0
1658
Mi Series
Redmi Series
unicode
Xiaomi MIUI 10 Closed Beta အတွက် စာရင်းပေးသွင်းနိုင်ပြီ
တရုတ် နိုင်ငံ ရှန်ဇန်မှာ ဒီလကုန်မှာ Mi 8 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ရှောင်မီက အဲဒီ ပွဲမှာ MIUI 10 ကိုလည်း ကြေညာမယ်လို့လည်း အတည်ပြုထားပါတယ်။ ရှောင်မီက တရုတ်မှလူများအတွက် MIUI 10 Closed Beta ကို အစောဆုံး စမ်းသပ်အသုံးပြုနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ Beta Version ကို ထည့်သွင်းနိုင်မယ့် Device များကို အောက်မှာ ဖော်ပြထားပါတယ်။
Mi Series
Mi 3, Mi 4, Mi 4s, Mi 4c, Mi 5, Mi 5s, Mi 5s Plus, Mi 5x, Mi 6, Mi Max, Mi Max 2, Mi Mix, Mi Mix 2, Mi Mix 2S, Mi Note 2, Mi Note 3
Redmi Series
Redmi Y1, Redmi Y1 Lite, Redmi Note 3, Redmi Note 3 Pro, Redmi Note 4, Redmi Note 4X, Redmi 5A, Redmi 5, Redmi 5 Plus, Redmi 4A, Redmi 4X, Redmi 4, Redmi 3, Redmi 3S, Redmi 3 Prime, Redmi3X, and Redmi Pro
စာရင်းပေးသွင်းထားသူများထဲကနေ သတ်မှတ်ချက်နဲ့ ကိုက်ညီသူများဟာ မေလ ၃၁ ရက်နေ့ ပွဲပြီးနောက်မှာ MIUI 10 Closed Beta ကို ရရှိမှာ ဖြစ်ပါတယ်။ MIUI 10 ဟာ ယခင်မျိုးဆက်ထက် စွမ်းဆောင်ရည်အပိုင်းမှာ ပိုမို မြင့်မားလာပါတယ်။ Android 5.0 Lollipop ထည့်ထားတဲ့ Device များမှာ MIUI 10 ဖိုင်နယ် ဗားရှင်းကို အသုံးပြုလို့ မရဘူးလို့ သတင်းထွက်နေပါတယ်။
Xiaomi Mi 8 မှာ Qualcomm Snapdragon 845 Chipset ပါမယ်လို့ စီအီးအိုက အတည်ပြုထားပြီး ပါပြီ။ သူ့မှာ Apple iPhone X လို 3D Face Scanning နည်းပညာလည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူ့ကို မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ 6GB RAM/64GB Storage ကို ၄၄၀ ဒေါ်လာနဲ့ စွမ်းရည်မြင့် 8GB RAM/128GB Storage ကို ၅၀၀ ဒေါ်လာ သတ်မှတ်ထားမှာပါ။
သူ့မှာ ၆.၀၁ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Width ကျယ်တဲ့ Notch ပါလာနိုင်ပါတယ်။ အခြား ကုမ္ပဏီများလိုပဲ ရှောင်မီက အဲဒီ ဖုန်းရဲ့ ကင်မရာမှာ ဉာဏ်ရည်တု နည်းပညာများ ပါလာမှာပါ။ မတူညီတဲ့ Portrait Mode ၁၂ မျိုးကိုလည်း ကင်မရာက ဖန်တီးပေးနိုင်ပါတယ်။ Scenes ပေါင်း ၂၀၀ ကျော်ကို ခွဲခြား စိတ်ဖြာနိုင်ပါတယ်။
Mi 8 ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပြသထားတဲ့ ဗီဒီယိုလေး ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ စမတ်ဖုန်းရဲ့ အိုင်ကွန်များဟာ Xiaomi MIUI Skin ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းဟာ Mi 8 ဖြစ်နိုင်ပါတယ်။ ဗီဒီယိုမှာ User တစ်ဦးဟာ ဖုန်ုး မျက်နှာပြင်ပေါ်ကို လက်ဖြင့် ထိ၍ Unlock ပြုလုပ်နေတာကို ပြသထားပါတယ်။
Leave a Reply