Posted on Leave a comment

Apple iPad Smart Cover မွာ Notification မ်ားကို ျပသေပးမယ့္ Display ပါလာႏုိင္

Apple က iPad Pro ရဲ႕ စမတ္ ကာဗာကို ပိုမို စမတ္က်ေအာင္ လုပ္ေပးႏိုင္မယ့္ နည္းလမ္းမ်ားကို ဖန္တီးေနပါတယ္။ ကုမၸဏီက Notifications လို အရာမ်ားကို ျပသေပးမယ့္ မ်က္ႏွာျပင္တစ္ခုကို စမတ္ ကာဗာမွာ တပ္ဆင္ထားတဲ့ Patent တစ္ခုကို မွတ္ပံုတင္လိုက္ပါတယ္။ အဲဒီအတြက္ သင့္ တက္ဘလက္မွ Notifications မ်ားကို ၾကည့္ဖို႔ ကာဗာကို လွန္စရာ မလိုေတာ့ပါဘူး။

Patent မွ သတင္းအခ်က္အလက္မ်ားအရ Apple ဟာ ဒီလို နည္းလမ္းမ်ိဳးကို ဖန္တီးေနတာ အခ်ိန္အေတာ္ၾကာေနၿပီ ျဖစ္ပါတယ္။ ယခု Patent ဟာ ၂၀၁၂ ခုႏွစ္က စတင္ခဲ့တဲ့ Patent ကို အဆင့္ျမွင့္ထားတာ ျဖစ္ပါတယ္။

Patent မွာ စမတ္ ကာဗာ အသစ္ဟာ လက္ရွိ စမတ္ ကာဗာမ်ားနဲ႔ ပံုသ႑ာန္ အပိုင္းမွာ တူညီပါတယ္။ သူဟာ အိုင္ပတ္ကို ကာကြယ္ေပးမွာ ျဖစ္ၿပီး သံုးေခါက္ ေခါက္ခ်ိဳးႏိုင္ပ ါတယ္။ ကာဗာရဲ႕ အထက္မွာ Notifications မ်ားလို အရာမ်ားကို ျပသေပးတဲ့ မ်က္ႏွာျပင္ တစ္ခု ပါပါတယ္။ ကာဗာမွာ အိုင္ပတ္ရဲ႕ မ်က္ႏွာျပင္ကို ေဖာက္ထြင္းျမင္ရတဲ့ ဧရိယာတစ္ခုလည္း ပါပါတယ္။

Patent က Notifications မ်ားကိုလည္း ဦးစားေပး အဆင့္မ်ားျဖင့္ ျပသမယ္လို႔ ေဖာ္ျပထားပါတယ္။ ဥပမာအားျဖင့္ စမတ္ကာဗာကို သံုးတဲ့အခါမွာ အီးေမးလို အေရးႀကီးတဲ့ Notifications မ်ားကို ထိပ္ဆံုးမွာ ျပသေပးထားၿပီး အေရးမႀကီးတဲ့ Notifications မ်ားကို သူ႔ရဲ႕ ေအာက္မွာ ျပသေပးမွာ ျဖစ္ပါတယ္။

စမတ္ ကာဗာ အသစ္ကို ဘယ္အခ်ိန္မွာ ေရာင္းခ်မလဲ ဆိုတာကို မသိရေသးပါဘူး။ Apple ကလည္း အဲဒီ Patent ကို တကယ္ ဖန္တီး ေရာင္းခ်ႏုိင္မလားဆိုတာကလည္း ေစာင့္ၾကည့္ရဦးမွာပါ။ Apple နဲ႔ နည္းပညာ ကုမၸဏီမ်ားဟာ Patent မ်ားစြာကို မွတ္ပံုတင္ထားေပမယ့္ တကယ္ ထုတ္လုပ္ေရာင္းခ်ျခင္း မရွိတဲ့ Patents မ်ားစြာလည္း ရွိပါတယ္။

unicode

Apple iPad Smart Cover မှာ Notification များကို ပြသပေးမယ့် Display ပါလာနိုင်

Apple က iPad Pro ရဲ့ စမတ် ကာဗာကို ပိုမို စမတ်ကျအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းများကို ဖန်တီးနေပါတယ်။ ကုမ္ပဏီက Notifications လို အရာများကို ပြသပေးမယ့် မျက်နှာပြင်တစ်ခုကို စမတ် ကာဗာမှာ တပ်ဆင်ထားတဲ့ Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီအတွက် သင့် တက်ဘလက်မှ Notifications များကို ကြည့်ဖို့ ကာဗာကို လှန်စရာ မလိုတော့ပါဘူး။

Patent မှ သတင်းအချက်အလက်များအရ Apple ဟာ ဒီလို နည်းလမ်းမျိုးကို ဖန်တီးနေတာ အချိန်အတော်ကြာနေပြီ ဖြစ်ပါတယ်။ ယခု Patent ဟာ ၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ Patent ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

Patent မှာ စမတ် ကာဗာ အသစ်ဟာ လက်ရှိ စမတ် ကာဗာများနဲ့ ပုံသဏ္ဍာန် အပိုင်းမှာ တူညီပါတယ်။ သူဟာ အိုင်ပတ်ကို ကာကွယ်ပေးမှာ ဖြစ်ပြီး သုံးခေါက် ခေါက်ချိုးနိုင်ပ ါတယ်။ ကာဗာရဲ့ အထက်မှာ Notifications များလို အရာများကို ပြသပေးတဲ့ မျက်နှာပြင် တစ်ခု ပါပါတယ်။ ကာဗာမှာ အိုင်ပတ်ရဲ့ မျက်နှာပြင်ကို ဖောက်ထွင်းမြင်ရတဲ့ ဧရိယာတစ်ခုလည်း ပါပါတယ်။

Patent က Notifications များကိုလည်း ဦးစားပေး အဆင့်များဖြင့် ပြသမယ်လို့ ဖော်ပြထားပါတယ်။ ဥပမာအားဖြင့် စမတ်ကာဗာကို သုံးတဲ့အခါမှာ အီးမေးလို အရေးကြီးတဲ့ Notifications များကို ထိပ်ဆုံးမှာ ပြသပေးထားပြီး အရေးမကြီးတဲ့ Notifications များကို သူ့ရဲ့ အောက်မှာ ပြသပေးမှာ ဖြစ်ပါတယ်။

စမတ် ကာဗာ အသစ်ကို ဘယ်အချိန်မှာ ရောင်းချမလဲ ဆိုတာကို မသိရသေးပါဘူး။ Apple ကလည်း အဲဒီ Patent ကို တကယ် ဖန်တီး ရောင်းချနိုင်မလားဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။ Apple နဲ့ နည်းပညာ ကုမ္ပဏီများဟာ Patent များစွာကို မှတ်ပုံတင်ထားပေမယ့် တကယ် ထုတ်လုပ်ရောင်းချခြင်း မရှိတဲ့ Patents များစွာလည်း ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.