမ်းစိတ်ဖြာတဲ့ Face ID နည်းပညာကို iPhone X မှာ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။

Samsung က အဲဒီနည်းပညာကို ဖန်တီးနိုင်ဖို့ အစိတ်အပိုင်းများ ထောက်ပံ့မယ့် ကုမ္ပဏီ ၃ ခု ရှိတယ်လို့ KGI Securities က ပြောပါတယ်။ အဲဒီကုမ္ပဏီများကတော့ Synaptics ၊ ကိုရီးယား ကုမ္ပဏီ BeyondEyes နဲ့ Samsung ရဲ့ လက်ခွဲ ကုမ္ပဏီ Samsung LSI တို့ ဖြစ်ပါတယ်။

Samsung က သူ့ရဲ့ ဖုန်းများမှာ မျက်နှာအာရုံခံ နည်းပညာ ထည့်သွင်းပေးထားပေမယ့် Apple iPhone X လောက်နည်းပညာ မမြင့်မားသလို လုံခြုံစိတ်ချရမှု အပိုင်းမှာလည်း အားနည်းပါတယ်။ Apple ဟာ အဲဒီနည်းပညာကို ပြိုင်ဖက်များထက် ၂ နှစ်လောက်စောပြီး ဖန်တီးနိုင်ခဲ့တယ်လို့ ယခင်က Kuo က ပြောခဲ့ဖူးပါတယ်။

Leave a Reply