Essential Phone 2 ထြက္လာေတာ့မွာ မဟုတ္

0
1689

Essential က ဒုတိယမ်ိဳးဆက္ စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်ေတာ့မွာ မဟုတ္ဘဲ ကုမၸဏီအား ေရာင္းခ်ေတာ့မယ္လို႔ Bloomberg က ေရးသားထားပါတယ္။ အေသးစိတ္ သတင္းအခ်က္အလက္မ်ားကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ Essential ဟာ ထုတ္ကုန္ အသစ္မ်ားကို အတြက္ အစီအစဥ္ရွိတယ္လို႔ သတင္းမ်ားက ဆိုပါတယ္။

ေသခ်ာတာတစ္ခုကေတာ့ သူ႔ရဲ႕ ဒုတိယမ်ိဳးဆက္ စမတ္ဖုန္းကေတာ့ ထြက္လာမွာ မဟုတ္ပါဘူး။ အရင္တုန္းကေတာ့ အဲဒီ ဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ စီစဥ္ထားခဲ့ပါတယ္။ Bloomberg က ကုမၸဏီမွ အင္ဂ်င္နီယာမ်ားဟာ လာမယ့္ႏွစ္မွာ ေရာင္းခ်မယ္လို႔ ထင္ရတဲ့ စမတ္ေနအိမ္ ထုတ္ကုန္ တစ္ခုကို ဖန္တီးေနတယ္လို႔ ေျပာပါတယ္။ ဒါဟာ Essential တစ္ႏွစ္အၾကာက ေၾကညာခဲ့တဲ့ Echo ၿပိဳင္ဖက္ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ အဲဒီေနာက္ပိုင္း သူ႔ရဲ႕ သတင္းမ်ားကို မၾကားရေတာ့ပါဘူး။

Essential ဟာ ဖုန္း စီးပြားေရး လုပ္ငန္းထဲမွာပဲ ရွိေနဦးမယ္လို႔ Bloomberg က ေျပာပါတယ္။ ဒါေပမယ့္ ဖုန္း ဒီဇိုင္းမ်ားကို ကိုယ္တိုင္ တည္ေဆာက္မွာ မဟုတ္ဘဲ Foxconn ကို ခုိင္းေစမယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ ပထမဆံုး Essential Phone ဟာ အလံုးေရ ၁၅၀ ၀၀၀ ၀န္းက်င္သာ ေရာင္းခ်ခဲ့ရပါတယ္။ Essential ဟာ အခု ကုမၸဏီကို ေရာင္းခ်မယ္ဆိုရာမွာ Patent, Hardware နဲ႔ ေနာက္လုပ္မယ့္ စီမံကိန္းမ်ား အားလံုး ပါ၀င္တယ္လို႔ သိရပါတယ္။ ကုမၸဏီဟာ ၀ယ္ယူမယ့္ လူကို ရွာေနပါတယ္။

Essential မွ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက “ ကုမၸဏီဟာ ပိုမို ေအာင္ျမင္မယ့္ ထုတ္ကုန္မ်ားအတြက္ လက္ရွိ ဖန္တီးေနတဲ့ ထုတ္ကုန္ အခ်ိဳ႕ကို ရပ္နားမွာ ျဖစ္ပါတယ္။ မိုဘိုင္းနဲ႔ စမတ္ ေနအိမ္ ထုတ္ကုန္မ်ား အပါအ၀င္ ေတာ္လွန္ဆန္းသစ္တဲ့ ထုတ္ကုန္မ်ားကို အနာဂတ္မွာ အာရံုစိုက္ လုပ္ေဆာင္မွာျဖစ္ပါတယ္။ “ လို႔ TheVerge အား အီးေမးကေန ေျဖဆိုခဲ့ပါတယ္။

unicode

Essential Phone 2 ထွက်လာတော့မှာ မဟုတ်

Essential က ဒုတိယမျိုးဆက် စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချတော့မှာ မဟုတ်ဘဲ ကုမ္ပဏီအား ရောင်းချတော့မယ်လို့ Bloomberg က ရေးသားထားပါတယ်။ အသေးစိတ် သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Essential ဟာ ထုတ်ကုန် အသစ်များကို အတွက် အစီအစဉ်ရှိတယ်လို့ သတင်းများက ဆိုပါတယ်။

သေချာတာတစ်ခုကတော့ သူ့ရဲ့ ဒုတိယမျိုးဆက် စမတ်ဖုန်းကတော့ ထွက်လာမှာ မဟုတ်ပါဘူး။ အရင်တုန်းကတော့ အဲဒီ ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားခဲ့ပါတယ်။ Bloomberg က ကုမ္ပဏီမှ အင်ဂျင်နီယာများဟာ လာမယ့်နှစ်မှာ ရောင်းချမယ်လို့ ထင်ရတဲ့ စမတ်နေအိမ် ထုတ်ကုန် တစ်ခုကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ ဒါဟာ Essential တစ်နှစ်အကြာက ကြေညာခဲ့တဲ့ Echo ပြိုင်ဖက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း သူ့ရဲ့ သတင်းများကို မကြားရတော့ပါဘူး။

Essential ဟာ ဖုန်း စီးပွားရေး လုပ်ငန်းထဲမှာပဲ ရှိနေဦးမယ်လို့ Bloomberg က ပြောပါတယ်။ ဒါပေမယ့် ဖုန်း ဒီဇိုင်းများကို ကိုယ်တိုင် တည်ဆောက်မှာ မဟုတ်ဘဲ Foxconn ကို ခိုင်းစေမယ်လို့ သိရပါတယ်။ သူ့ရဲ့ ပထမဆုံး Essential Phone ဟာ အလုံးရေ ၁၅၀ ၀၀၀ ဝန်းကျင်သာ ရောင်းချခဲ့ရပါတယ်။ Essential ဟာ အခု ကုမ္ပဏီကို ရောင်းချမယ်ဆိုရာမှာ Patent, Hardware နဲ့ နောက်လုပ်မယ့် စီမံကိန်းများ အားလုံး ပါဝင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ ဝယ်ယူမယ့် လူကို ရှာနေပါတယ်။

Essential မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက “ ကုမ္ပဏီဟာ ပိုမို အောင်မြင်မယ့် ထုတ်ကုန်များအတွက် လက်ရှိ ဖန်တီးနေတဲ့ ထုတ်ကုန် အချို့ကို ရပ်နားမှာ ဖြစ်ပါတယ်။ မိုဘိုင်းနဲ့ စမတ် နေအိမ် ထုတ်ကုန်များ အပါအဝင် တော်လှန်ဆန်းသစ်တဲ့ ထုတ်ကုန်များကို အနာဂတ်မှာ အာရုံစိုက် လုပ်ဆောင်မှာဖြစ်ပါတယ်။ “ လို့ TheVerge အား အီးမေးကနေ ဖြေဆိုခဲ့ပါတယ်။

Leave a Reply