Acer က ကမာၻ႕ အပါးလႊာဆံုး Swift 5 ကို ေၾကညာ

0
1710

ေအဆာက Swift 5 ရဲ႕ ေမာ္ဒယ္အသစ္ကို ျပသလိုက္ၿပီး ကမာၻ႕ အပါးလႊာဆံုး ၁၅ လက္မ လက္ပ္ေတာ့လို႔ ေျပာပါတယ္။ Acer Swift 5 ဟာ ယခုႏွစ္ CES မွာ မိတ္ဆက္ခဲ့တဲ့ Swift 7 ေနာက္မွာ ထြက္လာတာ ျဖစ္ၿပီး ၁၅.၆ လက္မ Full HD Display တပ္ဆင္ထားပါတယ္။ Swift Series မ်ားထဲမွာေတာ့ အႀကီးမားဆံုး ျဖစ္ပါတယ္။ စကရင္ရဲ႕ ေဘးေဘာင္မ်ားကို အလြန္ ပါးလႊာေအာင္ ဖန္တီးထားပါတယ္။ စမတ္ဖုန္းမ်ားမွာ သာမက လက္ပ္ေတာ့မ်ားမွာလည္း ေဘာင္ေပ်ာက္ ဒီဇိုင္းဟာ ေခတ္စားလာေနပါတယ္။ Screen-to-Body Ratio မွာ ၈၇.၆ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။

ေပါ့ပါးတဲ့ သတၱဳကိုယ္ထည္ကို အသံုးျပဳထားၿပီး ၁ ကီလိုဂရမ္သာ ေလးပါတယ္။ ဒါေပမယ့္ ကိုယ္ထည္ဟာ အလြန္ မာေက်ာၾကံ႕ခိုင္ပါတယ္။ 1TB SSD Storage နဲ႔ 16GB RAM အထိ ေရြးခ်ယ္ႏုိင္ပါတယ္။ 1TB SSD Storage နဲ႔ 16GB RAM အထိ ေရြးခ်ယ္ႏုိင္ပါတယ္။ ေနာက္ဆံုးထုတ္ 8th Generation Intel Processor ထည့္သြင္းထားေပမယ့္ ေမာ္ဒယ္ အေသးစိတ္ကို မသိရေသးပါဘူး။ Windows 10 Laptop ျဖစ္ပါတယ္။ အေျခခံ ေမာ္ဒယ္ရဲ႕ အတြင္းပိုင္း ဟာ့ဒ္၀ဲမ်ားကို ေအဆာက မေၾကညာေသးပါဘူး။

သူ႔မွာ Windows Hello ကို ေထာက္ပံ့တဲ့ လက္ေဗြရာ ဆန္ဆာ ထည့္သြင္းထားပါတယ္။ USB-C Port ႏွစ္ခု၊ USB 3.1 Type-A Port ႏွစ္ခု၊ HDMI Port တစ္ခုနဲ႔ SD Card Reader တစ္ခု ထည့္သြင္းထားပါတယ္။ ေအဆာက ၿပီးခဲ့တဲ့ တစ္ပတ္က Amazon Alexa ကို သူ႔ရဲ႕ Aspire, Swift Devices မ်ားမွာ ထည့္သြင္းေပးမယ္လို႔ ေၾကညာခဲ့တဲ့အတြက္ Swift 5 မွာ Amazon Alexa ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ ပါလာႏိုင္ပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးေပမယ့္ ယခုႏွစ္ ေႏွာင္းပိုင္းမွာ ေရာင္းခ်ႏုိင္ပါတယ္။

unicode

Acer က ကမ္ဘာ့ အပါးလွှာဆုံး Swift 5 ကို ကြေညာ

အေဆာက Swift 5 ရဲ့ မော်ဒယ်အသစ်ကို ပြသလိုက်ပြီး ကမ္ဘာ့ အပါးလွှာဆုံး ၁၅ လက်မ လက်ပ်တော့လို့ ပြောပါတယ်။ Acer Swift 5 ဟာ ယခုနှစ် CES မှာ မိတ်ဆက်ခဲ့တဲ့ Swift 7 နောက်မှာ ထွက်လာတာ ဖြစ်ပြီး ၁၅.၆ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Swift Series များထဲမှာတော့ အကြီးမားဆုံး ဖြစ်ပါတယ်။ စကရင်ရဲ့ ဘေးဘောင်များကို အလွန် ပါးလွှာအောင် ဖန်တီးထားပါတယ်။ စမတ်ဖုန်းများမှာ သာမက လက်ပ်တော့များမှာလည်း ဘောင်ပျောက် ဒီဇိုင်းဟာ ခေတ်စားလာနေပါတယ်။ Screen-to-Body Ratio မှာ ၈၇.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ပေါ့ပါးတဲ့ သတ္တုကိုယ်ထည်ကို အသုံးပြုထားပြီး ၁ ကီလိုဂရမ်သာ လေးပါတယ်။ ဒါပေမယ့် ကိုယ်ထည်ဟာ အလွန် မာကျောကြံ့ခိုင်ပါတယ်။ 1TB SSD Storage နဲ့ 16GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ 1TB SSD Storage နဲ့ 16GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ နောက်ဆုံးထုတ် 8th Generation Intel Processor ထည့်သွင်းထားပေမယ့် မော်ဒယ် အသေးစိတ်ကို မသိရသေးပါဘူး။ Windows 10 Laptop ဖြစ်ပါတယ်။ အခြေခံ မော်ဒယ်ရဲ့ အတွင်းပိုင်း ဟာ့ဒ်ဝဲများကို အေဆာက မကြေညာသေးပါဘူး။

သူ့မှာ Windows Hello ကို ထောက်ပံ့တဲ့ လက်ဗွေရာ ဆန်ဆာ ထည့်သွင်းထားပါတယ်။ USB-C Port နှစ်ခု၊ USB 3.1 Type-A Port နှစ်ခု၊ HDMI Port တစ်ခုနဲ့ SD Card Reader တစ်ခု ထည့်သွင်းထားပါတယ်။ အေဆာက ပြီးခဲ့တဲ့ တစ်ပတ်က Amazon Alexa ကို သူ့ရဲ့ Aspire, Swift Devices များမှာ ထည့်သွင်းပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် Swift 5 မှာ Amazon Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါလာနိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် ယခုနှစ် နှောင်းပိုင်းမှာ ရောင်းချနိုင်ပါတယ်။

Leave a Reply