
0
1640






unicode

Vivo က ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲအတွက် အထူးထုတ် Blue V9 ကို မိတ်ဆက်

Vivo ဟာ နောက်လမှာ ရုရှားတွင် ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် Sponsor ပံ့ပိုးခွင့် ရရှိထားပါတယ်။ အခုတော့ သူက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အထူးထုတ် Blue V9 Limited Edition ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ Specs များဟာ မူလ V9 နဲ့ တူညီပေမယ့် ဘောလုံးပြိုင်ပွဲရဲ့ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်တဲ့ Apps များကို ထည့်သွင်းပေးထားပါတယ်။ သင် နှစ်သက်တဲ့ အသင်းရဲ့ Wallpaper များ ၊ Theme များကိုလည်း အသုံးပြုနိုင်ပါတယ်။ V9 ရဲ့ Specs များကို ထပ်မံ ဖော်ပြလိုက်ပါတယ်။

Vivo V9 ရဲ့ Display အပိုင်းအတွက် ၆.၃ လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားပါတယ်။ ယခင် V7 နဲ့ V7+ တို့မှာ Resolution 720 x 1440 pixels ပါဝင်တဲ့ Display ကိုသာ အသုံးပြုခဲ့ပြီး ယခု V9 မှာ Resolution 1080 x 2280 pixels ပါဝင်တဲ့ Display ကို အသုံးပြုထားပါတယ်။ Pixel density ကတော့ 400 ppi ရှိပါမယ်။

Processor ပိုင်းအတွက် Qualcomm ရဲ့ Snapdragon 626 SoC ကို အသုံးပြုထားပြီး RAM 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Memory Storage က 64GB ပါဝင်မှာ ဖြစ်ပြီး microSD 256GB ထိ ထပ်စိုက်လို့ရမှာဖြစ်ပါတယ်။Triple SIM Tray ဖြစ်တဲ့အတွက် SIM ၂ကဒ်နဲ့အတူ microSD ကိုပါ ပူးတွဲ အသုံးပြုနိုင်မှာပါ။

နောက်ကျောဘက် ကင်မရာအတွက် 16MP နဲ့ 5MP ကင်မရာ ၂လုံးကို ဒေါင်လိုက် တပ်ဆင်ထားတာ တွေ့ရပါတယ်။ ရှေ့ဘက် မျက်နှာပြင်မှာတော့ AI နည်းပညာ ပါဝင်တဲ့ 24MP ကင်မရာကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏက3260mAh ပါဝင်ပြီး အလေးချိန်ကတော့ 150g ရှိပါမယ်။ Fast Charging ထောက်ပံ့မှုစနစ်တော့ ပါဝင်မှာ မဟုတ်ပါဘူး။

Software အပိုင်းမှာတော့ Android 8.1 Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ Funtouch OS 4.0 နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ Game Play တဲ့အခါ Notification နဲ့ Floating previews တွေကို Block လုပ်ဖို့အတွက် Game Mode Feature ပါဝင်လာပါတယ်။ ဒါ့အပြင် Navigation Button တွေကို Navigation Gestures အဖြစ်ပြောင်းလဲ အသုံးပြုနိုင်မယ့် System Navigation Feature လည်း ပါဝင်ပါသေးတယ်။ Security အပိုင်းမှာတော့ Fingerprint အပြင် Face Unlock စနစ်ကိုပါ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply