စမတ္ဖုန္းေတြအၿပိဳင္အဆုိင္ ထုတ္လုပ္ေနတဲ့ အခ်ိန္မွာ ေစ်းႏႈန္းႀကီးျမင့္တဲ့ ဖုန္းေတြနဲ႔ ေစ်းႏႈန္းသက္သာတဲ့ ဖုန္းေတြဆိုၿပီး အမ်ိဳအစားကြဲျပားေလ့ရွိပါတယ္။ ဒီလုိ chipset ထုတ္လုပ္သူေတြထဲမွာ တန္ဖိုးနည္းနဲ႔ အလယ္အလတ္ဆင့္ စမတ္ဖုန္းေတြအတြက္ SOC ထုတ္လုပ္ေပးေနတဲ့ ကုမၸဏီတစ္ခုရွိပါတယ္။ သူကေတာ့ MediaTek ျဖစ္ၿပီး သူဆီကထုတ္တဲ့ SOC ဆီေတြကိုေတာ့ ေဒၚလာ၁၀၀ဝန္းက်င္ေလာက္ စမတ္ဖုန္းေတြမွာ အသုံးျပဳတာ ပိုမ်ားပါတယ္။ အခုလည္း chipset ထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ MediaTek ဟာဒီေန႔မွာေတာ့ Helio P22 SoC အသစ္ကို မိတ္ဆက္ေပးလိုက္ပါတယ္။ Helio P22 ဟာကုမၸဏီရဲ႕ ပထမဆုံး mid-range အမ်ိဳးအစား chipset ျဖစ္ၿပီး သူ႕မွာ 12nm process နဲ႔ျဖစ္ပါတယ္။
P22 စြမ္းေဆာင္ခ်က္ေတြအေနနဲ႔ octa-core CPU ျဖစ္ၿပီး Cortex-A53 2 GHz အျမန္ႏႈန္းနဲ႔ စြမ္းေဆာင္ေပးမွာ ျဖစ္ပါတယ္။ သူ႕ရဲ႕ဖုန္းေတြမွာ ေထာက္ပံ့မႈအေနနဲ႔ 13 MP + 8 MP ရွိမယ့္ အဓိကကင္မရာရဲ႕ resolutions ကိုတည္ျငိမ္ေအာင္ ထိန္းခ်ဳပ္ေပးမွာျဖစ္ပါတယ္။ video recording လုပ္ႏုိင္စြမ္းမွာေတာ့ 30fps ႏႈန္းနဲ႔ျဖစ္ပါတယ္။ သူ႕မွာစြမ္းအင္စားသုံးမႈသက္သာေစၿပီး ပုံရိပ္ေတြကို ပိုမိုေကာင္းေစမယ့္ အျပင္ ေနာက္ခံမႈန္ဝါးေစမယ့္ လုပ္ေဆာင္ခ်က္အတြက္ သီးသန္႔ေထာက္ပံ့မႈ ထည့္သြင္းထားပါတယ္။ ဖုန္းရဲ႕ Screens resolutions ပိုင္းမွာေတာ့ 1,600×720 အထိေထာက္ပံ့ေပးမွာျဖစ္ၿပီး အျမင့္ဆုံးaspect ratio ကိုေတာ့ 20:9 အထိေတာင္ေပထားပါတယ္။
Dual-SIM လုပ္ေဆာင္ခ်က္ တစ္ပါတည္း ပါဝင္ၿပီး ကြန္ရက္ခ်ိတ္ဆက္ႏိုင္မႈအတြက္ Dual LTE ျဖစ္ပါတယ္။ ဒါေၾကာင့္ဆင္းကတ္ေတြမွာ ျမန္ဆန္တဲ့ အင္တာနက္စနစ္ကို အသုံးျပဳႏိုင္ပါလိမ့္မယ္။ အျခားကြန္ရက္ ေထာက္ပံ့မႈေတြအေနနဲ႔ 802.11ac Wi-Fi, Bluetooth 5.0, GPS, GLONASS တို႔မွာခ်ိတ္ဆက္ ႏုိင္ပါလိမ့္မယ္။ Helio P22 ကိုထုတ္လုပ္ေနဆဲအဆင့္မွာသာ ရွိေနေသးၿပီး သူ႕ကိုသုံးထားတဲ့ စမတ္ဖုန္းေတြကေတာ့ ဇြန္လကုန္ေလာက္မွသာ စေတြ႕ႏုိင္ပါလိမ့္မယ္။
Unicode
စမတ်ဖုန်းတွေအပြိုင်အဆိုင် ထုတ်လုပ်နေတဲ့ အချိန်မှာ ဈေးနှုန်းကြီးမြင့်တဲ့ ဖုန်းတွေနဲ့ ဈေးနှုန်းသက်သာတဲ့ ဖုန်းတွေဆိုပြီး အမျိုအစားကွဲပြားလေ့ရှိပါတယ်။ ဒီလို chipset ထုတ်လုပ်သူတွေထဲမှာ တန်ဖိုးနည်းနဲ့ အလယ်အလတ်ဆင့် စမတ်ဖုန်းတွေအတွက် SOC ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုရှိပါတယ်။ သူကတော့ MediaTek ဖြစ်ပြီး သူဆီကထုတ်တဲ့ SOC ဆီတွေကိုတော့ ဒေါ်လာ၁၀၀ဝန်းကျင်လောက် စမတ်ဖုန်းတွေမှာ အသုံးပြုတာ ပိုများပါတယ်။ အခုလည်း chipset ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ MediaTek ဟာဒီနေ့မှာတော့ Helio P22 SoC အသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ Helio P22 ဟာကုမ္ပဏီရဲ့ ပထမဆုံး mid-range အမျိုးအစား chipset ဖြစ်ပြီး သူ့မှာ 12nm process နဲ့ဖြစ်ပါတယ်။
P22 စွမ်းဆောင်ချက်တွေအနေနဲ့ octa-core CPU ဖြစ်ပြီး Cortex-A53 2 GHz အမြန်နှုန်းနဲ့ စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ဖုန်းတွေမှာ ထောက်ပံ့မှုအနေနဲ့ 13 MP + 8 MP ရှိမယ့် အဓိကကင်မရာရဲ့ resolutions ကိုတည်ငြိမ်အောင် ထိန်းချုပ်ပေးမှာဖြစ်ပါတယ်။ video recording လုပ်နိုင်စွမ်းမှာတော့ 30fps နှုန်းနဲ့ဖြစ်ပါတယ်။ သူ့မှာစွမ်းအင်စားသုံးမှုသက်သာစေပြီး ပုံရိပ်တွေကို ပိုမိုကောင်းစေမယ့် အပြင် နောက်ခံမှုန်ဝါးစေမယ့် လုပ်ဆောင်ချက်အတွက် သီးသန့်ထောက်ပံ့မှု ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ Screens resolutions ပိုင်းမှာတော့ 1,600×720 အထိထောက်ပံ့ပေးမှာဖြစ်ပြီး အမြင့်ဆုံးaspect ratio ကိုတော့ 20:9 အထိတောင်ပေထားပါတယ်။
Dual-SIM လုပ်ဆောင်ချက် တစ်ပါတည်း ပါဝင်ပြီး ကွန်ရက်ချိတ်ဆက်နိုင်မှုအတွက် Dual LTE ဖြစ်ပါတယ်။ ဒါကြောင့်ဆင်းကတ်တွေမှာ မြန်ဆန်တဲ့ အင်တာနက်စနစ်ကို အသုံးပြုနိုင်ပါလိမ့်မယ်။ အခြားကွန်ရက် ထောက်ပံ့မှုတွေအနေနဲ့ 802.11ac Wi-Fi, Bluetooth 5.0, GPS, GLONASS တို့မှာချိတ်ဆက် နိုင်ပါလိမ့်မယ်။ Helio P22 ကိုထုတ်လုပ်နေဆဲအဆင့်မှာသာ ရှိနေသေးပြီး သူ့ကိုသုံးထားတဲ့ စမတ်ဖုန်းတွေကတော့ ဇွန်လကုန်လောက်မှသာ စတွေ့နိုင်ပါလိမ့်မယ်။