MI 8 စမတ္ဖုန္းနဲ႔အတူ MIUI 10 ကိုလည္းမိတ္ဆက္ေၾကျငာသြားမယ့္ Xiaomi

0
1975

Xiaomi အေနနဲ႔ယခုလကုန္ပိုင္းမွာ စမတ္ဖုန္းသစ္ေတြကို ပြဲထုတ္မိတ္ဆက္သြားဖို႔ ရွိေနတယ္ဆိုတာကိုေတာ့ အားလံုးသိၿပီးျဖစ္ပါလိမ့္မယ္။ ေမ၃၁မွာ မိတ္ဆက္သြားမယ့္ ဖုန္းဟာ Mi 8 နဲ႔ Mi 7 တို႔ျဖစ္ႏုိင္ၿပီး Mi 8 ကေတာ့ special edition စမတ္ဖုန္းျဖစ္ပါလိမ့္မယ္။ ဒီေန႔မွာေတာ့ Xiaomi အေနနဲ႔အဆိုပါပြဲမွာ ဖုန္းေတြအျပင္ MIUI 10 ကိုပါ တရားဝင္ ထုတ္ေဖာ္ျပသသြားမယ္ဆိုတာကို သိခဲ့ရပါတယ္။ MIUI Weibo အေကာင့္က ေမလ ၃၁ ရက္ေန႔ပြဲမွာ MIUI 10 ကုိလည္း မိတ္ဆက္သြားမယ္လုိ႔ အတည္ျပဳလာပါတယ္။ ကုမၸဏီရဲ႕ Weibo အေကာင့္မွာ ‘I am #MIUI 10#’ လို႔ေရးသားထားတာကို ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက MIUI 9 ကုိ ေၾကညာတုန္းက Xiaomi က MIUI 9 က လွ်ပ္စီးကဲ့သုိ႔ လွ်င္ျမန္ေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။ ယခုႏွစ္မွာ ေၾကညာလာမယ့္ MIUI 10 ကေတာ့ လွ်ပ္စီးထက္ လွ်င္ျမန္လာမယ္လုိ႔ Xiaomi က ေျပာၾကားထားျပန္ပါတယ္။ သူရဲ႕ UX  ဒီဇုိင္းကလည္း ခပ္လန္းလန္း ပုံစံမ်ိဳးျဖစ္ဖို႔ မ်ားပါတယ္။  သို႔ေပမယ့္ Xiaomi MIUI 10 ကုိ Android 5.0 Lollipop သာ အသံုးျပဳေနတဲ့ ဖုန္းေဟာင္းမ်ား Update ရရွိမွာ မဟုတ္ပါဘူး။

Xiaomi ဟာ ၿပီးခဲ့တဲ့လမ်ားအတြင္းမွာ ဖုန္းအခ်ဳိ႕ကို MIUI 9.5 Update ထုတ္လႊင့္ေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ရပ္ဆိုင္းလိုက္ပါတယ္။ Xiaomi ဟာ ကုမၸဏီ သက္တမ္း ၈ ႏွစ္ျပည့္အျဖစ္ ထြက္လာမယ့္ Mi 8 မွာ MIUI 10 တစ္ပါတည္း ထည့္သြင္းလာဖုိ႔ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ MIUI 10 မွာ ဘယ္လို လုပ္ေဆာင္ခ်က္ေကာင္းေတြ ပါ၀င္လာမလဲဆိုတာ မသိရေသးပါဘူး။

သတင္းတခ်ိဳ႕အရေတာ့ Xiaomi အေနနဲ႔ ကိုယ္ပိုင္ AI assistant တစ္ခုကို တရုတ္ႏုိင္ငံတြင္းမွာ စမ္းသပ္ဖုိ႔ ျပဳလုပ္ေနၿပီး အဆင္ေျပမယ္ဆိုရင္ေတာ့ စမတ္ဖုန္းေတြမွာ ထည့္သြင္းေပးေတာ့မွာ ျဖစ္ပါတယ္။ Xiao AI လို႔ေခၚၿပီး ကင္မရာစြမ္းေဆာင္ရည္နဲ႔ ဖုန္းရဲ႕အျမန္ႏႈန္းကို ပိုမိုသြက္လက္ျမန္ဆန္ေစေအာင္ ကူညီေပးလာမွာလို႔ ဆိုပါတယ္။ သို႔ေပမယ့္ အခ်ိန္အတိုင္းအတာအနည္းငယ္အတြင္း ရရွိလာမယ္ဆိုတာကေတာ့ မေသခ်ာေသးပါဘူး။

Unicode

Xiaomi အနေနဲ့ယခုလကုန်ပိုင်းမှာ စမတ်ဖုန်းသစ်တွေကို ပွဲထုတ်မိတ်ဆက်သွားဖို့ ရှိနေတယ်ဆိုတာကိုတော့ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ မေ၃၁မှာ မိတ်ဆက်သွားမယ့် ဖုန်းဟာ Mi 8 နဲ့ Mi 7 တို့ဖြစ်နိုင်ပြီး Mi 8 ကတော့ special edition စမတ်ဖုန်းဖြစ်ပါလိမ့်မယ်။ ဒီနေ့မှာတော့ Xiaomi အနေနဲ့အဆိုပါပွဲမှာ ဖုန်းတွေအပြင် MIUI 10 ကိုပါ တရားဝင် ထုတ်ဖော်ပြသသွားမယ်ဆိုတာကို သိခဲ့ရပါတယ်။ MIUI Weibo အကောင့်က မေလ ၃၁ ရက်နေ့ပွဲမှာ MIUI 10 ကိုလည်း မိတ်ဆက်သွားမယ်လို့ အတည်ပြုလာပါတယ်။ ကုမ္ပဏီရဲ့ Weibo အကောင့်မှာ ‘I am #MIUI 10#’ လို့ရေးသားထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက MIUI 9 ကို ကြေညာတုန်းက Xiaomi က MIUI 9 က လျှပ်စီးကဲ့သို့ လျှင်မြန်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ယခုနှစ်မှာ ကြေညာလာမယ့် MIUI 10 က လျှပ်စီးထက် လျှင်မြန်လာမယ်လို့ Xiaomi က ပြောကြားထားပြန်ပါတယ်။ သူရဲ့ UX  ဒီဇိုင်းကလည်း ခပ်လန်းလန်း ပုံစံမျိုးဖြစ်ဖို့ များပါတယ်။  သို့ပေမယ့် Xiaomi MIUI 10 ကို Android 5.0 Lollipop သာ အသုံးပြုနေတဲ့ ဖုန်းဟောင်းများ Update ရရှိမှာ မဟုတ်ပါဘူး။

Xiaomi ဟာ ပြီးခဲ့တဲ့လများအတွင်းမှာ ဖုန်းအချို့ကို MIUI 9.5 Update ထုတ်လွှင့်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်ဆိုင်းလိုက်ပါတယ်။ Xiaomi ဟာ ကုမ္ပဏီ သက်တမ်း ၈ နှစ်ပြည့်အဖြစ် ထွက်လာမယ့် Mi 8 မှာ MIUI 10 တစ်ပါတည်း ထည့်သွင်းလာဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ MIUI 10 မှာ ဘယ်လို လုပ်ဆောင်ချက်ကောင်းတွေ ပါဝင်လာမလဲဆိုတာ မသိရသေးပါဘူး။

သတင်းတချို့အရတော့ Xiaomi အနေနဲ့ ကိုယ်ပိုင် AI assistant တစ်ခုကို တရုတ်နိုင်ငံတွင်းမှာ စမ်းသပ်ဖို့ ပြုလုပ်နေပြီး အဆင်ပြေမယ်ဆိုရင်တော့ စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Xiao AI လို့ခေါ်ပြီး ကင်မရာစွမ်းဆောင်ရည်နဲ့ ဖုန်းရဲ့အမြန်နှုန်းကို ပိုမိုသွက်လက်မြန်ဆန်စေအောင် ကူညီပေးလာမှာလို့ ဆိုပါတယ်။ သို့ပေမယ့် အချိန်အတိုင်းအတာအနည်းငယ်အတွင်း ရရှိလာမယ်ဆိုတာကတော့ မသေချာသေးပါဘူး။

 

Leave a Reply