Qualcomm က Snapdragon 710 Chip မ်ားကို ေၾကညာ

0
1579

Qualcomm က ယခုႏွစ္ အေစာပိုင္းမွာ စြမ္းေဆာင္ရည္သင့္ Snapdragon 700 Series မ်ားကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ထက္ စြမ္းေဆာင္ရည္ ျမင့္မားတဲ့ Snapdragon 710 Chips မ်ားကို ေၾကညာလိုက္ပါတယ္။ သူဟာ စြမ္းေဆာင္ရည္သင့္ မက စြမ္းေဆာင္ရည္ျမင့္ မက်တဲ့ Chips မ်ား ျဖစ္ပါတယ္။

Snapdragon 710 Chips မ်ားဟာ Snapdragon 660 Chips မ်ားထက္ AI စြမ္းရည္အပိုင္းမွာ ႏွစ္ဆ ပိုမို တိုးတက္လာပါတယ္။ ဒါ့အျပင္ အသံမ်ားကို အာရံုခံၿပီး အလုပ္မ်ား လုပ္ျခင္းကေန ဓါတ္ပံု ရိုက္ကူးမႈနဲ႔ Biometrics မ်ားအထိပါ စြမ္းရည္မ်ား ပိုမို ေကာင္းမြန္လာတယ္လို႔ Qualcomm က ေျပာပါတယ္။ X15 LTE Modem နဲ႔ Spectra 250 Image Processor တို႔လို အျခား အစိတ္အပိုင္းမ်ားကေတာ့ 800 Series မ်ားမွ Spectra 280 Processor ထက္ စြမ္းရည္နိမ့္တဲ့ အမ်ိဳးအစားမ်ား ျဖစ္ပါတယ္။

X15 Modem ဟာ X20 လို gigabit LTE Speeds ကို မပံ့ပိုးေပးႏုိင္ေပမယ့္ 600 Series မ်ားမွ X12 Modem ထက္ေတာ့ ပိုမိုတဲ့ အျမန္ႏႈန္းကို ပံ့ပိုးေပးပါတယ္။ 800 Mbps Download Speed ကို ရရွိႏုိင္ပါတယ္။ Signal Strength ကလည္း တိုးတက္လာပါတယ္။ သူ႔မွာ 800 Series မ်ားမွ စြမ္းရည္အားလံုးေတာ့ မပါပါဘူး။ ဒါေပမယ့္ 10-bit Color Support ေတာ့ ပါလာပါတယ္။ 600 Series မ်ားမွာ 8-bit ကိုသာ ပံ့ပိုးထားပါတယ္။ 710 ပါတဲ့ ဖုန္းမ်ားဟာ 4K HDR Video မ်ားကို ေထာက္ပံ့တဲ့ ပထမဆံုး စြမ္းရည္သင့္ ဖုန္းမ်ား ျဖစ္လာမွာပါ။

710 ကို 10nm Architecture ျဖင့္ တည္ေဆာက္ထားပါတယ္။ 660 မ်ားထက္ စြမ္းေဆာင္ရည္အပိုင္းမွာ ၂၀ ရာခုိင္ႏႈန္း ပိုမို တိုးတက္လာတယ္လို႔ Qualcomm က ေျပာပါတယ္။ စြမ္းအင္ စားသံုးမႈ အပိုင္းမွာလည္း ပိုမ္ို နည္းပါးလာပါတယ္။ 710 ပါတဲ့ ဖုန္းမ်ားကို ဇူလိုင္လမတိုင္မီမွာ ေရာင္းခ်မွာပါ။

unicode

Qualcomm က Snapdragon 710 Chip များကို ကြေညာ

Qualcomm က ယခုနှစ် အစောပိုင်းမှာ စွမ်းဆောင်ရည်သင့် Snapdragon 700 Series များကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ထက် စွမ်းဆောင်ရည် မြင့်မားတဲ့ Snapdragon 710 Chips များကို ကြေညာလိုက်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် မက စွမ်းဆောင်ရည်မြင့် မကျတဲ့ Chips များ ဖြစ်ပါတယ်။

Snapdragon 710 Chips များဟာ Snapdragon 660 Chips များထက် AI စွမ်းရည်အပိုင်းမှာ နှစ်ဆ ပိုမို တိုးတက်လာပါတယ်။ ဒါ့အပြင် အသံများကို အာရုံခံပြီး အလုပ်များ လုပ်ခြင်းကနေ ဓါတ်ပုံ ရိုက်ကူးမှုနဲ့ Biometrics များအထိပါ စွမ်းရည်များ ပိုမို ကောင်းမွန်လာတယ်လို့ Qualcomm က ပြောပါတယ်။ X15 LTE Modem နဲ့ Spectra 250 Image Processor တို့လို အခြား အစိတ်အပိုင်းများကတော့ 800 Series များမှ Spectra 280 Processor ထက် စွမ်းရည်နိမ့်တဲ့ အမျိုးအစားများ ဖြစ်ပါတယ်။

X15 Modem ဟာ X20 လို gigabit LTE Speeds ကို မပံ့ပိုးပေးနိုင်ပေမယ့် 600 Series များမှ X12 Modem ထက်တော့ ပိုမိုတဲ့ အမြန်နှုန်းကို ပံ့ပိုးပေးပါတယ်။ 800 Mbps Download Speed ကို ရရှိနိုင်ပါတယ်။ Signal Strength ကလည်း တိုးတက်လာပါတယ်။ သူ့မှာ 800 Series များမှ စွမ်းရည်အားလုံးတော့ မပါပါဘူး။ ဒါပေမယ့် 10-bit Color Support တော့ ပါလာပါတယ်။ 600 Series များမှာ 8-bit ကိုသာ ပံ့ပိုးထားပါတယ်။ 710 ပါတဲ့ ဖုန်းများဟာ 4K HDR Video များကို ထောက်ပံ့တဲ့ ပထမဆုံး စွမ်းရည်သင့် ဖုန်းများ ဖြစ်လာမှာပါ။

710 ကို 10nm Architecture ဖြင့် တည်ဆောက်ထားပါတယ်။ 660 များထက် စွမ်းဆောင်ရည်အပိုင်းမှာ ၂၀ ရာခိုင်နှုန်း ပိုမို တိုးတက်လာတယ်လို့ Qualcomm က ပြောပါတယ်။ စွမ်းအင် စားသုံးမှု အပိုင်းမှာလည်း ပိုမို နည်းပါးလာပါတယ်။ 710 ပါတဲ့ ဖုန်းများကို ဇူလိုင်လမတိုင်မီမှာ ရောင်းချမှာပါ။

Leave a Reply