OnePlus 6 Review

0
1107

Zawgyi Version

OnePlus 6 ကို ျဖန္႕ခ်ိေတာ့့မွာပါ။

ဖုန္းအသစ္တစ္လံုးကို ေျခာက္လတစ္ၾကိမ္ထုတ္တတ္တဲ့ OnePlus ေၾကာင့္ OnePlus 6T ကို ႏို၀င္ဘာလမွာ ေတြ႕ျမင္ရနုိင္တယ္ဆိုတာ ေအးေဆးေျပာလို႕ရပါတယ္။ tried-and-true formula ေၾကာင့္ upgrade ေလးေတြလည္း လုပ္ထားတာကို ေတြ႕ျမင္ရပါလိမ့္မယ္။


အခုခ်က္ခ်င္းလိုခ်င္ေနျပီဆိုရင္ေတာ့ ၊ Android experience ေကာင္းေကာင္းေလးကိုလည္း ခံစားခ်င္တယ္ဆိုပါေတာ့ OnePlus 6 က သင့္အတြက္ အေကာင္းဆံုးေရြးခ်ယ္မႈတစ္ခုလို႕ပဲ ေျပာလိုက္ပါရေစ။


အရင္တုန္းကေမာ္ဒယ္လ္ေတြမွာ သ္ိသာထင္ရွားတဲ့ အားနည္းခ်က္ေတြျဖစ္တဲ့ ကင္မရာအရည္အေသြးပိုင္းမွာ အားနည္းခဲ့ေပမယ့္လည္း OnePlus ဟာ ခ်ိဳ႕ယြင္းခ်က္ေတြအမ်ားၾကီးေတာ့ မရွိပါဘူး။
ကဲ hardware ပိုင္းကိုေျပာၾကည့္မယ္
OnePlus 6 ရဲ႕ အခ်ိဳးအစားေတြကေတာ့ အရင္ထြက္ခဲ့တဲ့ all-metal မ်ိဳးဆက္ေတြနဲ႕ အတူတူပါပဲ။ ဒါေပမယ့္ အထူနဲ႕ အေလးခ်ိန္ကေတာ့ မ်ားလာပါတယ္။ Gorilla Glass 5 ကို ပထမဆံုးအၾကိမ္အေနနဲ႕ အသံုးျပဳထားတာကို ေတြ႕ျမင္ရမွာပါ။ အရင္ထြက္ခဲ့တဲ့ OnePlus တုိင္းထက္ေကာင္းတဲ့ပံုပါပဲ။


ေစ်းႏႈန္းပိုင္းအရၾကည့္ျပန္ရင္လည္း OnePlus 6 က မိုက္ပါတယ္။ ဟုတ္ပါတယ္။ ၆.၂၈လက္မ Optic AMOLED display ရဲ႕ထိပ္မွာ notch ေလးကို ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း OnePlus 5T ထက္ မၾကီးဘူး။ အသံုးျပဳႏုိင္တဲ့မွန္သားျပင္ေနရာကို ခ်ဲ႕ထားတာလို႕ ယူဆမိပါတယ္။ notch ေၾကာင့္ status bar ေလးကိုျပင္ဆင္ထားျခင္းကလည္း စိတ္အေႏွာင့္အယွက္ျဖစ္ေလာက္စရာ မရွိပါဘူး။ screen ပိုင္းအရမွာလည္း ေတာက္ပတယ္၊ အေရာင္စံုတယ္၊ Huawei ရဲ႕ flagship ေတြလိုပဲ QHD အထိေျပာင္းႏုိင္တဲ့ option ေတြကိုလည္း ေတြ႕ျမင္ရမွာပါ။


ေစ်းၾကီးတယ္လို႕ခံစားရတယ္။


ေက်ာျပင္ကိုၾကည့္လုိက္မယ္ဆိုရင္ေတာ့ OnePlus 6 မွာ သြင္ျပင္ေလးေတြ အေတာ္ၾကီးေျပာင္းလဲထားတာကို ေတြ႕ရပါလိမ့္မယ္။ ကင္မရာႏွစ္လံုးကို ေဒါင္လုိက္စီတဲ့အျပင္ second ကင္မရာကိုလည္း နည္းနည္းေလး ကြဲျပားေအာင္ ျပဳလုပ္ထားတာကို ေတြ႕ျမင္ရမွာပါ။
အေနာက္ fingerprint sensor ကေတာ့ OnePlus 5T မွာ ကနဦးထည့္သြင္းေပးခဲ့တာျဖစ္ျပီးေတာ့ အခုအခ်ိန္မွာ ဖုန္းရဲ႕ေအာက္ဘက္နည္းနည္းေရာက္သြားတယ္လို႕ ခံစားရပါတယ္။ ဒါေပမယ့္လည္း အဲဒါကို သိပ္မသံုးျဖစ္ေတာ့ပါဘူး။ ဘာလို႕လဲဆိုေတာ့ အဲဒီဖုန္းမွာပါတဲ့ face recognition ကို စိတ္ခ်ရလို႕ပါပဲ။ OnePlus 6 မွာ notification ေလးျမင္ရဖုိ႕အတြက္ fingerprint ကို ေအာက္ကိုပြတ္ဆြဲသံုးရတဲ့ gesture မပါ၀င္ေနတာက ၀မ္းနည္းစရာတစ္ခုပါပဲ။ 5T မွာတုန္းက ရခဲ့ပါတယ္။


OnePlus 6 ရဲ႕ ေအာက္ေျခမွာ headphone jack ေလးကို ေတြ႕ျမင္ေနရပါေသးတယ္။ ေအာက္ဘက္ကိုမ်က္ႏွာမူထားတဲ့ စပီကာတစ္လံုးကို ေတြ႕ျမင္ရမွာပါ။ အသံကေတာ့ က်ယ္ေလာင္ပါတယ္။ USB-C port လည္း ရွိပါတယ္။ vibration motor ေလးကေတာ့ အရင္ဖုန္းအတုိင္း ပါ၀င္ေနဆဲပါပဲ။ ဖုန္းကိုတစ္ပတ္ေလာက္အသံုးျပဳျပီးတဲ့အခ်ိန္မွာေတာ့ အရည္အေသြးနိမ့္တဲ့ vibration motor ေလးက အမွားရွာခ်င္လာပါတယ္။ ဆက္မကိုင္ခ်င္ေလာက္ေအာင္ ျဖစ္ေနတာပါပဲ။ တခ်ိန္တည္းမွာပဲ ကၽြန္ေတာ့မိိတ္ေဆြ Alex Dobie က OnePlus 6 ကို တစ္ပတ္ေလာက္ သံုးစြဲျပီးေနပါျပီ။ ဒါေပမယ့္ ထိေတြ႕ခံစားမႈနဲ႕ပတ္သတ္လို႕ကေတာ့ ဘာအေရးမွမၾကံဳတာကုိ ေတြ႕လိုက္ရပါတယ္။
ၾကိဳးမဲ့အားသြင္းစနစ္မပါ၀င္ျခင္းက နည္းနည္းေတာ့ စဥ္းစားစရာပါပဲ။ ဒါေပမယ့္လည္း အမ်ားၾကီးေတာ့ မဟုတ္ပါဘူး။ USB Power Delivery standard ကို OnePlus ရဲ႕ Dash Charge ကို အသံုးျပဳထားပါတယ္။ ၾကိဳးမဲ့အားသြင္းစနစ္က ၾကိဳးနဲ႕အားသြင္းျခင္းထက္ ဆုတ္ယုတ္မႈပိုမ်ားတယ္လို႕ OnePlus က ေျပာထားပါတယ္။ ဒီေတာ့ အလုပ္၊ အိပ္ခန္းနဲ႕ ကားအတြက္ အားအျမန္ဆံုးရခ်င္တယ္ဆိုရင္ ေနာက္ထပ္တစ္ခု၀ယ္ရမွာလား။ car charger တစ္ခုအတြက္ဆိုရင္ေတာင္မွ ေဒၚလာ၃၀ေလာက္ရွိတာေလ။ ဒီေတာ့ စဥ္းစားေပါ့။
Hardware ပိုင္းေကာင္းသေလာက္ ေငြေတြလည္း ကုန္သြားမွာပါ။ OnePlus က နည္းဗ်ဴဟာက်က် သက္သာေအာင္လုပ္ထားတယ္။ screen resolution, haptics, speaker output, wireless charging ေတြကို ေလ်ာ့ခ်ထားတယ္ေလ။ ဒီေတာ့ ျပိဳင္ဘက္ေတြထက္ ေစ်းသက္သာေနတာ မဆန္းေတာ့ပါဘူး။


စြမ္းအားလား အျပည့္ပါပဲ။
Screen 6.28-inch OLED
SoC Snapdragon 845
RAM 6/8GB
Storage 64/128/256GB
Camera 1 16MP rear, ƒ/1.7, OIS
Camera 2 20MP rear, ƒ/1.7
Battery 3300mAh
Connectivity Gigabit LTE, 27 LTE bands
Security Fingerprint, face unlock
Dimensions 155.7 x 75.4 x 7.75 mm
Weight 177 grams
Colors Mirror Black, Midnight Black, Silk White
Price $529, $579, $679

OnePlus အတြက္ $629 256GB storage ၊ 8GB RAM ဆိုတာကေတာ့ ပထမဆံုးအၾကိမ္အေနနဲ႕ ထုတ္လုပ္တာျဖစ္ပါတယ္။
$529 တန္ေမာ္ဒယ္လ္အတြက္ဆိုရင္ေတာ့ 6GB RAM နဲ႕ 64GB storage ရမွာပါ။ ေတာ္ရံုလူေတြအတြက္ကေတာ့ ဒီေမာ္ဒယ္လ္ေလးက လံုေလာက္ေနပါျပီ။ storage ထပ္ခ်ဲ႕လို႕မရတဲ့အတြက္ နည္းနည္းေတာ့ အဆင္မေျပျဖစ္ႏုိင္လို႕ $579 တန္ကို ေရြးရမယ့္အေနအထားလည္းရွိေနပါတယ္။ သူကေတာ့ 8GB RAM နဲ႕ 128GB storage တို႕ကို အသံုးျပဳထားပါတယ္။ အေရာင္အေနနဲ႕ Midnight Black နဲ႕ Silk White တို႕ကိုပါ ထပ္ေဆာင္း၀ယ္ယူႏုိင္မွာ ျဖစ္ပါတယ္။ ပံုမွန္ေမာ္ဒယ္လ္ေတြဆိုရင္ေတာ့ Mirror Black ကိုပဲရႏုိင္မွာ ျဖစ္ပါတယ္။
အေရာင္သံုးေရာင္စလံုးကေတာ့ ခံ့ညားတာအမွန္ပါပဲ။
အရင္ ကၽြန္ေတာ္ေျပာဖူးသလိုပါပဲ။ ပါ၀င္သင့္တဲ့အရာေလး အနည္းငယ္ေလာက္ကလြဲရင္ အျပစ္ရွာဖို႕ခက္ပါတယ္ဆို။ ျပီးေတာ့ OnePlus ရဲ႕ဖန္စစ္စစ္ဆိုရင္ အျပစ္မျမင္ေတြ ျဖစ္ကုန္မွာပါ။ Qualcomm ရဲ႕ X16 baseband ေၾကာင့္ gigabit speeds ကိုေရာက္ရွိသြားျပီး gigabit speeds ကိုလည္း ေထာက္ပံ့ေပးႏုိင္ပါတယ္။ CDMA အသံုးျပဳခြင့္မရွိတာေလးကေတာ့ စိတ္မေကာင္းစရာပါပဲ။
အျမန္ႏႈန္း 50Mbps အထိ ရႏုိင္တာကိုေတြ႕ရပါတယ္။ Wi-Fi နဲ႕ Bluetooth မွာဆုိရင္လည္း ေတာင့္ပါတယ္။ GPS လည္း ထိုနည္းတူပါပဲ။ ဖုန္းေကာလ္ေတြ အမ်ားၾကီးမသံုးခဲ့ေပမယ့္လည္း က်ယ္ေလာင္ျပီးေတာ့ ရွင္းလင္းျပတ္သားတာကို ေတြ႕ရပါတယ္။


အားသာခ်က္ေတြအေနနဲ႕ကေတာ့ OnePlus 6 က unlock ျဖစ္တယ္၊ ဆင္းကဒ္ႏွစ္ခု အသံုးျပဳလို႕ရတယ္။ ႏွစ္ခုလံုးမွာ LTE ရတယ္ဆိုေတာ့ OnePlus လုိင္းထဲမွာ ပထမဆံုးပဲ။
3300mAh ဘတ္ထရီဆိုေတာ့ OnePlus 5series လိုပဲ မေျပာင္းလဲထားပါဘူး။ OnePlus 3 series ထက္ နည္းနည္းေလး က်သြားပါတယ္။ processor efficiencies နဲ႕ software ပုိင္းတိုးတက္မႈေတြေၾကာင့္ performance ေကာင္းေကာင္းလုပ္ႏုိင္တယ္လို႕ေတာ့ အသံေကာင္းဟစ္ထားပါတယ္။ စမ္းၾကည့္ရသေလာက္ကေတာ့ မွန္တယ္လို႕ ေျပာရမယ္။ OnePlus 6 က ကၽြန္ေတာ့အတြက္ တစ္ေနကုန္သြားတာေတာင္မွ အသံုးျပဳလို႕ရေနဆဲပါ။ power-saving settings ကလည္း အသံုးၾကမ္းတဲ့သူေတြအတြက္ အဆင္ေျပေစမွာပါ။
ညအခ်ိန္မွာေတာ့ OnePlus ရဲ႕ ေကာင္းမြန္တဲ့ Reading Mode ေလးကိုေတြ႕လိုက္ရတယ္။ blue light သတ္ေပးတဲ့ Night Mode မဟုတ္ပါဘူး။ ဒီေတာ့ Kindle app ထဲက ကၽြန္ေတာ့ကို ေစာင့္ဆုိင္းေနတဲ့စာအုပ္ေတြကို ဖတ္ရွဳျဖစ္ပါေတာ့တယ္။ Instagram မပြတ္ျဖစ္ေတာ့ပါဘူး။ အရမ္းမုိက္ျပီး အသံုးက်တဲ့ feature ေလးတစ္ခုပါပဲ။
ေနာက္ဆံုးအေနနဲ႕ ေရစိုခံႏုိင္မႈအတြက္ IP rating မပါ၀င္ေပမယ့္လည္း OP6 က ေန႕စဥ္အသံုးျပဳမႈအတြင္းမွာ ေရစိုႏုိင္တဲ့ပမာဏကိုေတာ့ ခံႏုိင္တယ္္လုိ႕ ေျပာၾကားထားတာကို ေတြ႕ရပါတယ္။ ဒီေတာ့ ေရကန္ထဲေတာ့ ပစ္မခ်ပါနဲ႕။ အ၀တ္ေလွ်ာ္စက္ထဲလည္း ထည့္မၾကည့္ပါနဲ႕။ မိုးရြာေနတဲ့အခ်ိန္မွာဆိုရင္ေတာင္မွ ဖုန္းေခၚတာမ်ိဳး၊ ဓါတ္ပံုရုိက္တာမ်ိဳးေတြအတြက္ ေကာင္းမြန္စြာလုပ္ေဆာင္ႏုိင္ပါတယ္။ IP အဆင့္သတ္မွတ္ခ်က္ပါတဲ့ဖုန္းေတြျဖစ္တဲ့ Galaxy S9 နဲ႕ Pixel 2 တို႕လိုမဟုတ္တာက ေရစိုခံႏုိင္တယ္။ ေရစိမ္ခံႏုိင္တယ္လို႕ေတာင္ ေျပာလို႕ရတာပါပဲ။ ဒါေပမယ့္လည္း ေန႕စဥ္သံုးအတြက္ အဆင္ေျပတယ္ဆိုေတာ့ ေတာ္ပါေသးတယ္။
ကင္မရာလည္း ေကာင္းပါတယ္။


ေနာက္ဆံုးပိုင္းအေနနဲ႕ သံုးသပ္ၾကည့္ရမယ္ဆိုရင္ ကင္မရာကို ၾကည့္လိုက္ရေအာင္။
စမတ္ဖုန္းအလံုးတုိင္းဟာ သူ႕ရဲ႕ကင္မရာကုိမူတည္ျပီးေတာ့ ေကာင္းတယ္၊ မေကာင္းဘူး ဆံုးျဖတ္ခံရတတ္တယ္။ OnePlus 6 ကေတာ့ ကင္မရာပိုင္းမွာ အေရးပါတဲ့ေျပာင္းလဲမႈအခ်ိဳ႕ကို ျပဳလုပ္ထားပါတယ္။ OnePlus 6 ရဲ႕ ကင္မရာဖြဲ႕စည္းပံုကို နားလည္ဖို႕အတြက္ဆုိရင္ေတာ့ ကၽြန္ေတာ္တို႕ OnePlus 5 ကို ျပန္ၾကည့္ရပါလိမ့္မယ္။ dual-sensor combination ကို အသံုးျပဳခဲ့လို႕ပါ။
5 မွာတုန္းက OnePlus က Apple နဲ႕ Samsung ရဲ႕ ဦးေဆာင္မႈေအာက္ကို လိုက္ပါဖို႕ ဆံုးျဖတ္လိုက္ျပီးေတာ့ second ကင္မရာကို primary ထက္ ႏွွစ္ဆမ်ားတဲ့ focal length ကို အသံုးျပဳခဲ့ပါတယ္။ ဒါေၾကာင့္ telephoto ရိုက္ခ်က္ေတြသာမက bokeh ဆိုတဲ့ portrait mode ကိုပါ ရိုက္ကူးႏုိင္ေစခဲ့ပါတယ္။ OnePlus ရဲ႕ portrait mode က အစပိုင္းမွာ အေကာင္းၾကီးမဟုတ္ေပမယ့္ software update ေတြနဲ႕ တျဖည္းျဖည္းေကာင္းမြန္လာတာကို ေတြ႕ရပါတယ္။ OnePlus 5T သံုးတုန္းကေတာ့ အဲဒီ feature က စိတ္ခ်ရျပီးေတာ့ အသံုး၀င္သလို ေပ်ာ္ဖို႕လည္းေကာင္းပါတယ္။


5T က secondary ကင္မရာနဲ႕ပတ္သတ္တဲ့ အယူအဆကိုေတာ့ ေျပာင္းလဲခဲ့ပါတယ္။ အလင္းအားနည္းခ်ိန္အတြက္ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္တဲ့သေဘာပါ။ ဒါေပမယ့္လည္း စိတ္မေကာင္းစြာနဲ႕ပဲ OnePlus 5T ရဲ႕ ဂုဏ္သတင္းက ညအခ်ိန္ဓါတ္ပံုရုိက္ကူးမႈမွာေတာ့ သာမန္အဆင့္ေအာက္ကေန တက္မလာႏုိင္ေသးပါဘူး။
OnePlus 6 မွာဆိုရင္ေတာ့ ရိုးရွင္းတဲ့နည္းလမ္းေလးကို အသံုးျပဳထားပါတယ္။ Samsung ၊ Apple ၊ Huawei နဲ႕ အျခားသူေတြ အလုပ္ျဖစ္္ခဲ့သလိုမ်ိဳးေပါ့။ main sensor ရဲ႕ အရြယ္အစားကို 16 megapixel အထိ တိုးျမွင့္လိုက္ျပီးေတာ့ pixel အရြယ္အစားတစ္ခုခ်င္းစီကို 1.22 microns ကို 1.12 ကေန ေျပာင္းလဲလုိက္ပါတယ္။ optical image stabilization (OIS)ပါ၀င္ျပီးေတာ့ ƒ/1.7 lens တို႕ကိုေပါင္းစပ္အသံုးျပဳထားတဲ့အတြက္ေၾကာင့္ အလင္းအားနည္းခ်ိန္မွာ ဓါတ္ပံုရုိက္ကူးတဲ့အခါ ပိုမုိေကာင္းမြန္တာကို ေတြ႕ရပါတယ္။


20MP secondary sensor ကေရာ ဘယ္လိုအေျခအေနရွိႏုိင္မလဲ။ OnePlus 5T မွာ သံုးထားတဲ့တစ္ခုနဲ႕ အတူတူပါပဲ။ ဒါေပမယ့္လည္း သူ႕ရဲ႕အဓိကရည္ရြယ္ခ်က္ကေတာ့ portrait mode ကိုပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးဖို႕ပါပဲ။ low-light trick မရွိဘူး၊ telephoto ကစားထားတာမ်ိဳးေတြ မရွိပါဘူး။ secondary ကင္မရာရဲ႕ လုပ္ေဆာင္မႈကို အတည္တက်မဆံုးျဖစ္ႏိုင္ေသးတဲ့သေဘာလို႕ ေျပာရမယ္ထင္တယ္။ portrait mode ကိုပဲ ဦးတည္ထားလိုက္တာေကာင္းမွာပါ။
ေက်းဇူးတင္စရာေကာင္းစြာနဲ႕ပဲ ေျပာင္းလဲလိုက္ပါတယ္။ OnePlus 6 က ေန႕အခ်ိန္မွာဓါတ္ပံုရုိက္ကူးတဲ့အခ်ိန္မွာ အလြန္ေကာင္းျပီးေတာ့ bokeh ပိုင္းမွာလည္း အရမ္းမိုက္လာတယ္။ optical stabilization ပါ၀င္ျပီးေတာ့ action shot ေတြလည္း ရိုက္ကူးလာႏုို္င္ပါတယ္။ အျငိမ္မေနတဲ့ေခြးေလးအတြက္ ရိုက္ကူးတဲ့အခါမွာလည္း ရွင္းလင္းတဲ့ရုိက္ခ်က္ေလးေတြကို ရခဲ့တယ္။ ေစ်းၾကီးတဲ့ဖုန္းေတြမွာေတာင္ မရႏုိင္တဲ့ရုိက္ခ်က္ေလးေတြေပါ့။ super-fast shutter speed နဲ႕ light sensitivity ေကာင္းေကာင္းကိုလည္း ထုတ္လုုပ္ေပးႏုိင္ပါတယ္။ OnePlus ဟာ software ပုိင္းနဲ႕ hardware ပိုင္းကို ကိုက္ညီမႈရွိေအာင္ လုပ္ေဆာင္ထားပါတယ္။


အထူးသျဖင့္ IMX519 sensor က အရင္ OnePlus ေတြထက္ အလင္းကိုဖမ္းယူေပးႏုိင္ပါတယ္။ Qualcomm Snapdragon 845 ရဲ႕ image signal processor ကလည္း အလင္းအားနည္းခ်ိန္အေျခအေနေတြအတြက္ ေကာင္းမြန္စြာလုပ္ေဆာင္ေပးႏုိင္ပါတယ္။


ညပိုင္းဓါတ္ပံုရုိက္ကူးမႈကို ေျပာရေအာင္လား။ OnePlus ဖုန္းေတြအတြက္ ရုန္းကန္ရတဲ့နယ္ပယ္တစ္ခုလို႕ဆိုရမွာေပါ့။ OnePlus 3 series တုန္းက OIS ေတြပါ၀င္ခဲ့ျပီးေတာ့ hardware ပုိင္းေၾကာင့္ အားနည္းသြားခဲ့ရတယ္။ ဒီေနရမွာေတာ့ အဲေလာက္မနည္းေတာ့ပါဘူး။ ေမွာင္တဲ့ေနရာေတြမွာေတာ့ OnePlus 6 က Huawei P20 Pro နဲ႕ Galaxy S9 ဖုန္းေတြထက္ေတာ့ ေနာက္ေကာက္က်ေနတုန္းပါပဲ။ လမ္းမီးတုိင္တစ္ခုရွိတဲ့ လမ္းေလးကိုရိုက္ကူးတဲ့အခ်ိန္မွာေတာ့ သူမသာ ကိုယ္အသုဘေတြလို႕ ေျပာရဲပါတယ္။ တုိးတက္လာတယ္လို႕ေျပာရမယ္။ အရင္တုန္းက OnePlus 5T ေတြ အေတာ္ေလးရုန္းကန္ခဲ့ရတဲ့ေနရာေလးေတြေပါ့။
တစ္ခ်ိန္တည္းမွာပဲ OnePlus ဟာ သူ႕ရဲ႕ camera software ကိုလည္း ျပင္ဆင္သင့္ပါတယ္။ လြယ္ကူစြာအသံုးျပဳႏုိင္ျပီးေတာ့ စြမ္းေဆာင္ရည္ျမင့္မားတဲ့ဟာမ်ိဳးေပါ့။ timelapse ကေန slo-mo ၊ Pro feature ေတြလည္း ရွိပါတယ္။ ဒါေတြကေတာ့ ပြတ္ဆြဲလုိက္ခ်ိန္မွာ ထြက္ေပၚလာမွာပါ။ ဗြီဒီယိုနဲ႕ portrait ေတြကေတာ့ တစ္ခ်က္နဲ႕ရႏုိင္ပါတယ္။
portrait mode ကေတာ့ အျခားဖုန္းေတြျဖစ္တဲ့ Pixel 2 ၊ iPhone X နဲ႕ Galaxy S9+ တို႕ေလာက္နီးနီးပါပဲ လူကိုသိႏုိင္ပါတယ္။ OnePlus မွာ ဒီတစ္ႏွစ္အတြင္းေျပာင္းလဲလာတာကိုေတာ့ ေက်နပ္မိပါတယ္။ ေခြး၊ အရာ၀တၳဳေတြထက္ လူေတြမွာ ပိုအသံုးတည့္ပါတယ္။ social media အတြက္ တင္လို႕ေကာင္းတဲ့ပံုေတြကို ထုတ္ေပးႏုိင္ပါတယ္။ portrait mode ကိုလာမယ့္ update ေတြမွာလည္း ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးမယ္လို႕ ေျပာထားပါတယ္။ selfie ပိုင္းမွာလည္း ေကာင္းလာမွာပါ။ ဒီစာေရးေနခ်ိန္မွာေတာ့ ေကာင္းတယ္ဆိုရံုေလာက္ပဲေပါ့။
အေရွ႕ပိုင္းမွာေတာ့ 16MP sensor ကို အရင္မ်ိဳးဆက္ေတြနည္းတူေတြ႕ရပါတယ္။ ေကာင္းမြန္ျပီးေတာ့ ျမန္ဆန္တဲ့ face unlock feature ကို အသံုးျပဳႏုိ္င္ေစပါတယ္။
ဗြီဒီယိုအတြက္ေတာ့ OnePlus ကေကာင္းမြန္ေအာင္ လုပ္ေဆာင္ထားတာ သိသာေစပါတယ္။ Samsung နဲ႕ Sony တို႕လို အဆင့္ျမင့္တာမ်ိဳးေတြကို အေလးေပးျခင္းမရွိဘဲ hardware ရဲ႕ အေျခခံကို အာရံုစိုက္ထားပါတယ္။ 4K video at 60fps ရွိပါတယ္။ ဒါေပမယ့္လည္း electronic stabilization ေလးေတာ့ မပါဘူးေပါ့ေနာ္။ ျပးေတာ့ ၅မိနစ္ေလာက္ ေစာင့္ရတာမ်ိဳးေပါ့။ ဒါေပမယ့္လည္း မို္က္ပါတယ္။ 1080p ကို က်သြားျပီးေတာ့ electronic နဲဲ႕ optical stabilization ကို သံုးထားတယ္။ ၾကည့္ရတာ ေက်နပ္စရာပါပဲ။ Pixel 2 ေလာက္ stable ျဖစ္ပါတယ္။ နီးစပ္တယ္ေပါ့ေလ။
slow motion mode -480fps at 720p နဲ႕ 240fps at 1080p – ေတြက သံုးၾကည့္ရတာ ေက်နပ္မႈကို ေပးစြမ္းႏုိင္ပါတယ္။ ဒါေပမယ့္လည္း real-time footage အတြက္ေတာ့ မိနစ္အနည္းငယ္လုိအပ္ပါတယ္။ (slo-mo video at 480fps အတြက္ ၁၀မိနစ္ေလာက္ ေျပာင္းလဲေပးရပါတယ္။) Xperia XZ2 နဲ႕ Galaxy S9 ဖုန္းမွာပါတဲ့ 0.3 seconds at 960fps နဲ႕ယွဥ္လိုက္ရင္ေတာ့ လက္ေတြ႕က်သြားတယ္လို႕ဆိုရမယ္။
OnePlus 6 ကို အသံုးျပဳျပီးေတာ့ ကင္မရာေကာင္းေကာင္းရႏုိင္လားဆိုတာကိုလည္း ၾကည့္ရေအာင္။ ဖုန္းတုိင္းနီးပါးကို အသံုးျပဳခဲ့ဖူးပါတယ္။ OnePlus 6 ကို main ကင္မရာအေနနဲ႕ အသံုးျပဳရတာ ေပ်ာ္ရႊင္မိတယ္လုိ႕ ဆိုရမယ္။ ေစ်းကြက္ထဲမွာ အေကာင္းဆံုးကင္မရာလားဆိုေတာ့ မဟုတ္ျပန္ပါဘူး။ Huawei P20 Pro က အဲဒီေနရာကို ယူထားပါတယ္။ ဒါေပမယ့္ ဒီေစ်းနဲ႕ေတာ့ အဆင္ေျပတဲ့ကင္မရာေလးလို႕ ဆိုရမွာပါ။
OXYGEN
ရိုးရွင္းေသာ Software
OnePlus ရဲ႕ OxygenOS software ပုိင္းနဲ႕ပတ္သတ္လို႕ကေတာ့ ေစာဒကတက္စရာနည္းပါတယ္။ Android 8.1 experience ကို နည္းနည္းေလးျပင္ထားျပီးေတာ့ ဒီေန႕ေခတ္မွာေတြ႕ႏုိင္တဲ့ feature အနည္းငယ္ကို ေပါင္းထည့္ေပးထားပါတယ္။ သင့္ရဲ႕စိတ္အေပၚမူတည္ျပီးေတာ့ mode ေလးေတြကို ေျပာင္းလဲအသံုးျပဳႏုိင္မွာပါ။
သင္က OnePlus ဖုန္းကို ႏွစ္အနည္းငယ္ေလာက္သံုးစြဲဖူးသူတစ္ေယာက္ဆိုရင္ေတာ့ ဘာေတြေမွ်ာ္လင့္ထားႏုိင္သလဲဆိုတာကို သိမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ့ကိုေတာင္မွ အံ့ၾသသြားေစတာကေတာ့ stable OxygenOS ပါပဲ။ Essential Phone မွာ “stock” Android ကို ျမင္ဖူးထားပါတယ္။ OnePlus 6 မွာ ျပႆနာေတြကင္းစင္တဲ့၊ notch နဲ႕ပတ္သတ္ျပီးေတာ့ အဓိက app ေတြက ကိုက္ညီမႈရွိပါတယ္။ ျပီးေတာ့ ကင္မရာပိုင္းမွာလည္း OnePlus 5 စီးရီးထက္ တည္ျငိမ္ေကာင္းမြန္တာကို ေတြ႕ျမင္ရပါတယ္။
Android က gesture ေတြကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ေတာ့ OnePlus ရဲ႕ လုပ္ေဆာင္မႈက သင့္အတြက္အဆင္ေျပ အၾကိဳက္ေတြ႕ေစမွာပါ။
ကၽြန္ေတာ္က OnePlus ရဲ႕ home screen “Shelf” ကို မၾကိဳက္သူတစ္ေယာက္ပါ။ ဒါေလးကေတာ့ Google Feed ျဖစ္သင့္တယ္လို႕ယူဆမိပါတယ္။ ဒါေပမယ့္လည္း launcher ေျပာင္းလို႕လြယ္ကူတာကို ေတြ႕ရပါတယ္။ အေရးပါတာကေတာ့ OnePlus က software ပိုင္းမွာ feature အသစ္ေတြကို ထည့္ထားတယ္ဆိုတာ ျပသထားပါတယ္။ အေတာ္ေလးအသံုး၀င္တာကို ေတြ႕ျမင္ရမွာလည္း ျဖစ္ပါတယ္။
Gaming Mode အသစ္ကေတာ့ ေန႕စဥ္သံုုးအတြက္ အဆင္မေျပတဲ့အရာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ သံုးရတာေတာ့ မိုုက္ပါတယ္။ OnePlus က Play Store မွာရွိတဲ့ ထိပ္တန္းဂိမ္း၁၀၀ အတြက္ loading အျမန္ႏႈန္းကို ေကာင္းမြန္ေအာင္လုပ္ေဆာင္ထားပါတယ္။ ဒါေပမယ့္လည္း ဘတ္ထရီပိုင္းမွာေတာ့ PUBG ေဆာ့ကစားၾကည့္တဲ့အခါမွာ အေတာ္စားတာကိုေတြ႕ရပါတယ္။ “Network Boost” ေလးက ဂိမ္း packet ေတြကို ဖုန္းရဲ႕ အျခားေသာ app ေတြထက္ ဦးစားေပးလုပ္ေဆာင္တဲ့ feature ေလးတစ္ခုျဖစ္ပါတယ္။ ဒါကိုေတာ့ ေက်နပ္မိပါတယ္။
ေနာက္ထပ္ထည့္ထားတဲ့ software ပိုင္းေလးေတြမွာ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ iPhone X ပံုစံ software gesture ေတြကို OnePlus 5T ရဲ႕ Open Beta မွာ ျပသခဲ့ပါတယ္။ အခုေတာ့ ဒါေတြကို တရား၀င္အေနနဲ႕ အသံုးျပဳလိုက္ပါျပီ။ သံုးၾကည့္ရသေလာက္ေတာ့ 5T ထက္ပိုေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖုန္းက မ်က္ႏွာျပင္က်ယ္သြားတဲ့အတြက္ပါ။ ဒါေၾကာင့္ လက္မကိုအေ၀းၾကီးသြားေနစရာမလိုသလို စာရိုက္တဲ့အခါမွာလည္း အဆင္ေျပေခ်ာေမြ႕တာကို ေတြ႕ရပါတယ္။
Gesture ေတြ ဘယ္ေလာက္မ်ားမ်ားအသံုးျပဳႏုိင္မလဲဆိုတာကို သိခ်င္မိိပါေသးတယ္။ မ်က္ႏွာျပင္က်ယ္လာတဲ့အတြက္ေၾကာင့္ ခံစားမႈကလည္း ပိုေကာင္းလာတဲ့အတြက္ေၾကာင့္ပါ။ ဒီေတာ့ ဘာလို Gesture ေတြ ထပ္ရႏုိင္ဦးမလဲဆိုတာ ရင္ခုန္မိပါတယ္။
Update ေတြဘက္လွည့္ရေအာင္။ OnePlus ရဲ႕တုိးတက္မႈေတြက သိသာေနေပမယ့္လည္း Android P ကို ဘယ္အခ်ိန္ရမလဲဆိုတာက မသိရေသးတဲ့အတြက္ေၾကာင့္ပါ။
ေမးရမယ့္ေမးခြန္းကေတာ့
၀ယ္သင့္လား။ ဒါေပါ့။
OnePlus ဖုန္းအတြက္ ေစ်းကြက္ထဲကို၀င္ၾကည့္ျပီိဆိုရင္ သင္ေပးလုိ္က္ရတဲ့ေငြအတြက္ တန္ဖိုးၾကီးၾကီးတစ္ခု ရခ်င္လို႕ပဲဆိုတာ သိႏုိင္ပါတယ္။ ေဒၚလာ၅၂၉ နဲ႕ ေရာင္းခ်မွာျဖစ္လို႕ 5T ထက္ ေဒၚလာ၃၀ မ်ားပါတယ္။ OnePlus One ကို ၂၀၁၄ခုႏွစ္မွာ ထုတ္လုပ္ခဲ့ျပီးေတာ့ ၂၉၉ေဒၚလာနဲ႕ ေရာင္းခ်ခဲ့တာပါ။ တစ္လံုးကို ေစ်းနည္းနည္းစီတက္သြားရင္းနဲ႕ အခုဆိုရင္ ၅၂၉ေဒၚလာအထိ ေရာက္လာခဲ့ပါျပီ။
အေရာင္အေနနဲ႕ဆိုရင္ limited-edition Silk White အပါအ၀င္ သံုးေရာင္ရွိပါတယ္။ ကၽြန္ေတာ္ကေတာ့ ေတာက္ပျပီးေတာ့ fingerprint ေလးမိုက္တဲ့ Mirror Black version ကို ၾကိဳက္မိပါတယ္။ Silk White ကေတာ့ ေတာ္ေတာ္ေလးကို မိုက္ပါတယ္။ အျဖဴေလးနဲ႕ ေရႊကိုစပ္ထားတာဆိုေတာ့ ကိုင္လို႕ေကာင္းမွာ ေသခ်ာပါတယ္။
အားသာခ်က္
• OLED display ေကာင္းေကာင္း
• တိုးတက္လာတဲ့ ကင္မရာ
• အရည္အေသြးျမင့္ပစၥည္းေတြနဲ႕ ဆြဲေဆာင္မႈရွိတဲ့ဒီဇုိင္း
• ထိပ္က notch
• ေစ်းသင့္
• Software က ျမန္ဆန္ျပီးသြက္လက္
• Headphone jack
အားနည္းခ်က္
• တံု႕ျပန္တဲ့အရသာက သိပ္မမိုက္
• Software ေတြမွာ ေသသပ္မႈလိုအပ္
• သင့္ေတာ္တဲ့ Dash Chargers ေတြက ေစ်းၾကီး
• Wireless charging ပိုေကာင္းသင့္
OnePlus 6 ကေတာ့ ဖုန္းေကာင္းတစ္လံုးပါ။ သူ႕မွာ feature ေတြအနည္းငယ္ေလာက္ လစ္လပ္ေနပါတယ္။ ေစ်းႏႈန္းနဲ႕စဥ္းစားမယ္ဆိုရင္ ကၽြန္ေတာ္ျဖစ္ေစခ်င္တာက ၾကိဳးမဲ့အားသြင္းစနစ္နဲ႕ အရည္အေသြးျမင့္ vibration motor တို႕ေပါ့။ ဒါေပမယ့္လည္း အမွားရွာႏုိင္တာ ကၽြန္ေတာ့အတြက္ေတာ့ နည္းတယ္ေျပာရမယ္။ ေဒၚလာ၅၂၉နဲ႕ ျမိဳ႕ပတ္ရွာမယ္ဆိုရင္ေတာ့ သူက စမတ္ဖုန္းေကာင္းေတြထဲက တစ္လံုးျဖစ္မွာပါ။

Unicode Version

OnePlus 6 ကို ဖြန့်ချိတော့မှာပါ။
ဖုန်းအသစ်တစ်လုံးကို ခြောက်လတစ်ကြိမ်ထုတ်တတ်တဲ့ OnePlus ကြောင့် OnePlus 6T ကို နိုဝင်ဘာလမှာ တွေ့မြင်ရနိုင်တယ်ဆိုတာ အေးဆေးပြောလို့ရပါတယ်။ tried-and-true formula ကြောင့် upgrade လေးတွေလည်း လုပ်ထားတာကို တွေ့မြင်ရပါလိမ့်မယ်။
အခုချက်ချင်းလိုချင်နေပြီဆိုရင်တော့ ၊ Android experience ကောင်းကောင်းလေးကိုလည်း ခံစားချင်တယ်ဆိုပါတော့ OnePlus 6 က သင့်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့ပဲ ပြောလိုက်ပါရစေ။
အရင်တုန်းကမော်ဒယ်လ်တွေမှာ သိသာထင်ရှားတဲ့ အားနည်းချက်တွေဖြစ်တဲ့ ကင်မရာအရည်အသွေးပိုင်းမှာ အားနည်းခဲ့ပေမယ့်လည်း OnePlus ဟာ ချို့ယွင်းချက်တွေအများကြီးတော့ မရှိပါဘူး။
ကဲ hardware ပိုင်းကိုပြောကြည့်မယ်
OnePlus 6 ရဲ့ အချိုးအစားတွေကတော့ အရင်ထွက်ခဲ့တဲ့ all-metal မျိုးဆက်တွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် အထူနဲ့ အလေးချိန်ကတော့ များလာပါတယ်။ Gorilla Glass 5 ကို ပထမဆုံးအကြိမ်အနေနဲ့ အသုံးပြုထားတာကို တွေ့မြင်ရမှာပါ။ အရင်ထွက်ခဲ့တဲ့ OnePlus တိုင်းထက်ကောင်းတဲ့ပုံပါပဲ။
ဈေးနှုန်းပိုင်းအရကြည့်ပြန်ရင်လည်း OnePlus 6 က မိုက်ပါတယ်။ ဟုတ်ပါတယ်။ ၆.၂၈လက်မ Optic AMOLED display ရဲ့ထိပ်မှာ notch လေးကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း OnePlus 5T ထက် မကြီးဘူး။ အသုံးပြုနိုင်တဲ့မှန်သားပြင်နေရာကို ချဲ့ထားတာလို့ ယူဆမိပါတယ်။ notch ကြောင့် status bar လေးကိုပြင်ဆင်ထားခြင်းကလည်း စိတ်အနှောင့်အယှက်ဖြစ်လောက်စရာ မရှိပါဘူး။ screen ပိုင်းအရမှာလည်း တောက်ပတယ်၊ အရောင်စုံတယ်၊ Huawei ရဲ့ flagship တွေလိုပဲ QHD အထိပြောင်းနိုင်တဲ့ option တွေကိုလည်း တွေ့မြင်ရမှာပါ။
ဈေးကြီးတယ်လို့ခံစားရတယ်။
ကျောပြင်ကိုကြည့်လိုက်မယ်ဆိုရင်တော့ OnePlus 6 မှာ သွင်ပြင်လေးတွေ အတော်ကြီးပြောင်းလဲထားတာကို တွေ့ရပါလိမ့်မယ်။ ကင်မရာနှစ်လုံးကို ဒေါင်လိုက်စီတဲ့အပြင် second ကင်မရာကိုလည်း နည်းနည်းလေး ကွဲပြားအောင် ပြုလုပ်ထားတာကို တွေ့မြင်ရမှာပါ။
အနောက် fingerprint sensor ကတော့ OnePlus 5T မှာ ကနဦးထည့်သွင်းပေးခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ ဖုန်းရဲ့အောက်ဘက်နည်းနည်းရောက်သွားတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့်လည်း အဲဒါကို သိပ်မသုံးဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဖုန်းမှာပါတဲ့ face recognition ကို စိတ်ချရလို့ပါပဲ။ OnePlus 6 မှာ notification လေးမြင်ရဖို့အတွက် fingerprint ကို အောက်ကိုပွတ်ဆွဲသုံးရတဲ့ gesture မပါဝင်နေတာက ဝမ်းနည်းစရာတစ်ခုပါပဲ။ 5T မှာတုန်းက ရခဲ့ပါတယ်။
OnePlus 6 ရဲ့ အောက်ခြေမှာ headphone jack လေးကို တွေ့မြင်နေရပါသေးတယ်။ အောက်ဘက်ကိုမျက်နှာမူထားတဲ့ စပီကာတစ်လုံးကို တွေ့မြင်ရမှာပါ။ အသံကတော့ ကျယ်လောင်ပါတယ်။ USB-C port လည်း ရှိပါတယ်။ vibration motor လေးကတော့ အရင်ဖုန်းအတိုင်း ပါဝင်နေဆဲပါပဲ။ ဖုန်းကိုတစ်ပတ်လောက်အသုံးပြုပြီးတဲ့အချိန်မှာတော့ အရည်အသွေးနိမ့်တဲ့ vibration motor လေးက အမှားရှာချင်လာပါတယ်။ ဆက်မကိုင်ချင်လောက်အောင် ဖြစ်နေတာပါပဲ။ တချိန်တည်းမှာပဲ ကျွန်တော့မိတ်ဆွေ Alex Dobie က OnePlus 6 ကို တစ်ပတ်လောက် သုံးစွဲပြီးနေပါပြီ။ ဒါပေမယ့် ထိတွေ့ခံစားမှုနဲ့ပတ်သတ်လို့ကတော့ ဘာအရေးမှမကြုံတာကို တွေ့လိုက်ရပါတယ်။
ကြိုးမဲ့အားသွင်းစနစ်မပါဝင်ခြင်းက နည်းနည်းတော့ စဉ်းစားစရာပါပဲ။ ဒါပေမယ့်လည်း အများကြီးတော့ မဟုတ်ပါဘူး။ USB Power Delivery standard ကို OnePlus ရဲ့ Dash Charge ကို အသုံးပြုထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်က ကြိုးနဲ့အားသွင်းခြင်းထက် ဆုတ်ယုတ်မှုပိုများတယ်လို့ OnePlus က ပြောထားပါတယ်။ ဒီတော့ အလုပ်၊ အိပ်ခန်းနဲ့ ကားအတွက် အားအမြန်ဆုံးရချင်တယ်ဆိုရင် နောက်ထပ်တစ်ခုဝယ်ရမှာလား။ car charger တစ်ခုအတွက်ဆိုရင်တောင်မှ ဒေါ်လာ၃၀လောက်ရှိတာလေ။ ဒီတော့ စဉ်းစားပေါ့။
Hardware ပိုင်းကောင်းသလောက် ငွေတွေလည်း ကုန်သွားမှာပါ။ OnePlus က နည်းဗျူဟာကျကျ သက်သာအောင်လုပ်ထားတယ်။ screen resolution, haptics, speaker output, wireless charging တွေကို လျော့ချထားတယ်လေ။ ဒီတော့ ပြိုင်ဘက်တွေထက် ဈေးသက်သာနေတာ မဆန်းတော့ပါဘူး။
စွမ်းအားလား အပြည့်ပါပဲ။
Screen 6.28-inch OLED
SoC Snapdragon 845
RAM 6/8GB
Storage 64/128/256GB
Camera 1 16MP rear, ƒ/1.7, OIS
Camera 2 20MP rear, ƒ/1.7
Battery 3300mAh
Connectivity Gigabit LTE, 27 LTE bands
Security Fingerprint, face unlock
Dimensions 155.7 x 75.4 x 7.75 mm
Weight 177 grams
Colors Mirror Black, Midnight Black, Silk White
Price $529, $579, $679
OnePlus အတွက် $629 256GB storage ၊ 8GB RAM ဆိုတာကတော့ ပထမဆုံးအကြိမ်အနေနဲ့ ထုတ်လုပ်တာဖြစ်ပါတယ်။
$529 တန်မော်ဒယ်လ်အတွက်ဆိုရင်တော့ 6GB RAM နဲ့ 64GB storage ရမှာပါ။ တော်ရုံလူတွေအတွက်ကတော့ ဒီမော်ဒယ်လ်လေးက လုံလောက်နေပါပြီ။ storage ထပ်ချဲ့လို့မရတဲ့အတွက် နည်းနည်းတော့ အဆင်မပြေဖြစ်နိုင်လို့ $579 တန်ကို ရွေးရမယ့်အနေအထားလည်းရှိနေပါတယ်။ သူကတော့ 8GB RAM နဲ့ 128GB storage တို့ကို အသုံးပြုထားပါတယ်။ အရောင်အနေနဲ့ Midnight Black နဲ့ Silk White တို့ကိုပါ ထပ်ဆောင်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်မော်ဒယ်လ်တွေဆိုရင်တော့ Mirror Black ကိုပဲရနိုင်မှာ ဖြစ်ပါတယ်။
အရောင်သုံးရောင်စလုံးကတော့ ခံ့ညားတာအမှန်ပါပဲ။
အရင် ကျွန်တော်ပြောဖူးသလိုပါပဲ။ ပါဝင်သင့်တဲ့အရာလေး အနည်းငယ်လောက်ကလွဲရင် အပြစ်ရှာဖို့ခက်ပါတယ်ဆို။ ပြီးတော့ OnePlus ရဲ့ဖန်စစ်စစ်ဆိုရင် အပြစ်မမြင်တွေ ဖြစ်ကုန်မှာပါ။ Qualcomm ရဲ့ X16 baseband ကြောင့် gigabit speeds ကိုရောက်ရှိသွားပြီး gigabit speeds ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ CDMA အသုံးပြုခွင့်မရှိတာလေးကတော့ စိတ်မကောင်းစရာပါပဲ။
အမြန်နှုန်း 50Mbps အထိ ရနိုင်တာကိုတွေ့ရပါတယ်။ Wi-Fi နဲ့ Bluetooth မှာဆိုရင်လည်း တောင့်ပါတယ်။ GPS လည်း ထိုနည်းတူပါပဲ။ ဖုန်းကောလ်တွေ အများကြီးမသုံးခဲ့ပေမယ့်လည်း ကျယ်လောင်ပြီးတော့ ရှင်းလင်းပြတ်သားတာကို တွေ့ရပါတယ်။
အားသာချက်တွေအနေနဲ့ကတော့ OnePlus 6 က unlock ဖြစ်တယ်၊ ဆင်းကဒ်နှစ်ခု အသုံးပြုလို့ရတယ်။ နှစ်ခုလုံးမှာ LTE ရတယ်ဆိုတော့ OnePlus လိုင်းထဲမှာ ပထမဆုံးပဲ။
3300mAh ဘတ်ထရီဆိုတော့ OnePlus 5series လိုပဲ မပြောင်းလဲထားပါဘူး။ OnePlus 3 series ထက် နည်းနည်းလေး ကျသွားပါတယ်။ processor efficiencies နဲ့ software ပိုင်းတိုးတက်မှုတွေကြောင့် performance ကောင်းကောင်းလုပ်နိုင်တယ်လို့တော့ အသံကောင်းဟစ်ထားပါတယ်။ စမ်းကြည့်ရသလောက်ကတော့ မှန်တယ်လို့ ပြောရမယ်။ OnePlus 6 က ကျွန်တော့အတွက် တစ်နေကုန်သွားတာတောင်မှ အသုံးပြုလို့ရနေဆဲပါ။ power-saving settings ကလည်း အသုံးကြမ်းတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။
ညအချိန်မှာတော့ OnePlus ရဲ့ ကောင်းမွန်တဲ့ Reading Mode လေးကိုတွေ့လိုက်ရတယ်။ blue light သတ်ပေးတဲ့ Night Mode မဟုတ်ပါဘူး။ ဒီတော့ Kindle app ထဲက ကျွန်တော့ကို စောင့်ဆိုင်းနေတဲ့စာအုပ်တွေကို ဖတ်ရှုဖြစ်ပါတော့တယ်။ Instagram မပွတ်ဖြစ်တော့ပါဘူး။ အရမ်းမိုက်ပြီး အသုံးကျတဲ့ feature လေးတစ်ခုပါပဲ။
နောက်ဆုံးအနေနဲ့ ရေစိုခံနိုင်မှုအတွက် IP rating မပါဝင်ပေမယ့်လည်း OP6 က နေ့စဉ်အသုံးပြုမှုအတွင်းမှာ ရေစိုနိုင်တဲ့ပမာဏကိုတော့ ခံနိုင်တယ်လို့ ပြောကြားထားတာကို တွေ့ရပါတယ်။ ဒီတော့ ရေကန်ထဲတော့ ပစ်မချပါနဲ့။ အဝတ်လျှော်စက်ထဲလည်း ထည့်မကြည့်ပါနဲ့။ မိုးရွာနေတဲ့အချိန်မှာဆိုရင်တောင်မှ ဖုန်းခေါ်တာမျိုး၊ ဓါတ်ပုံရိုက်တာမျိုးတွေအတွက် ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။ IP အဆင့်သတ်မှတ်ချက်ပါတဲ့ဖုန်းတွေဖြစ်တဲ့ Galaxy S9 နဲ့ Pixel 2 တို့လိုမဟုတ်တာက ရေစိုခံနိုင်တယ်။ ရေစိမ်ခံနိုင်တယ်လို့တောင် ပြောလို့ရတာပါပဲ။ ဒါပေမယ့်လည်း နေ့စဉ်သုံးအတွက် အဆင်ပြေတယ်ဆိုတော့ တော်ပါသေးတယ်။
ကင်မရာလည်း ကောင်းပါတယ်။
နောက်ဆုံးပိုင်းအနေနဲ့ သုံးသပ်ကြည့်ရမယ်ဆိုရင် ကင်မရာကို ကြည့်လိုက်ရအောင်။
စမတ်ဖုန်းအလုံးတိုင်းဟာ သူ့ရဲ့ကင်မရာကိုမူတည်ပြီးတော့ ကောင်းတယ်၊ မကောင်းဘူး ဆုံးဖြတ်ခံရတတ်တယ်။ OnePlus 6 ကတော့ ကင်မရာပိုင်းမှာ အရေးပါတဲ့ပြောင်းလဲမှုအချို့ကို ပြုလုပ်ထားပါတယ်။ OnePlus 6 ရဲ့ ကင်မရာဖွဲ့စည်းပုံကို နားလည်ဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့ OnePlus 5 ကို ပြန်ကြည့်ရပါလိမ့်မယ်။ dual-sensor combination ကို အသုံးပြုခဲ့လို့ပါ။
5 မှာတုန်းက OnePlus က Apple နဲ့ Samsung ရဲ့ ဦးဆောင်မှုအောက်ကို လိုက်ပါဖို့ ဆုံးဖြတ်လိုက်ပြီးတော့ second ကင်မရာကို primary ထက် နှှစ်ဆများတဲ့ focal length ကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် telephoto ရိုက်ချက်တွေသာမက bokeh ဆိုတဲ့ portrait mode ကိုပါ ရိုက်ကူးနိုင်စေခဲ့ပါတယ်။ OnePlus ရဲ့ portrait mode က အစပိုင်းမှာ အကောင်းကြီးမဟုတ်ပေမယ့် software update တွေနဲ့ တဖြည်းဖြည်းကောင်းမွန်လာတာကို တွေ့ရပါတယ်။ OnePlus 5T သုံးတုန်းကတော့ အဲဒီ feature က စိတ်ချရပြီးတော့ အသုံးဝင်သလို ပျော်ဖို့လည်းကောင်းပါတယ်။
5T က secondary ကင်မရာနဲ့ပတ်သတ်တဲ့ အယူအဆကိုတော့ ပြောင်းလဲခဲ့ပါတယ်။ အလင်းအားနည်းချိန်အတွက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တဲ့သဘောပါ။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ OnePlus 5T ရဲ့ ဂုဏ်သတင်းက ညအချိန်ဓါတ်ပုံရိုက်ကူးမှုမှာတော့ သာမန်အဆင့်အောက်ကနေ တက်မလာနိုင်သေးပါဘူး။
OnePlus 6 မှာဆိုရင်တော့ ရိုးရှင်းတဲ့နည်းလမ်းလေးကို အသုံးပြုထားပါတယ်။ Samsung ၊ Apple ၊ Huawei နဲ့ အခြားသူတွေ အလုပ်ဖြစ်ခဲ့သလိုမျိုးပေါ့။ main sensor ရဲ့ အရွယ်အစားကို 16 megapixel အထိ တိုးမြှင့်လိုက်ပြီးတော့ pixel အရွယ်အစားတစ်ခုချင်းစီကို 1.22 microns ကို 1.12 ကနေ ပြောင်းလဲလိုက်ပါတယ်။ optical image stabilization (OIS)ပါဝင်ပြီးတော့ ƒ/1.7 lens တို့ကိုပေါင်းစပ်အသုံးပြုထားတဲ့အတွက်ကြောင့် အလင်းအားနည်းချိန်မှာ ဓါတ်ပုံရိုက်ကူးတဲ့အခါ ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။
20MP secondary sensor ကရော ဘယ်လိုအခြေအနေရှိနိုင်မလဲ။ OnePlus 5T မှာ သုံးထားတဲ့တစ်ခုနဲ့ အတူတူပါပဲ။ ဒါပေမယ့်လည်း သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ portrait mode ကိုပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ပါပဲ။ low-light trick မရှိဘူး၊ telephoto ကစားထားတာမျိုးတွေ မရှိပါဘူး။ secondary ကင်မရာရဲ့ လုပ်ဆောင်မှုကို အတည်တကျမဆုံးဖြစ်နိုင်သေးတဲ့သဘောလို့ ပြောရမယ်ထင်တယ်။ portrait mode ကိုပဲ ဦးတည်ထားလိုက်တာကောင်းမှာပါ။
ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲ ပြောင်းလဲလိုက်ပါတယ်။ OnePlus 6 က နေ့အချိန်မှာဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ အလွန်ကောင်းပြီးတော့ bokeh ပိုင်းမှာလည်း အရမ်းမိုက်လာတယ်။ optical stabilization ပါဝင်ပြီးတော့ action shot တွေလည်း ရိုက်ကူးလာနိုင်ပါတယ်။ အငြိမ်မနေတဲ့ခွေးလေးအတွက် ရိုက်ကူးတဲ့အခါမှာလည်း ရှင်းလင်းတဲ့ရိုက်ချက်လေးတွေကို ရခဲ့တယ်။ ဈေးကြီးတဲ့ဖုန်းတွေမှာတောင် မရနိုင်တဲ့ရိုက်ချက်လေးတွေပေါ့။ super-fast shutter speed နဲ့ light sensitivity ကောင်းကောင်းကိုလည်း ထုတ်လုုပ်ပေးနိုင်ပါတယ်။ OnePlus ဟာ software ပိုင်းနဲ့ hardware ပိုင်းကို ကိုက်ညီမှုရှိအောင် လုပ်ဆောင်ထားပါတယ်။
အထူးသဖြင့် IMX519 sensor က အရင် OnePlus တွေထက် အလင်းကိုဖမ်းယူပေးနိုင်ပါတယ်။ Qualcomm Snapdragon 845 ရဲ့ image signal processor ကလည်း အလင်းအားနည်းချိန်အခြေအနေတွေအတွက် ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်ပါတယ်။
ညပိုင်းဓါတ်ပုံရိုက်ကူးမှုကို ပြောရအောင်လား။ OnePlus ဖုန်းတွေအတွက် ရုန်းကန်ရတဲ့နယ်ပယ်တစ်ခုလို့ဆိုရမှာပေါ့။ OnePlus 3 series တုန်းက OIS တွေပါဝင်ခဲ့ပြီးတော့ hardware ပိုင်းကြောင့် အားနည်းသွားခဲ့ရတယ်။ ဒီနေရမှာတော့ အဲလောက်မနည်းတော့ပါဘူး။ မှောင်တဲ့နေရာတွေမှာတော့ OnePlus 6 က Huawei P20 Pro နဲ့ Galaxy S9 ဖုန်းတွေထက်တော့ နောက်ကောက်ကျနေတုန်းပါပဲ။ လမ်းမီးတိုင်တစ်ခုရှိတဲ့ လမ်းလေးကိုရိုက်ကူးတဲ့အချိန်မှာတော့ သူမသာ ကိုယ်အသုဘတွေလို့ ပြောရဲပါတယ်။ တိုးတက်လာတယ်လို့ပြောရမယ်။ အရင်တုန်းက OnePlus 5T တွေ အတော်လေးရုန်းကန်ခဲ့ရတဲ့နေရာလေးတွေပေါ့။
တစ်ချိန်တည်းမှာပဲ OnePlus ဟာ သူ့ရဲ့ camera software ကိုလည်း ပြင်ဆင်သင့်ပါတယ်။ လွယ်ကူစွာအသုံးပြုနိုင်ပြီးတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ဟာမျိုးပေါ့။ timelapse ကနေ slo-mo ၊ Pro feature တွေလည်း ရှိပါတယ်။ ဒါတွေကတော့ ပွတ်ဆွဲလိုက်ချိန်မှာ ထွက်ပေါ်လာမှာပါ။ ဗွီဒီယိုနဲ့ portrait တွေကတော့ တစ်ချက်နဲ့ရနိုင်ပါတယ်။
portrait mode ကတော့ အခြားဖုန်းတွေဖြစ်တဲ့ Pixel 2 ၊ iPhone X နဲ့ Galaxy S9+ တို့လောက်နီးနီးပါပဲ လူကိုသိနိုင်ပါတယ်။ OnePlus မှာ ဒီတစ်နှစ်အတွင်းပြောင်းလဲလာတာကိုတော့ ကျေနပ်မိပါတယ်။ ခွေး၊ အရာဝတ္ထုတွေထက် လူတွေမှာ ပိုအသုံးတည့်ပါတယ်။ social media အတွက် တင်လို့ကောင်းတဲ့ပုံတွေကို ထုတ်ပေးနိုင်ပါတယ်။ portrait mode ကိုလာမယ့် update တွေမှာလည်း ကောင်းမွန်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောထားပါတယ်။ selfie ပိုင်းမှာလည်း ကောင်းလာမှာပါ။ ဒီစာရေးနေချိန်မှာတော့ ကောင်းတယ်ဆိုရုံလောက်ပဲပေါ့။
အရှေ့ပိုင်းမှာတော့ 16MP sensor ကို အရင်မျိုးဆက်တွေနည်းတူတွေ့ရပါတယ်။ ကောင်းမွန်ပြီးတော့ မြန်ဆန်တဲ့ face unlock feature ကို အသုံးပြုနိုင်စေပါတယ်။
ဗွီဒီယိုအတွက်တော့ OnePlus ကကောင်းမွန်အောင် လုပ်ဆောင်ထားတာ သိသာစေပါတယ်။ Samsung နဲ့ Sony တို့လို အဆင့်မြင့်တာမျိုးတွေကို အလေးပေးခြင်းမရှိဘဲ hardware ရဲ့ အခြေခံကို အာရုံစိုက်ထားပါတယ်။ 4K video at 60fps ရှိပါတယ်။ ဒါပေမယ့်လည်း electronic stabilization လေးတော့ မပါဘူးပေါ့နော်။ ပြးတော့ ၅မိနစ်လောက် စောင့်ရတာမျိုးပေါ့။ ဒါပေမယ့်လည်း မိုက်ပါတယ်။ 1080p ကို ကျသွားပြီးတော့ electronic နဲ့ optical stabilization ကို သုံးထားတယ်။ ကြည့်ရတာ ကျေနပ်စရာပါပဲ။ Pixel 2 လောက် stable ဖြစ်ပါတယ်။ နီးစပ်တယ်ပေါ့လေ။
slow motion mode -480fps at 720p နဲ့ 240fps at 1080p – တွေက သုံးကြည့်ရတာ ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့်လည်း real-time footage အတွက်တော့ မိနစ်အနည်းငယ်လိုအပ်ပါတယ်။ (slo-mo video at 480fps အတွက် ၁၀မိနစ်လောက် ပြောင်းလဲပေးရပါတယ်။) Xperia XZ2 နဲ့ Galaxy S9 ဖုန်းမှာပါတဲ့ 0.3 seconds at 960fps နဲ့ယှဉ်လိုက်ရင်တော့ လက်တွေ့ကျသွားတယ်လို့ဆိုရမယ်။
OnePlus 6 ကို အသုံးပြုပြီးတော့ ကင်မရာကောင်းကောင်းရနိုင်လားဆိုတာကိုလည်း ကြည့်ရအောင်။ ဖုန်းတိုင်းနီးပါးကို အသုံးပြုခဲ့ဖူးပါတယ်။ OnePlus 6 ကို main ကင်မရာအနေနဲ့ အသုံးပြုရတာ ပျော်ရွှင်မိတယ်လို့ ဆိုရမယ်။ ဈေးကွက်ထဲမှာ အကောင်းဆုံးကင်မရာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ Huawei P20 Pro က အဲဒီနေရာကို ယူထားပါတယ်။ ဒါပေမယ့် ဒီဈေးနဲ့တော့ အဆင်ပြေတဲ့ကင်မရာလေးလို့ ဆိုရမှာပါ။
OXYGEN
ရိုးရှင်းသော Software
OnePlus ရဲ့ OxygenOS software ပိုင်းနဲ့ပတ်သတ်လို့ကတော့ စောဒကတက်စရာနည်းပါတယ်။ Android 8.1 experience ကို နည်းနည်းလေးပြင်ထားပြီးတော့ ဒီနေ့ခေတ်မှာတွေ့နိုင်တဲ့ feature အနည်းငယ်ကို ပေါင်းထည့်ပေးထားပါတယ်။ သင့်ရဲ့စိတ်အပေါ်မူတည်ပြီးတော့ mode လေးတွေကို ပြောင်းလဲအသုံးပြုနိုင်မှာပါ။
သင်က OnePlus ဖုန်းကို နှစ်အနည်းငယ်လောက်သုံးစွဲဖူးသူတစ်ယောက်ဆိုရင်တော့ ဘာတွေမျှော်လင့်ထားနိုင်သလဲဆိုတာကို သိမှာပါ။ ဒါပေမယ့် ကျွန်တော့ကိုတောင်မှ အံ့သြသွားစေတာကတော့ stable OxygenOS ပါပဲ။ Essential Phone မှာ “stock” Android ကို မြင်ဖူးထားပါတယ်။ OnePlus 6 မှာ ပြဿနာတွေကင်းစင်တဲ့၊ notch နဲ့ပတ်သတ်ပြီးတော့ အဓိက app တွေက ကိုက်ညီမှုရှိပါတယ်။ ပြီးတော့ ကင်မရာပိုင်းမှာလည်း OnePlus 5 စီးရီးထက် တည်ငြိမ်ကောင်းမွန်တာကို တွေ့မြင်ရပါတယ်။
Android က gesture တွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ OnePlus ရဲ့ လုပ်ဆောင်မှုက သင့်အတွက်အဆင်ပြေ အကြိုက်တွေ့စေမှာပါ။
ကျွန်တော်က OnePlus ရဲ့ home screen “Shelf” ကို မကြိုက်သူတစ်ယောက်ပါ။ ဒါလေးကတော့ Google Feed ဖြစ်သင့်တယ်လို့ယူဆမိပါတယ်။ ဒါပေမယ့်လည်း launcher ပြောင်းလို့လွယ်ကူတာကို တွေ့ရပါတယ်။ အရေးပါတာကတော့ OnePlus က software ပိုင်းမှာ feature အသစ်တွေကို ထည့်ထားတယ်ဆိုတာ ပြသထားပါတယ်။ အတော်လေးအသုံးဝင်တာကို တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။
Gaming Mode အသစ်ကတော့ နေ့စဉ်သုံုးအတွက် အဆင်မပြေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သုံးရတာတော့ မိုုက်ပါတယ်။ OnePlus က Play Store မှာရှိတဲ့ ထိပ်တန်းဂိမ်း၁၀၀ အတွက် loading အမြန်နှုန်းကို ကောင်းမွန်အောင်လုပ်ဆောင်ထားပါတယ်။ ဒါပေမယ့်လည်း ဘတ်ထရီပိုင်းမှာတော့ PUBG ဆော့ကစားကြည့်တဲ့အခါမှာ အတော်စားတာကိုတွေ့ရပါတယ်။ “Network Boost” လေးက ဂိမ်း packet တွေကို ဖုန်းရဲ့ အခြားသော app တွေထက် ဦးစားပေးလုပ်ဆောင်တဲ့ feature လေးတစ်ခုဖြစ်ပါတယ်။ ဒါကိုတော့ ကျေနပ်မိပါတယ်။
နောက်ထပ်ထည့်ထားတဲ့ software ပိုင်းလေးတွေမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ iPhone X ပုံစံ software gesture တွေကို OnePlus 5T ရဲ့ Open Beta မှာ ပြသခဲ့ပါတယ်။ အခုတော့ ဒါတွေကို တရားဝင်အနေနဲ့ အသုံးပြုလိုက်ပါပြီ။ သုံးကြည့်ရသလောက်တော့ 5T ထက်ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းက မျက်နှာပြင်ကျယ်သွားတဲ့အတွက်ပါ။ ဒါကြောင့် လက်မကိုအဝေးကြီးသွားနေစရာမလိုသလို စာရိုက်တဲ့အခါမှာလည်း အဆင်ပြေချောမွေ့တာကို တွေ့ရပါတယ်။
Gesture တွေ ဘယ်လောက်များများအသုံးပြုနိုင်မလဲဆိုတာကို သိချင်မိပါသေးတယ်။ မျက်နှာပြင်ကျယ်လာတဲ့အတွက်ကြောင့် ခံစားမှုကလည်း ပိုကောင်းလာတဲ့အတွက်ကြောင့်ပါ။ ဒီတော့ ဘာလို Gesture တွေ ထပ်ရနိုင်ဦးမလဲဆိုတာ ရင်ခုန်မိပါတယ်။
Update တွေဘက်လှည့်ရအောင်။ OnePlus ရဲ့တိုးတက်မှုတွေက သိသာနေပေမယ့်လည်း Android P ကို ဘယ်အချိန်ရမလဲဆိုတာက မသိရသေးတဲ့အတွက်ကြောင့်ပါ။
မေးရမယ့်မေးခွန်းကတော့
ဝယ်သင့်လား။ ဒါပေါ့။
OnePlus ဖုန်းအတွက် ဈေးကွက်ထဲကိုဝင်ကြည့်ပြီဆိုရင် သင်ပေးလိုက်ရတဲ့ငွေအတွက် တန်ဖိုးကြီးကြီးတစ်ခု ရချင်လို့ပဲဆိုတာ သိနိုင်ပါတယ်။ ဒေါ်လာ၅၂၉ နဲ့ ရောင်းချမှာဖြစ်လို့ 5T ထက် ဒေါ်လာ၃၀ များပါတယ်။ OnePlus One ကို ၂၀၁၄ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီးတော့ ၂၉၉ဒေါ်လာနဲ့ ရောင်းချခဲ့တာပါ။ တစ်လုံးကို ဈေးနည်းနည်းစီတက်သွားရင်းနဲ့ အခုဆိုရင် ၅၂၉ဒေါ်လာအထိ ရောက်လာခဲ့ပါပြီ။
အရောင်အနေနဲ့ဆိုရင် limited-edition Silk White အပါအဝင် သုံးရောင်ရှိပါတယ်။ ကျွန်တော်ကတော့ တောက်ပပြီးတော့ fingerprint လေးမိုက်တဲ့ Mirror Black version ကို ကြိုက်မိပါတယ်။ Silk White ကတော့ တော်တော်လေးကို မိုက်ပါတယ်။ အဖြူလေးနဲ့ ရွှေကိုစပ်ထားတာဆိုတော့ ကိုင်လို့ကောင်းမှာ သေချာပါတယ်။
အားသာချက်
• OLED display ကောင်းကောင်း
• တိုးတက်လာတဲ့ ကင်မရာ
• အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်း
• ထိပ်က notch
• ဈေးသင့်
• Software က မြန်ဆန်ပြီးသွက်လက်
• Headphone jack
အားနည်းချက်
• တုံ့ပြန်တဲ့အရသာက သိပ်မမိုက်
• Software တွေမှာ သေသပ်မှုလိုအပ်
• သင့်တော်တဲ့ Dash Chargers တွေက ဈေးကြီး
• Wireless charging ပိုကောင်းသင့်
OnePlus 6 ကတော့ ဖုန်းကောင်းတစ်လုံးပါ။ သူ့မှာ feature တွေအနည်းငယ်လောက် လစ်လပ်နေပါတယ်။ ဈေးနှုန်းနဲ့စဉ်းစားမယ်ဆိုရင် ကျွန်တော်ဖြစ်စေချင်တာက ကြိုးမဲ့အားသွင်းစနစ်နဲ့ အရည်အသွေးမြင့် vibration motor တို့ပေါ့။ ဒါပေမယ့်လည်း အမှားရှာနိုင်တာ ကျွန်တော့အတွက်တော့ နည်းတယ်ပြောရမယ်။ ဒေါ်လာ၅၂၉နဲ့ မြို့ပတ်ရှာမယ်ဆိုရင်တော့ သူက စမတ်ဖုန်းကောင်းတွေထဲက တစ်လုံးဖြစ်မှာပါ။

Leave a Reply