ေမလ၂၉ရက္ေန႔ အိႏိၵယတြင္ မိတ္ဆက္ေတာ့မယ့္ vivo X21 UD စမတ္ဖုန္း

0
1673

စမတ္ဖုန္းထုတ္လုပ္သူ Vivo အေနနဲ႔ ကုမၸဏီရဲ႕ in-display fingerprint သံုးစမတ္ဖုန္း X21 UD ကိုအိႏိၵယေစ်းကြက္အတြက္ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ယခုလ၂၉ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး  Flipkart ကေနဝယ္ယူႏုိင္မွာ ျဖစ္ပါတယ္။ Vivo အေနနဲ႔ သူတို႔ရဲ႕စမတ္ဖုန္းသစ္ကို မတ္လကုန္ပိုင္းေလာက္က မိခင္ႏိုင္ငံတရုတ္မွာ မိတ္ဆက္ခဲ့ၿပီး၊ စင္ကာပူမွာေတာ့ယခုမတ္လအတြင္းမွာတင္ မိတ္ဆက္ေပးခဲ့ပါတယ္။ fingerprint နည္းပညာကို ပိုတိုးတက္ေအာင္ျပဳလုပ္လာတဲ့ ဖုန္းတစ္လုံးျဖစ္ၿပီး သူရဲ႕နည္းပညာကို လက္ရွိအခ်ိန္မွာေတာ့ အျခားကုမၸဏီထုတ္ဖုန္း ေတြမွာ လုံးဝအသုံးျပဳမႈ မရွိေသးပါဘူး။

ဖုန္းအသစ္ျဖစ္တဲ့  vivo X21 UD မွာ 6.28-inch Super AMOLED screen နဲ႔အတူ၊ပရိုဆက္ဆာ ပိုင္းမွာေတာ့ Qualcomm ရဲ႕ Snapdragon 660 SoC ကိုသုံးထားမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ပုံရိပ္ေဖာ္ျပမႈမွာ1080 x 2280 pixels နဲ႔19:9 ratio ျဖစ္ၿပီး အလူမီနီယမ္ကိုယ္ထည္နဲ႔အတူ အေရွ႕ဘက္မွန္သားကို အသုံးျပဳထားပါတယ္။ Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) နဲ႔ဂရပ္ဖစ္ကိုေတာ့ Adreno 512 ေထာက္ပံ့ထားၿပီး  6 GB RAM သုံးထားပါတယ္။ အခ်က္အလက္သိုေလွာင္ႏိုင္ဖို႔ အတြက္ကေတာ့ 128 GB တပါတည္းထည့္သြင္းထားၿပီး microSD ကေနတိုးမယ္ဆိုရင္ 256GB အထိလက္ခံႏုိင္မွာပါ။

ကင္မရာပိုင္းမွာေတာ့ Dual: 12 MP + 5 MP (f/2.4) ျဖစ္ၿပီး f/1.8, 1/2.5″, 1.4µm, Dual Pixel PDAF လုပ္ေဆာင္ခ်က္ေတြ သုံးႏုိင္မွာပါ။ အေရွ႕ဘက္ကင္မရာက 12 MP ျဖစ္ၿပီး f/2.0 နဲ႔ 1080p အထိရုပ္သံဖမ္းယူ ႏုိင္ပါလိမ့္မယ္။ Android 8.1 (Oreo) နဲ႔အတူ Funtouch OS 4.0 ကိုတစ္ပါတည္းထည့္သြင္းေပးထားၿပီး App ေတြသုံးရတာ သြက္လက္ျမန္ဆန္ေစပါလိမ္မယ္။

ဘက္ထရီကုိေတာ့ Li-Ion 3200 mAh သံုးထားၿပီး၊Fast battery charging ေထာက္ပံ့ေပးထားပါတယ္။ Hybrid Dual SIM ျဖစ္တာေၾကာင့္ ကြန္ရက္ခ်ိတ္ဆက္မႈ ေကာင္းမြန္ၿပီး Bluetooth 5.0 ျဖစ္တာေၾကာင့္ ေဒတာလႊဲေျပာင္းမႈေတြ ျမန္ဆန္ပါလိမ့္မယ္။ မိတ္ဆက္မယ့္ရက္ကိုသာ သိရေသးၿပီး ေစ်းႏႈန္းကိုေတာ့ မေျပာၾကားေသးပါဘူး။ ခန္႔မွန္ေစ်းႏႈန္းေတြ အေရေတာ့့ ေဒၚလာ၈၀၀ဝန္းက်င္ေလာက္ ရွိႏုိင္ပါတယ္။

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Vivo အနေနဲ့ ကုမ္ပဏီရဲ့ in-display fingerprint သုံးစမတ်ဖုန်း X21 UD ကိုအိန္ဒိယဈေးကွက်အတွက် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ယခုလ၂၉ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး Flipkart ကနေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Vivo အနေနဲ့ သူတို့ရဲ့စမတ်ဖုန်းသစ်ကို မတ်လကုန်ပိုင်းလောက်က မိခင်နိုင်ငံတရုတ်မှာ မိတ်ဆက်ခဲ့ပြီး၊ စင်ကာပူမှာတော့ယခုမတ်လအတွင်းမှာတင် မိတ်ဆက်ပေးခဲ့ပါတယ်။ fingerprint နည်းပညာကို ပိုတိုးတက်အောင်ပြုလုပ်လာတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး သူရဲ့နည်းပညာကို လက်ရှိအချိန်မှာတော့ အခြားကုမ္ပဏီထုတ်ဖုန်း တွေမှာ လုံးဝအသုံးပြုမှု မရှိသေးပါဘူး။
ဖုန်းအသစ်ဖြစ်တဲ့ vivo X21 UD မှာ 6.28-inch Super AMOLED screen နဲ့အတူ၊ပရိုဆက်ဆာ ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 660 SoC ကိုသုံးထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုမှာ1080 x 2280 pixels နဲ့19:9 ratio ဖြစ်ပြီး အလူမီနီယမ်ကိုယ်ထည်နဲ့အတူ အရှေ့ဘက်မှန်သားကို အသုံးပြုထားပါတယ်။ Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) နဲ့ဂရပ်ဖစ်ကိုတော့ Adreno 512 ထောက်ပံ့ထားပြီး 6 GB RAM သုံးထားပါတယ်။ အချက်အလက်သိုလှောင်နိုင်ဖို့ အတွက်ကတော့ 128 GB တပါတည်းထည့်သွင်းထားပြီး microSD ကနေတိုးမယ်ဆိုရင် 256GB အထိလက်ခံနိုင်မှာပါ။
ကင်မရာပိုင်းမှာတော့ Dual: 12 MP + 5 MP (f/2.4) ဖြစ်ပြီး f/1.8, 1/2.5″, 1.4µm, Dual Pixel PDAF လုပ်ဆောင်ချက်တွေ သုံးနိုင်မှာပါ။ အရှေ့ဘက်ကင်မရာက 12 MP ဖြစ်ပြီး f/2.0 နဲ့ 1080p အထိရုပ်သံဖမ်းယူ နိုင်ပါလိမ့်မယ်။ Android 8.1 (Oreo) နဲ့အတူ Funtouch OS 4.0 ကိုတစ်ပါတည်းထည့်သွင်းပေးထားပြီး App တွေသုံးရတာ သွက်လက်မြန်ဆန်စေပါလိမ်မယ်။
ဘက်ထရီကိုတော့ Li-Ion 3200 mAh သုံးထားပြီး၊Fast battery charging ထောက်ပံ့ပေးထားပါတယ်။ Hybrid Dual SIM ဖြစ်တာကြောင့် ကွန်ရက်ချိတ်ဆက်မှု ကောင်းမွန်ပြီး Bluetooth 5.0 ဖြစ်တာကြောင့် ဒေတာလွှဲပြောင်းမှုတွေ မြန်ဆန်ပါလိမ့်မယ်။ မိတ်ဆက်မယ့်ရက်ကိုသာ သိရသေးပြီး ဈေးနှုန်းကိုတော့ မပြောကြားသေးပါဘူး။ ခန့်မှန်ဈေးနှုန်းတွေ အရေတော့ ဒေါ်လာ၈၀၀ဝန်းကျင်လောက် ရှိနိုင်ပါတယ်။

Leave a Reply