Xiaomi Mi 8 ရဲ႕ဖိတ္စာနဲ႔ေစ်းႏႈန္းမ်ား ထြက္ေပၚလာ

0
1868

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူအေနနဲ႔ ကုမၸဏီရဲ႕၈ႏွစ္ျပည့့္ စမတ္ဖုန္းကို ပြဲထုတ္မိတ္ဆက္ႏိုင္ဖို႔ အတြက္ျပင္ဆင္ေနတာ အေတာ္ကိုျပည့္စုံတဲ့ အဆင့္ထိေရာက္ေနပါၿပီ။ ကုမၸဏီရဲ႕ ၈ႏွစ္ျပည့္ အထိမ္းအမွတ္ အေနနဲ႔ထုတ္မယ့္ ဖုန္းဟာ Mi 8 လို႔နာမည္ထြက္ေနၿပီး အေစာပိုင္းအခ်ိန္တုန္းကေတာ့ Mi 7 ျဖစ္မယ္လို႔ဆိုခဲ့ၾကပါတယ္။ ဒီေန႔မွာ အသစ္ထြက္မယ့္ စမတ္ဖုန္းရဲ႕ ေမာ္ဒယ္နံမည္ဟာMi 8 ျဖစ္မယ္ဆိုတာကိုေသခ်ာေစတဲ့အျပင္၊ ဖုန္းရဲ႕ေစ်းႏႈန္းကိုပါသိႏိုင္မယ့္ ဓာတ္ပုံတစ္ခုထြက္ရွိလာပါတယ္။

Mi 8 ဟာဗားရွင္း၂မ်ိဳးနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး သူ႕ရဲ႕ေစ်းႏႈန္းေတြကေတာ့ 6 GB RAM နဲ႔ 64 GB storage အတြက္ဆိုရင္ ယြမ္ 2,799 ျဖစ္ၿပီး၊ေဒၚလာနဲ႔ဆိုရင္ ၄၄၀ဝန္းက်င္ေလာက္ရွိမွာ ျဖစ္ပါတယ္။ေနာက္ထပ္ဗားရွင္းတစ္ခုျဖစ္တဲ့ 8 GB RAM နဲ႔ 128 GB storage အတြက္ကေတာ့ 3,199ယြမ္(သို႔) ေဒၚလာ ၅၀၀ဝန္းက်င္ျဖစ္မွာပါ။ 8GB RAM နဲ႔ဗားရွင္းဟာ လုံးဝ high-end ကိုဦးတည္ၿပီး သြက္လက္ျမန္ဆန္ပါလိမ့္မယ္။

ပံုမွာထပ္မံျမင္ေတြ႕ရတဲ့ကေတာ့ ဖုန္းမွာပါဝင္မယ့္ အျခားခပ္ျမင့္ျမင့္ အခ်က္အလက္ေတြပဲျဖစ္ပါတယ္။ Mi 8 မွာ6.01” screen နဲ႔ 3D face recognition ကိုသံုးထားပါလိမ့္မယ္။ သူ႕ရဲ႕နည္းပညာသံုးထားမႈဟာiPhone X နဲ႔ခပ္ဆင္ဆင္တူပါလိမ့္မယ္။ ပရိုဆက္ဆာပိုင္းမွာ Snapdragon 845 ျဖစ္ဖို႔ လုံးဝေသခ်ာေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ Xiaomi CEO လီဂၽြင္းအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာတုန္းကျပဳလုပ္ခဲ့တဲ့ Qualcomm conference မွာေနာက္ထုတ္မယ့္ flagship ဖုန္းမွာ Snapdragon 845 ကိုအသုံးျပဳသြားမွာ ျဖစ္တယ္လို႔ အတိအလင္းေျပာၾကားခဲ့လိုပါဘဲ။
Mi 8 မွာ dual camera တပ္ဆင္ထားမွာျဖစ္ၿပီး AI နည္းပညာေထာက္ပံ့ေပးမွာပါ။

ကင္မရာမွာ မတူညီတဲ့ portrait modes ၁၂မ်ိဳးေလာက္ထည့္သြင္း ေပးထားႏုိင္ပါတယ္။ ဒါ့အျပင္လြန္ခဲ့တဲ့ ၂ရက္ေလာက္ကထြက္လာတဲ့ video ဖုိင္အရဒီဖုန္းမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္စနစ္ ပါဝင္လာႏုိင္ေျခရွိေနပါတယ္။ ေမ၃၁မွာမိတ္ဆက္သြားမွာျဖစ္ၿပီး တရားဝင္ဖိတ္စာပုံေတြလည္း ထြက္ရွိေနၿပီျဖစ္ပါတယ္။

Unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူအနေနဲ့ ကုမ္ပဏီရဲ့၈နှစ်ပြည့် စမတ်ဖုန်းကို ပွဲထုတ်မိတ်ဆက်နိုင်ဖို့ အတွက်ပြင်ဆင်နေတာ အတော်ကိုပြည့်စုံတဲ့ အဆင့်ထိရောက်နေပါပြီ။ ကုမ္ပဏီရဲ့ ၈နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ထုတ်မယ့် ဖုန်းဟာ Mi 8 လို့နာမည်ထွက်နေပြီး အစောပိုင်းအချိန်တုန်းကတော့ Mi 7 ဖြစ်မယ်လို့ဆိုခဲ့ကြပါတယ်။ ဒီနေ့မှာ အသစ်ထွက်မယ့် စမတ်ဖုန်းရဲ့ မော်ဒယ်နံမည်ဟာMi 8 ဖြစ်မယ်ဆိုတာကိုသေချာစေတဲ့အပြင်၊ ဖုန်းရဲ့ဈေးနှုန်းကိုပါသိနိုင်မယ့် ဓာတ်ပုံတစ်ခုထွက်ရှိလာပါတယ်။

Mi 8 ဟာဗားရှင်း၂မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး သူ့ရဲ့ဈေးနှုန်းတွေကတော့ 6 GB RAM နဲ့ 64 GB storage အတွက်ဆိုရင် ယွမ် 2,799 ဖြစ်ပြီး၊ဒေါ်လာနဲ့ဆိုရင် ၄၄၀ဝန်းကျင်လောက်ရှိမှာ ဖြစ်ပါတယ်။နောက်ထပ်ဗားရှင်းတစ်ခုဖြစ်တဲ့ 8 GB RAM နဲ့ 128 GB storage အတွက်ကတော့ 3,199ယွမ်(သို့) ဒေါ်လာ ၅၀၀ဝန်းကျင်ဖြစ်မှာပါ။ 8GB RAM နဲ့ဗားရှင်းဟာ လုံးဝ high-end ကိုဦးတည်ပြီး သွက်လက်မြန်ဆန်ပါလိမ့်မယ်။

ပုံမှာထပ်မံမြင်တွေ့ရတဲ့ကတော့ ဖုန်းမှာပါဝင်မယ့် အခြားခပ်မြင့်မြင့် အချက်အလက်တွေပဲဖြစ်ပါတယ်။ Mi 8 မှာ6.01” screen နဲ့ 3D face recognition ကိုသုံးထားပါလိမ့်မယ်။ သူ့ရဲ့နည်းပညာသုံးထားမှုဟာiPhone X နဲ့ခပ်ဆင်ဆင်တူပါလိမ့်မယ်။ ပရိုဆက်ဆာပိုင်းမှာ Snapdragon 845 ဖြစ်ဖို့ လုံးဝသေချာနေပါတယ်။ ဘာကြောင့်လဲဆိုရင် Xiaomi CEO လီဂျွင်းအနေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းကပြုလုပ်ခဲ့တဲ့ Qualcomm conference မှာနောက်ထုတ်မယ့် flagship ဖုန်းမှာ Snapdragon 845 ကိုအသုံးပြုသွားမှာ ဖြစ်တယ်လို့ အတိအလင်းပြောကြားခဲ့လိုပါဘဲ။
Mi 8 မှာ dual camera တပ်ဆင်ထားမှာဖြစ်ပြီး AI နည်းပညာထောက်ပံ့ပေးမှာပါ။

ကင်မရာမှာ မတူညီတဲ့ portrait modes ၁၂မျိုးလောက်ထည့်သွင်း ပေးထားနိုင်ပါတယ်။ ဒါ့အပြင်လွန်ခဲ့တဲ့ ၂ရက်လောက်ကထွက်လာတဲ့ video ဖိုင်အရဒီဖုန်းမှာ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ် ပါဝင်လာနိုင်ခြေရှိနေပါတယ်။ မေ၃၁မှာမိတ်ဆက်သွားမှာဖြစ်ပြီး တရားဝင်ဖိတ်စာပုံတွေလည်း ထွက်ရှိနေပြီဖြစ်ပါတယ်။

Leave a Reply