Apple က သူ႔၀န္ထမ္းမ်ားအတြက္ ေမာင္းသူမဲ့ ဖယ္ရီကားမ်ား စီစဥ္ေန

0
1586

Apple က သူကိုယ္တိုင္လည္း ေမာင္းသူမဲ့ ကား နည္းပညာကို ဖန္တီးေနပါတယ္။ Apple ဟာ သူ႔၀န္ထမ္းမ်ားအတြက္ ေမာင္းသူမဲ့ ဖယ္ရီကားမ်ားကို ပံ့ပိုးေပးဖုိ႔အတြက္ ဂ်ာမနီ အေျခစိုက္ BMW , Mercedes တို႔ နဲ႔ ေဆြးေႏြးခဲ့ေပမယ့္ ဒီဇိုင္း အပိုင္းကို Apple က စီမံခ်င္တဲ့အတြက္ အဆင္မေျပခဲ့ပါဘူး။ အခုေတာ့ Apple ဟာ လက္ရွိသံုးေနတဲ့ T6 Transporter Vans မ်ားမွာ ေမာင္းသူမဲ့ နည္းပညာ ထည့္သြင္းဖုိ႔အတြက္ Volkswagen နဲ႔ ပူးေပါင္းေနတယ္လို႔ The New York Times က ေရးသားထားပါတယ္။

ယခင္ႏွစ္မွာေတာ့ Apple က သူ႔ရဲ႕ ကား စီမံကိန္း ဌာနကို လွ်ိဳ႕၀ွက္အမည္ Project Titan လို႔ ေပးထားၿပီး ဟာ့ဒ္၀ဲေရာ ေဆာ့ဖ္၀ဲ အပိုင္းကိုပါ တီထြင္မွာ ျဖစ္တယ္ဆိုတဲ့ သတင္းမ်ား ထြက္ေပၚလာပါတယ္။ အဲဒီ ကားဌာနမွ ၀န္ထမ္းအားလံုးဟာ ယခု စီမံကိန္းမွာ ပါ၀င္ၾကမယ္လို႔ သိရပါတယ္။

ယခင္ႏွစ္ ၾသဂုတ္လမွာလည္း The New York Times မွ Daisuke Wakabayashi ရဲ႕ သတင္းအရ Apple ဟာ လက္ရွိ ရံုးခ်ဳပ္ကေန ရံုးခ်ဳပ္အသစ္သို႔ ၀န္ထမ္းမ်ားအား သယ္ယူပို႔ေဆာင္ေပးမယ့္ အလိုအေလွ်ာက္ ေမာင္းႏွင္တဲ့ ဖယ္ရီကားကို ဖန္တီးေနတယ္လို႔ သိခဲ့ရပါတယ္။

အဲဒီ ေမာင္းသူမဲ့ ၀န္ထမ္း ဖယ္ရီ ကား စီမံကိန္းကို PAIL လို႔ေခၚၿပီး အရွည္မွာ Palo Alto to Infinite Loop ျဖစ္ပါတယ္။ ကားထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုရဲ႕ ဗင္ကားမွာ Apple ရဲ႕ ေမာင္းသူမဲ့ နည္းပညာ ထည့္သြင္းမွာ ျဖစ္ပါတယ္။ Apple ဟာ ေမာင္းသူမဲ့ ကားမ်ားကို စမ္းသပ္ဖို႔အတြက္ အာဏာပိုင္မ်ားထံကေန ခြင့္ျပဳခ်က္ရခဲ့ၿပီး ျဖစ္ပါတယ္။ Apple ရဲ႕ ေမာင္းသူမဲ့ ေဆာ့ဖ္၀ဲ ထည့္သြင္းထားတဲ့ Lexuses ကားအခ်ိဳ႕ စမ္းသပ္ေမာင္းနွင္ေနတာကို ယခင္ႏွစ္က ျမင္ေတြ႕ခဲ့ၾကရၿပီးပါၿပီ။

အေစာပိုင္းတုန္းကေတာ့ Apple ဟာ ေမာင္းသူမဲ့ ကားမ်ားကို ကိုယ္တိုင္ ဖန္တီးထုတ္လုပ္မယ့္ Project Titan စီမံကိန္းကို ျပဳလုပ္ေနတယ္ဆိုတဲ့ သတင္းထြက္ေပၚလာခဲ့ဖူးပါတယ္။ ဒါ့အျပင္ Apple ဟာ ေမာင္းသူမဲ့ ကား နယ္ပယ္မွ ပညာရွင္မ်ားကိုလည္း ငွားရမ္းထားတဲ့ အေၾကာင္းမ်ားကိုလည္း သိခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ Apple ဟာ ေမာင္းသူမဲ့ ကားကို ကိုယ္တိုင္ ထုတ္လုပ္မွာ မဟုတ္ဘဲ အျခား ကုမၸဏီထုတ္ ကားမ်ားမွာ သူ႔ရဲ႕ ေမာင္းသူမဲ့ နည္းပညာ ထည့္သြင္းမယ္ဆိုတာကို သိခဲ့ရပါတယ္။

unicode

Apple က သူ့ဝန်ထမ်းများအတွက် မောင်းသူမဲ့ ဖယ်ရီကားများ စီစဉ်နေ

Apple က သူကိုယ်တိုင်လည်း မောင်းသူမဲ့ ကား နည်းပညာကို ဖန်တီးနေပါတယ်။ Apple ဟာ သူ့ဝန်ထမ်းများအတွက် မောင်းသူမဲ့ ဖယ်ရီကားများကို ပံ့ပိုးပေးဖို့အတွက် ဂျာမနီ အခြေစိုက် BMW , Mercedes တို့ နဲ့ ဆွေးနွေးခဲ့ပေမယ့် ဒီဇိုင်း အပိုင်းကို Apple က စီမံချင်တဲ့အတွက် အဆင်မပြေခဲ့ပါဘူး။ အခုတော့ Apple ဟာ လက်ရှိသုံးနေတဲ့ T6 Transporter Vans များမှာ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းဖို့အတွက် Volkswagen နဲ့ ပူးပေါင်းနေတယ်လို့ The New York Times က ရေးသားထားပါတယ်။

ယခင်နှစ်မှာတော့ Apple က သူ့ရဲ့ ကား စီမံကိန်း ဌာနကို လျှို့ဝှက်အမည် Project Titan လို့ ပေးထားပြီး ဟာ့ဒ်ဝဲရော ဆော့ဖ်ဝဲ အပိုင်းကိုပါ တီထွင်မှာ ဖြစ်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာပါတယ်။ အဲဒီ ကားဌာနမှ ဝန်ထမ်းအားလုံးဟာ ယခု စီမံကိန်းမှာ ပါဝင်ကြမယ်လို့ သိရပါတယ်။

ယခင်နှစ် သြဂုတ်လမှာလည်း The New York Times မှ Daisuke Wakabayashi ရဲ့ သတင်းအရ Apple ဟာ လက်ရှိ ရုံးချုပ်ကနေ ရုံးချုပ်အသစ်သို့ ဝန်ထမ်းများအား သယ်ယူပို့ဆောင်ပေးမယ့် အလိုအလျှောက် မောင်းနှင်တဲ့ ဖယ်ရီကားကို ဖန်တီးနေတယ်လို့ သိခဲ့ရပါတယ်။

အဲဒီ မောင်းသူမဲ့ ဝန်ထမ်း ဖယ်ရီ ကား စီမံကိန်းကို PAIL လို့ခေါ်ပြီး အရှည်မှာ Palo Alto to Infinite Loop ဖြစ်ပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ဗင်ကားမှာ Apple ရဲ့ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ Apple ဟာ မောင်းသူမဲ့ ကားများကို စမ်းသပ်ဖို့အတွက် အာဏာပိုင်များထံကနေ ခွင့်ပြုချက်ရခဲ့ပြီး ဖြစ်ပါတယ်။ Apple ရဲ့ မောင်းသူမဲ့ ဆော့ဖ်ဝဲ ထည့်သွင်းထားတဲ့ Lexuses ကားအချို့ စမ်းသပ်မောင်းနှင်နေတာကို ယခုနှစ်အစောပိုင်းက မြင်တွေ့ခဲ့ကြရပြီးပါပြီ။

အစောပိုင်းတုန်းကတော့ Apple ဟာ မောင်းသူမဲ့ ကားများကို ကိုယ်တိုင် ဖန်တီးထုတ်လုပ်မယ့် Project Titan စီမံကိန်းကို ပြုလုပ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါ့အပြင် Apple ဟာ မောင်းသူမဲ့ ကား နယ်ပယ်မှ ပညာရှင်များကိုလည်း ငှားရမ်းထားတဲ့ အကြောင်းများကိုလည်း သိခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Apple ဟာ မောင်းသူမဲ့ ကားကို ကိုယ်တိုင် ထုတ်လုပ်မှာ မဟုတ်ဘဲ အခြား ကုမ္ပဏီထုတ် ကားများမှာ သူ့ရဲ့ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းမယ်ဆိုတာကို သိခဲ့ရပါတယ်။

Leave a Reply