BlackBerry Key2 ရဲ႕ Teaser Video ကို ျပသ

0
1569

ဇြန္လ ၇ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနတဲ့ BlackBerry Key2 ရဲ႕ Teaser Video တစ္ခုကို ကုမၸဏီက ျပသလိုက္ပါတယ္။ ဗီဒီယိုမွာ ဖုန္းရဲ႕ အေနာက္ဘက္ကို ျပသထားၿပီး ကင္မရာ ႏွစ္လံုးနဲ႔ Dual-LED Flash ကို တပ္ဆင္ထားပါတယ္။ ဖုန္းကို ကိုင္တြယ္ရတာ ၿမဲၿမံေစဖို႔အတြက္ ဖုန္းရဲ႕ အေနာက္ဘက္ကို Grip မ်ားျဖင့္ တည္ေဆာက္ထားပါတယ္။ ဖုန္းရဲ႕ ညာဘက္မွာ အသံထိန္းခ်ဳပ္ ခလုတ္မ်ား၊ ပါ၀ါ ခလုတ္နဲ႔ Convenience Key တို႔ကို အစဥ္လိုက္ တပ္ဆင္ထားပါတယ္။

စမတ္ဖုန္းမွာ ပရိုဆက္ဆာပိုင္းအေနနဲ႔ လက္ရွိ mid-range စမတ္ဖုန္းေတြျဖစ္တဲ့ Vivo X20 နဲ႔ Oppo R11S တု႔ိမွာသုံးထားတဲ့ Snapdragon 660 ကိုသုံးလာမွာ ျဖစ္ၿပီး ဖုန္းဟာ all-glass ဒီဇုိင္းနဲ႔ျဖစ္ပါတယ္။ 4.5လက္မမ်က္ႏွာျပင္မွာ 1620×1080 display မွာ Octa-core Qualcomm Snapdragon 660 ပရိုဆက္ဆာကို သုံးထားမွာျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့ 4GB နဲ႔ 6GB ဆိုၿပီး၊အမ်ိဳးအစားကြဲႏုိင္ပါတယ္။ 64GB storage ပါဝင္မွာျဖစ္ပါတယ္။ microSD ကတ္သုံးၿပီး 256 GB အထိထပ္တိုးႏုိင္ပါလိမ့္မယ္။

မတူညီတဲ့ ေမာ္ဒယ္နံပါတ္၃မ်ိဳးနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး BBF100-6, BBF100-2 နဲ႔ BBF100-1 လို႔မွတ္ပုံတင္ထားပါတယ္။ Android 8.1 Oreo တစ္ပါတည္း ထည့္သြင္းေပးထားမွာျဖစ္ၿပီး Wi-Fi ကြန္ရက္ဟာ 2.4GHz နဲ႔ 5GHz ၂မ်ိဳးလုံးမွာအလုပ္လုပ္ပါလိမ့္မယ္။ ဒီဇုိင္းနဲ႔မ်က္ႏွာျပင္ပိုင္းမွာ ယခင္မ်ိဳးဆက္နဲ႔ တူညီႏိုင္ၿပီး QWERTY ရဲ႕ပုံစံကိုေတာ့ အနုညး္ငယ္အေျပာင္းအလဲ လုပ္ႏုိင္ပါတယ္။

ေက်ာဘက္ကင္မရာ၂လုံးတပ္ဆင္ထားမွာျဖစ္ၿပီး အားသြင္းဖို႔နဲ႔ အခ်က္အလက္ေတြလႊဲေျပာင္းဖို႔အတြက္ USB- C ပါဝင္လာမွာပါ။ ကင္မရာပိုင္းမွာေတာ့ Dual ျဖစ္ၿပီး 12 MP (f/1.8, 1/2.3″, 1.55µm) + 8 MP ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 8 MP (f/2.0, 1.12µm) တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ ဘက္ထရီစြမ္းအားကေတာ့ Li-Ion 3360 mAh နဲ႔ျဖစ္ၿပီး လက္ေဗြဖတ္စနစ္ပါဝင္မွာ ျဖစ္ပါတယ္။

unicode

BlackBerry Key2 ရဲ့ Teaser Video ကို ပြသ

ဇွန်လ ၇ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ BlackBerry Key2 ရဲ့ Teaser Video တစ်ခုကို ကုမ္ပဏီက ပြသလိုက်ပါတယ်။ ဗီဒီယိုမှာ ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားပြီး ကင်မရာ နှစ်လုံးနဲ့ Dual-LED Flash ကို တပ်ဆင်ထားပါတယ်။ ဖုန်းကို ကိုင်တွယ်ရတာ မြဲမြံစေဖို့အတွက် ဖုန်းရဲ့ အနောက်ဘက်ကို Grip များဖြင့် တည်ဆောက်ထားပါတယ်။ ဖုန်းရဲ့ ညာဘက်မှာ အသံထိန်းချုပ် ခလုတ်များ၊ ပါဝါ ခလုတ်နဲ့ Convenience Key တို့ကို အစဉ်လိုက် တပ်ဆင်ထားပါတယ်။

စမတ်ဖုန်းမှာ ပရိုဆက်ဆာပိုင်းအနေနဲ့ လက်ရှိ mid-range စမတ်ဖုန်းတွေဖြစ်တဲ့ Vivo X20 နဲ့ Oppo R11S တု့ိမှာသုံးထားတဲ့ Snapdragon 660 ကိုသုံးလာမှာ ဖြစ်ပြီး ဖုန်းဟာ all-glass ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ 4.5လက်မမျက်နှာပြင်မှာ 1620×1080 display မှာ Octa-core Qualcomm Snapdragon 660 ပရိုဆက်ဆာကို သုံးထားမှာဖြစ်ပါတယ်။ RAM ပိုင်းမှာတော့ 4GB နဲ့ 6GB ဆိုပြီး၊အမျိုးအစားကွဲနိုင်ပါတယ်။ 64GB storage ပါဝင်မှာဖြစ်ပါတယ်။ microSD ကတ်သုံးပြီး 256 GB အထိထပ်တိုးနိုင်ပါလိမ့်မယ်။

မတူညီတဲ့ မော်ဒယ်နံပါတ်၃မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး BBF100-6, BBF100-2 နဲ့ BBF100-1 လို့မှတ်ပုံတင်ထားပါတယ်။ Android 8.1 Oreo တစ်ပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး Wi-Fi ကွန်ရက်ဟာ 2.4GHz နဲ့ 5GHz ၂မျိုးလုံးမှာအလုပ်လုပ်ပါလိမ့်မယ်။ ဒီဇိုင်းနဲ့မျက်နှာပြင်ပိုင်းမှာ ယခင်မျိုးဆက်နဲ့ တူညီနိုင်ပြီး QWERTY ရဲ့ပုံစံကိုတော့ အနုည်းငယ်အပြောင်းအလဲ လုပ်နိုင်ပါတယ်။

ကျောဘက်ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်ပြီး အားသွင်းဖို့နဲ့ အချက်အလက်တွေလွှဲပြောင်းဖို့အတွက် USB- C ပါဝင်လာမှာပါ။ ကင်မရာပိုင်းမှာတော့ Dual ဖြစ်ပြီး 12 MP (f/1.8, 1/2.3″, 1.55µm) + 8 MP ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 8 MP (f/2.0, 1.12µm) တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားကတော့ Li-Ion 3360 mAh နဲ့ဖြစ်ပြီး လက်ဗွေဖတ်စနစ်ပါဝင်မှာ ဖြစ်ပါတယ်။

Leave a Reply