DxOMark ရဲ႕ကင္မရာစမ္းသပ္မႈမွာ ဒုတိယေနရာေရာက္ရွိလာတဲ့ HTC U12+

0
1755

ထိုင္ဝမ္စမတ္ဖုန္း ထုတ္လုပ္သူ HTC အေနနဲ႔ မေန႔ကသူတုိ႕ရဲ႕ စမတ္ဖုန္းသစ္ျဖစ္တဲ့ HTC U12+ ကိုထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ DxOMark  မွာစမတ္ဖုန္းသစ္ရဲ႕ ကင္မရာကို စမ္းသပ္ထားတဲ့ အမွတ္မ်ား ထြက္ေပၚလာပါတယ္။ HTC U12+ ရဲ႕ ေက်ာဘက္ကင္မရာႏွစ္လံုး စြမ္းေဆာင္ရည္ကို စမ္းသပ္မႈမ်ားလုပ္ထားတာျဖစ္ပါတယ္။  HTC U12+ ရဲ႕ Ultrapixel ကင္မရာရဲ႕  စုစုေပါင္းရမွတ္က ၁၀၃ ျဖစ္ၿပီး ဓာတ္ပံုပုိင္းအတြက္ ရမွတ္ ၁၀၆ မွတ္၊ ဗီဒီယို ႐ုိက္ကူးမႈအတြက္ ၉၅ မွတ္ အသီးသီး ရရွိခဲ့ပါတယ္။  လက္ရွိ ထြက္ထားသမွ် စမတ္ဖုန္းေတြထဲမွာေတာ့  Huawei P20 Pro ၿပီးေနာက္ ဒုတိယအေကာင္းဆံုး စမတ္ဖုန္းကင္မရာအျဖစ္ ရပ္တည္ေနပါတယ္။

DxOMark က HTC ရဲ႕ ေနာက္ဆံုး အဆင့္ျမင့္ဖုန္းႏွင့္ ႐ုိက္ကူးထားတဲ့ ဓာတ္ပံုမ်ားက အေရာင္ေပးစြမ္းမႈ၊ အေသးစိတ္က်မႈအပိုင္းမွာ အလြန္ေကာင္းမြန္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။ HTC U12+ မွာ Autofocus လုပ္မႈက အရမ္းကို ျမန္ဆန္ျပီး 2x Optical Zoom ကလည္း အလြန္ေကာင္းမြန္ေနတာ ျဖစ္ပါတယ္။ ေနာက္ထပ္ HTC U12+ ကင္မရာရဲ႕ေက်နပ္စရာေကာင္းတဲ့အခ်က္ေတြက အလင္းေရာင္အားနည္းခ်ိန္မွာ ေကာင္းမြန္တဲ့ ဓာတ္ပံုမ်ား ႐ုိက္ကူးႏုိင္မႈ၊ ဗီဒီယို ႐ုိက္ကူးရာမွာ Stabiization ေကာင္းမႈ၊ Exposure နဲ႔ Dynamic Range တို႔ ျဖစ္ပါတယ္။ HDR ပုံရိပ္ပိုင္းမွာလည္း အလင္းေရာင္မလုံေလာက္မႈေတြကို ျဖည့္စြမ္းေပးႏိုင္ပါတယ္လို႔ ဆိုပါတယ္။

HTC U12+ ရဲ႕ေက်ာဘက္ကင္မရာႏွစ္လံုးက 12MP UltraPixel Sensor နဲ႔ 16MP ျဖစ္ပါတယ္။ ဒုတိယကင္မရာက 2x Optical Zoom သံုးႏုိင္ေအာင္ ေထာက္ပံ့ေပးထားပါတယ္။ အဓိကကင္မရာမွာ f/1.8 lens သံုးထားၿပီး OIS ၊ Phase Detection Plus Laser Autofocus လုပ္ေဆာင္ခ်က္ေတြ ေထာက္ပံ့ေပးထားပါတယ္။ အေရွ႕ဘက္ကင္မရာကိုလည္း 8 MP sensors ကို Dual ထည့္သြင္းေပးထားပါတယ္။

သူ႕မွာ မ်က္ႏွာျပင္ ၆ လက္မရွိၿပီး Super LCD6 ႐ုပ္ထြက္ပဲ သံုးထားတဲ့အျပင့္  HDR10 နဲ႔ DCI-P3 ေထာက္ပံ့ေပးထားပါတယ္။ 18:9 သံုးထားကာ 1440×2280 px Resolution ရွိပါတယ္။ ဖုန္းေဘာင္မွာ Edge Sense နည္းပညာထည့္သြင္းထားပါတယ္။  IP68 စနစ္ေၾကာင့္ ေရစိုဒဏ္ခံႏုိင္စြမ္းလည္း ရွိပါတယ္။

Unicode

ထိုင်ဝမ်စမတ်ဖုန်း ထုတ်လုပ်သူ HTC အနေနဲ့ မနေ့ကသူတို့ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ HTC U12+ ကိုထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ DxOMark  မှာစမတ်ဖုန်းသစ်ရဲ့ ကင်မရာကို စမ်းသပ်ထားတဲ့ အမှတ်များ ထွက်ပေါ်လာပါတယ်။ HTC U12+ ရဲ့ ကျောဘက်ကင်မရာနှစ်လုံး စွမ်းဆောင်ရည်ကို စမ်းသပ်မှုများလုပ်ထားတာဖြစ်ပါတယ်။  HTC U12+ ရဲ့ Ultrapixel ကင်မရာရဲ့  စုစုပေါင်းရမှတ်က ၁၀၃ ဖြစ်ပြီး ဓာတ်ပုံပိုင်းအတွက် ရမှတ် ၁၀၆ မှတ်၊ ဗီဒီယို ရိုက်ကူးမှုအတွက် ၉၅ မှတ် အသီးသီး ရရှိခဲ့ပါတယ်။  လက်ရှိ ထွက်ထားသမျှ စမတ်ဖုန်းတွေထဲမှာတော့  Huawei P20 Pro ပြီးနောက် ဒုတိယအကောင်းဆုံး စမတ်ဖုန်းကင်မရာအဖြစ် ရပ်တည်နေပါတယ်။

DxOMark က HTC ရဲ့ နောက်ဆုံး အဆင့်မြင့်ဖုန်းနှင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံများက အရောင်ပေးစွမ်းမှု၊ အသေးစိတ်ကျမှုအပိုင်းမှာ အလွန်ကောင်းမွန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ HTC U12+ မှာ Autofocus လုပ်မှုက အရမ်းကို မြန်ဆန်ပြီး 2x Optical Zoom ကလည်း အလွန်ကောင်းမွန်နေတာ ဖြစ်ပါတယ်။ နောက်ထပ် HTC U12+ ကင်မရာရဲ့ကျေနပ်စရာကောင်းတဲ့အချက်တွေက အလင်းရောင်အားနည်းချိန်မှာ ကောင်းမွန်တဲ့ ဓာတ်ပုံများ ရိုက်ကူးနိုင်မှု၊ ဗီဒီယို ရိုက်ကူးရာမှာ Stabiization ကောင်းမှု၊ Exposure နဲ့ Dynamic Range တို့ ဖြစ်ပါတယ်။ HDR ပုံရိပ်ပိုင်းမှာလည်း အလင်းရောင်မလုံလောက်မှုတွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

HTC U12+ ရဲ့ကျောဘက်ကင်မရာနှစ်လုံးက 12MP UltraPixel Sensor နဲ့ 16MP ဖြစ်ပါတယ်။ ဒုတိယကင်မရာက 2x Optical Zoom သုံးနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ အဓိကကင်မရာမှာ f/1.8 lens သုံးထားပြီး OIS ၊ Phase Detection Plus Laser Autofocus လုပ်ဆောင်ချက်တွေ ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာကိုလည်း 8 MP sensors ကို Dual ထည့်သွင်းပေးထားပါတယ်။

သူ့မှာ မျက်နှာပြင် ၆ လက်မရှိပြီး Super LCD6 ရုပ်ထွက်ပဲ သုံးထားတဲ့အပြင့်  HDR10 နဲ့ DCI-P3 ထောက်ပံ့ပေးထားပါတယ်။ 18:9 သုံးထားကာ 1440×2280 px Resolution ရှိပါတယ်။ ဖုန်းဘောင်မှာ Edge Sense နည်းပညာထည့်သွင်းထားပါတယ်။  IP68 စနစ်ကြောင့် ရေစိုဒဏ်ခံနိုင်စွမ်းလည်း ရှိပါတယ်။

Leave a Reply