MIUI 10 ရဲ႕ UI အျပင္အဆင္ Screenshot မ်ားထြက္ရွိလာ

0
1952

Xiaomi အေနနဲ႔ယခုလကုန္မွာျပဳုလုပ့္မယ့္ ပြဲမွာ ဖုန္းေတြအျပင္ MIUI 10 ကိုပါ တရားဝင္ ထုတ္ေဖာ္ျပသသြားမွာျဖစ္ပါတယ္။ MIUI Weibo အေကာင့္က ေမလ ၃၁ ရက္ေန႔ပြဲမွာ MIUI 10 ကုိလည္း မိတ္ဆက္သြားမယ္လုိ႔ အတည္ျပဳထားၿပီး ကုမၸဏီရဲ႕ Weibo အေကာင့္မွာလည္း ‘I am #MIUI 10#’ လို႔ေရးသားထားတာကို ေတြ႕ရပါတယ္။

Xiaomi ဟာ ၿပီးခဲ့တဲ့လမ်ားအတြင္းမွာ ဖုန္းအခ်ဳိ႕ကို MIUI 9.5 Update ထုတ္လႊင့္ေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ရပ္ဆိုင္းလိုက္ပါတယ္။ Xiaomi ဟာ ကုမၸဏီ သက္တမ္း ၈ ႏွစ္ျပည့္အျဖစ္ ထြက္လာမယ့္ Mi 8 မွာ MIUI 10 တစ္ပါတည္း ထည့္သြင္းလာဖုိ႔ ရွိေနပါတယ္။  ဒီေန႔မွာ MIUI 10 ရဲ႕ UI အျပင္အဆင္ Screenshot မ်ားေပါက္ၾကားထြက္ရွိလာပါတယ္။ third-party theme ဒီဇိုင္းလုိ႔ထင္စရာရွိေပမယ့္ လုံးဝMIUI 10  ျဖစ္မွာပါ။

ေျပာင္းလဲလိုက္တာေတြကေတာ့ menu bar, volume နဲ႔ brightness short-cut key adjusting လုပ္ေဆာင္ခ်က္ေတြျဖစ္ၿပီး၊ အေရာင္ကိုေတာ့ အကုန္လုံးကို အျပာနဲ႔အျဖဴသာ သုံးထားပါတယ္။ ရုတ္တရက္ၾကည့္လိုက္ရင္ သူရဲ႕ UI design က  IOS 11 နဲ႔ဆင္တူပါတယ္။ အရင္ထြက္ထားတဲ့ MIUI 9 နဲ႔ကြဲျပားၿပီး ႀကီးမားတဲ့ေျပာင္းလဲမႈေတြကို ျပဳလုပ္ထားပါတယ္။  ထပ္မံေပါင္းထည့္မႈေတြကေတာ့ screen-locked notification, multi-tasking backstage, weather, alarm တို႔ပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက MIUI 9 ကုိ ေၾကညာတုန္းက Xiaomi က MIUI 9 က လွ်ပ္စီးကဲ့သုိ႔ လွ်င္ျမန္ေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။ ယခုႏွစ္မွာ ေၾကညာလာမယ့္ MIUI 10 က လွ်ပ္စီးထက္ လွ်င္ျမန္လာမယ္လုိ႔ Xiaomi က ေျပာၾကားထားျပန္ပါတယ္။ ဒီေန႔ေတြ႕ရတဲ့ပုံစံအရေတာ့ Mi သုံးစြဲသူေတြႀကိဳက္ႏွစ္သက္ႏုိင္မယ့္ UI မ်ိဳးပါ။  သို႔ေပမယ့္ Xiaomi MIUI 10 ကုိ Android 5.0 Lollipop သာ အသံုးျပဳေနတဲ့ ဖုန္းေဟာင္းမ်ား Update ရရွိမွာ မဟုတ္ပါဘူး။

Unicode

Xiaomi အနေနဲ့ယခုလကုန်မှာပြုုလုပ့်မယ့် ပွဲမှာ ဖုန်းတွေအပြင် MIUI 10 ကိုပါ တရားဝင် ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ MIUI Weibo အကောင့်က မေလ ၃၁ ရက်နေ့ပွဲမှာ MIUI 10 ကိုလည်း မိတ်ဆက်သွားမယ်လို့ အတည်ပြုထားပြီး ကုမ္ပဏီရဲ့ Weibo အကောင့်မှာလည်း ‘I am #MIUI 10#’ လို့ရေးသားထားတာကို တွေ့ရပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့လများအတွင်းမှာ ဖုန်းအချို့ကို MIUI 9.5 Update ထုတ်လွှင့်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်ဆိုင်းလိုက်ပါတယ်။ Xiaomi ဟာ ကုမ္ပဏီ သက်တမ်း ၈ နှစ်ပြည့်အဖြစ် ထွက်လာမယ့် Mi 8 မှာ MIUI 10 တစ်ပါတည်း ထည့်သွင်းလာဖို့ ရှိနေပါတယ်။  ဒီနေ့မှာ MIUI 10 ရဲ့ UI အပြင်အဆင် Screenshot များပေါက်ကြားထွက်ရှိလာပါတယ်။ third-party theme ဒီဇိုင်းလို့ထင်စရာရှိပေမယ့် လုံးဝMIUI 10  ဖြစ်မှာပါ။

ပြောင်းလဲလိုက်တာတွေကတော့ menu bar, volume နဲ့ brightness short-cut key adjusting လုပ်ဆောင်ချက်တွေဖြစ်ပြီး၊ အရောင်ကိုတော့ အကုန်လုံးကို အပြာနဲ့အဖြူသာ သုံးထားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် သူရဲ့ UI design က  IOS 11 နဲ့ဆင်တူပါတယ်။ အရင်ထွက်ထားတဲ့ MIUI 9 နဲ့ကွဲပြားပြီး ကြီးမားတဲ့ပြောင်းလဲမှုတွေကို ပြုလုပ်ထားပါတယ်။  ထပ်မံပေါင်းထည့်မှုတွေကတော့ screen-locked notification, multi-tasking backstage, weather, alarm တို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက MIUI 9 ကို ကြေညာတုန်းက Xiaomi က MIUI 9 က လျှပ်စီးကဲ့သို့ လျှင်မြန်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ယခုနှစ်မှာ ကြေညာလာမယ့် MIUI 10 က လျှပ်စီးထက် လျှင်မြန်လာမယ်လို့ Xiaomi က ပြောကြားထားပြန်ပါတယ်။ ဒီနေ့တွေ့ရတဲ့ပုံစံအရတော့ Mi သုံးစွဲသူတွေကြိုက်နှစ်သက်နိုင်မယ့် UI မျိုးပါ။  သို့ပေမယ့် Xiaomi MIUI 10 ကို Android 5.0 Lollipop သာ အသုံးပြုနေတဲ့ ဖုန်းဟောင်းများ Update ရရှိမှာ မဟုတ်ပါဘူး။

Leave a Reply