Xiaomi MI8 ရဲ႕ဗီဒီယိုဖိုင္ေပါက္ၾကားထြက္ရွိလာ

0
2015

Xiaomi အေနနဲ႔သူတို႔ရဲ႕စမတ္ဖုန္းသစ္ျဖစ္တဲ့ MI8 ကိုေမ၃၁ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ ဒီဖုန္းဟာ ကုမၸဏီရဲ႕ ၈ႏွစ္ျပည့္အထိမ္းအမွတ္ဖုန္းျဖစ္ၿပီး ေကာင္းမြန္ျပည့္စုံတဲ့ စမတ္ဖုန္းတစ္လုံးျဖစ္လာမွာပါ။ ဒီေန႔မွာ MI8 လို႔ထင္ရတဲ့ video ဖုိင္တစ္ခုအြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။ သူ႕မွာေတာ့ အေစာပိုင္းထြက္လာတဲ့ ေကာလာဟလေတြအတိုင္းပဲ ေဒါင္လိုက္ Dual ကင္မရာနဲ႔ iPhone X နဲ႔ခပ္ဆင္ဆင္တူတဲ့ Notch ကိုထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ MI8 ကိုspecial edition အေနနဲ႔ပါ ထပ္မံထုတ္လုပ္လာႏုိင္ပါတယ္။ ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္ကိုေတာ့့ ေအာက္မွာ ၾကည့္ရႈႏိုင္ပါလိမ့္မယ္။

အေစာပိုင္းထြက္လာတဲ့သတင္းေတြမွာေတာ့ Mi 8 မွာ6.01” screen နဲ႔ 3D face recognition ကိုသံုးထားပါလိမ့္မယ္။ ပရိုဆက္ဆာပိုင္းမွာ Snapdragon 845 ျဖစ္ဖို႔ လုံးဝေသခ်ာေနပါတယ္။ Mi 8 မွာ dual camera တပ္ဆင္ထားမွာျဖစ္ၿပီး AI နည္းပညာေထာက္ပံ့ေပးမွာပါ။ ကင္မရာမွာ မတူညီတဲ့ portrait modes ၁၂မ်ိဳးေလာက္ထည့္သြင္း ေပးထားႏုိင္ပါတယ္။ ဒါ့အျပင္လြန္ခဲ့တဲ့ ၂ရက္ေလာက္က ထြက္လာတဲ့ video ဖုိင္အရဒီဖုန္းမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္စနစ္ ပါဝင္လာႏုိင္ေျခရွိေနပါတယ္။

Mi 8 ဟာဗားရွင္း၂မ်ိဳးနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး သူ႕ရဲ႕ေစ်းႏႈန္းေတြကေတာ့  6 GB RAM နဲ႔ 64 GB storage အတြက္ဆိုရင္  ယြမ္ 2,799 ျဖစ္ၿပီး၊ေဒၚလာနဲ႔ဆိုရင္ ၄၄၆ ဝန္းက်င္ေလာက္ရွိမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ဗားရွင္းတစ္ခုျဖစ္တဲ့ 8 GB RAM နဲ႔ 128 GB storage အတြက္ကေတာ့  3,199ယြမ္(သို႔) ေဒၚလာ ၅၃၃ ဝန္းက်င္ျဖစ္မွာပါ။ 8GB RAM နဲ႔ဗားရွင္းဟာ special edition နဲ႔ထြ႕က္လာမယ့္ ဖုန္းျဖစ္ပါလိမ့္မယ္။

Unicode

Xiaomi အနေနဲ့သူတို့ရဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ MI8 ကိုမေ၃၁ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ ကုမ္ပဏီရဲ့ ၈နှစ်ပြည့်အထိမ်းအမှတ်ဖုန်းဖြစ်ပြီး ကောင်းမွန်ပြည့်စုံတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။ ဒီနေ့မှာ MI8 လို့ထင်ရတဲ့ video ဖိုင်တစ်ခုအွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ သူ့မှာတော့ အစောပိုင်းထွက်လာတဲ့ ကောလာဟလတွေအတိုင်းပဲ ဒေါင်လိုက် Dual ကင်မရာနဲ့ iPhone X နဲ့ခပ်ဆင်ဆင်တူတဲ့ Notch ကိုထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် MI8 ကိုspecial edition အနေနဲ့ပါ ထပ်မံထုတ်လုပ်လာနိုင်ပါတယ်။ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါလိမ့်မယ်။

အစောပိုင်းထွက်လာတဲ့သတင်းတွေမှာတော့ Mi 8 မှာ6.01” screen နဲ့ 3D face recognition ကိုသုံးထားပါလိမ့်မယ်။ ပရိုဆက်ဆာပိုင်းမှာ Snapdragon 845 ဖြစ်ဖို့ လုံးဝသေချာနေပါတယ်။ Mi 8 မှာ dual camera တပ်ဆင်ထားမှာဖြစ်ပြီး AI နည်းပညာထောက်ပံ့ပေးမှာပါ။ ကင်မရာမှာ မတူညီတဲ့ portrait modes ၁၂မျိုးလောက်ထည့်သွင်း ပေးထားနိုင်ပါတယ်။ ဒါ့အပြင်လွန်ခဲ့တဲ့ ၂ရက်လောက်က ထွက်လာတဲ့ video ဖိုင်အရဒီဖုန်းမှာ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ် ပါဝင်လာနိုင်ခြေရှိနေပါတယ်။

Mi 8 ဟာဗားရှင်း၂မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး သူ့ရဲ့ဈေးနှုန်းတွေကတော့  6 GB RAM နဲ့ 64 GB storage အတွက်ဆိုရင်  ယွမ် 2,799 ဖြစ်ပြီး၊ဒေါ်လာနဲ့ဆိုရင် ၄၄၆ ဝန်းကျင်လောက်ရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်ဗားရှင်းတစ်ခုဖြစ်တဲ့ 8 GB RAM နဲ့ 128 GB storage အတွက်ကတော့  3,199ယွမ်(သို့) ဒေါ်လာ ၅၃၃ ဝန်းကျင်ဖြစ်မှာပါ။ 8GB RAM နဲ့ဗားရှင်းဟာ special edition နဲ့ထွ့က်လာမယ့် ဖုန်းဖြစ်ပါလိမ့်မယ်။

 

 

Leave a Reply