18:9 Screen ပါတဲ့ တန္ဖုိးနည္း Meizu M8c ကို ေၾကညာၿပီ

0
1622

တရုတ္ စမတ္ဖုန္း ထုတ္လုပ္သူ မီဇူးက တန္ဖိုးနည္း စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ သူ ႔ရဲ႕ အမည္မွာ Meizu M8c ျဖစ္ပါတယ္။ သူဟာ ယခင္ႏွစ္က ေရာင္းခ်ခဲ့တဲ့ Meizu M5c ရဲ႕ မ်ိဳးဆက္လည္း ျဖစ္ပါတယ္။ မီဇူးက Android Go ထည့္သြင္းထားတဲ့ M5c ေမာ္ဒယ္တစ္ခုကိုလည္း FCC မွာ မွတ္ပံုတင္ထားပါတယ္။

Meizu M8c မွာ ၅.၄၅ လက္မ 18:9 Screen ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ အရည္အေသြးမွာ HD+ ျဖစ္တဲ့ 1440x720p ျဖစ္ပါတယ္။ Meizu M8c ရဲ႕ အေနာက္ဘက္မွာ Phase Detection Autofocus , Panorama, Continuous Shooting , ArcSoft Algorithm စြမ္းရည္မ်ား ပါတဲ့ 13 Megapixel f/2.2 Camera နဲ႔ အေရွ႕ဘက္မွာ 8 Megapixel f/2.0 Camera မ်ား ထည့္သြင္းေပးထားပါတယ္။

Meizu M8c မွာ 2GB RAM ထည့္သြင္းထားၿပီး 16GB or 32GB Internal Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ Qualcomm Snapdragon 425 Chipset ေမာင္းႏွင္ထားပါတယ္။ သူ႔မွာ Fingerprint Scanner မပါေပမယ့္ မ်က္ႏွာျဖင့္ စမတ္ဖုန္းကို Unlock ျပဳလုပ္ႏိုင္တဲ့ Face Unlock စြမ္းရည္ ပါပါတယ္။

Meizu M8c ကို အနီ၊ ေရႊ၊ အျပာနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ 3070mAh Battery ထည့္သြင္းေပးထားပါတယ္။ ရုရွားမွာ စတင္ ေရာင္းခ်မွာ ျဖစ္ၿပီး အျခား နိုင္ငံမ်ားမွာ ေရာင္းခ်မယ့္ သတင္းကို မသိရေသးပါဘူး။ ယူရို ၁၄၀ ၀န္းက်င္က်သင့္မွာ ျဖစ္ၿပီး ျမန္မာေငြ ၂၀၀ ၀၀၀ စြန္းစြန္း က်သင့္ႏိုင္ပါတယ္။

unicode

18:9 Screen ပါတဲ့ တန်ဖိုးနည်း Meizu M8c ကို ကြေညာပြီ

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ မီဇူးက တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Meizu M8c ဖြစ်ပါတယ်။ သူဟာ ယခင်နှစ်က ရောင်းချခဲ့တဲ့ Meizu M5c ရဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။ မီဇူးက Android Go ထည့်သွင်းထားတဲ့ M5c မော်ဒယ်တစ်ခုကိုလည်း FCC မှာ မှတ်ပုံတင်ထားပါတယ်။

Meizu M8c မှာ ၅.၄၅ လက်မ 18:9 Screen ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ အရည်အသွေးမှာ HD+ ဖြစ်တဲ့ 1440x720p ဖြစ်ပါတယ်။ Meizu M8c ရဲ့ အနောက်ဘက်မှာ Phase Detection Autofocus , Panorama, Continuous Shooting , ArcSoft Algorithm စွမ်းရည်များ ပါတဲ့ 13 Megapixel f/2.2 Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel f/2.0 Camera များ ထည့်သွင်းပေးထားပါတယ်။

Meizu M8c မှာ 2GB RAM ထည့်သွင်းထားပြီး 16GB or 32GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ Qualcomm Snapdragon 425 Chipset မောင်းနှင်ထားပါတယ်။ သူ့မှာ Fingerprint Scanner မပါပေမယ့် မျက်နှာဖြင့် စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်တဲ့ Face Unlock စွမ်းရည် ပါပါတယ်။

Meizu M8c ကို အနီ၊ ရွှေ၊ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 3070mAh Battery ထည့်သွင်းပေးထားပါတယ်။ ရုရှားမှာ စတင် ရောင်းချမှာ ဖြစ်ပြီး အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။ ယူရို ၁၄၀ ဝန်းကျင်ကျသင့်မှာ ဖြစ်ပြီး မြန်မာငွေ ၂၀၀ ၀၀၀ စွန်းစွန်း ကျသင့်နိုင်ပါတယ်။

Leave a Reply