Redmi S2 နဲ႔ေစ်းကြက္ယွဥ္ၿပိဳင္မယ့္ ေဒၚလာ၁၅၀တန္ Meizu M6T ဖုန္း

0
1734

Xiaomi အေနနဲ႔ S2 series ရဲ႕ပထမဆုံးဖုန္းလို႔ ဆိုႏုိင္မယ့္ selfieအသားေပး Redmi S2 စမတ္ဖုနး္ကို မိတ္ဆက္ထားတာသိပ္မၾကာေသးပါဘူး။ တျခားတရုတ္စမတ္ဖုန္း ကုမၸဏီေတြျဖစ္တဲ့ Oppo၊ Vivo တို႔ကလည္း selfieအသားေပး ဖုန္းေတြကို ထုတ္လုပ္ထားၾကပါတယ္။ ဒီေန႔မွာေတာ့ အသစ္ထြက္လာမယ့္ Meizu စမတ္ဖုန္းရဲ႕ အခ်က္အလက္ေတြထြက္ေပၚလာခဲ့ပါၿပီ။ ဒီဖုန္းဟာ Selfie အသားေပးဖုန္းျဖစ္တဲ့ Redmi S2 နဲ႔ေစ်းကြက္ယွဥ္ၿပိဳင္ႏုိင္ပါတယ္။

ေမ၂၉ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး  Meizu M6T ျဖစ္ပါတယ္။  Meizu M6T နဲ႔ပတ္သတ္တဲ့ဖိတ္ၾကားစာေတြထြက္ေပၚလာခဲ့ၿပီး  တရုတ္ႏုိင္ငံ၊ေဘဂ်င္းမွာ မိတ္ဆက္သြားမယ့္ အခ်ိန္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ M6Tရဲ႕မီဒီယာမိတ္ဆက္ပြဲ ဖိတ္စာအေရွ႕ဘက္ဒီဇုိင္းနဲ႔ ဖုန္းနဲ႔ရိုက္ကူးထားတဲ့ ဓာတ္ပုံေတြပါထြက္ေပၚလာခဲ့တာပါ။

ဒါ့အျပင္  Meizu ရဲ႕ Vice President ျဖစ္တဲ့ လီနန္ကလည္း သူ႕ရဲ႕ Weibo ကေန M6T စမတ္ဖုန္းနဲ႔ ရိုက္ကူးထားတဲ့ ဓာတ္ပုံေလးကို တင္လိုက္ပါတယ္။ ပုံထဲမွာ ေကာ္ငးမေလးတစ္ေယာက္ ထုိင္ေနၿပီး၊သူ႕ရဲ႕ေနာက္ခံျမင္ကြင္းေလးက ဝါးေနတာကို ေတြ႕ရပါတယ္။ ဒါအျပင့္ပုံမွာ watermark ေလးနဲ႔ျဖစ္ၿပီး “Shot on 6T” လို႔ပါေရးထားပါတယ္။ ဖုန္းဟာ Selfie အသားေပးျဖစ္ၿပီး AI လုပ္ေဆာင္ခ်က္ေတာင္ ပါဝင္လာႏုိင္ပါတယ္။

ေနာက္ထပ္သတင္းေကာင္း တစ္ခုကေတာ့ M6Tဟာ ဘတ္ဂ်တ္စမတ္ဖုန္းျဖစ္ၿပီး ေဒၚလာ၁၅၀ ဝန္းက်င္သာရွိမွာပါ။ သူ႕မွာ 5.7 inch full view display နဲ႔ျဖစ္ၿပီး၊ 1440×720 Px ပါဝင္ပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ MT6750 Octa core ဟာ Cortex-A53 1.5GHz နဲ႔ Cortex-A53 1.0GHz ေပါင္းစပ္မႈျဖစ္ၿပီး၊Mali-T860MP2 GPU ကိုသုံးထားပါတယ္။ Android 7.0 အေျချပဳFlyme 7 OSကိုတပါတည္း ထည့္သြင္းေပးထားမွာပါ။

RAM 2GB/3GB/4GB ROM  ေတြနဲ႔ထြက္ရွိလာမွာျဖစ္ကာ၊ အခ်က္အလက္သိုေလွာင္မႈမွာလည္း 16/32GB/64GB  ဆိုၿပီးေရြးခ်ယ္ႏုိင္မွာပါ။ ကင္မရာပိုင္းမွာေတာ့8MP အေရွ႕ဘက္ကင္မရာနဲ႔ ေနာက္ေက်ာဘက္မွာေတာ့ 13MP+2MP dual ပါဝင္မွာျဖစ္ပါတယ္။ 3230mAh ဘက္ထရီစြမ္းအားနဲ႔ ျဖစ္ၿပီး ဖုန္းရဲ႕အရြယ္အစားကေတာ့ 152.3×73×8.4(mm) ရွိမွာျဖစ္ပါတယ္။ ဖုန္းရဲ႕ေစ်းႏႈန္းကေတာ့ ယြမ္1,000 ျဖစ္တာေၾကာင့္ ေဒၚလာ၁၅၀ဝန္းက်င္ေလာက္သာ ရွိမွာျဖစ္ပါတယ္။

Unicode

Xiaomi အနေနဲ့ S2 series ရဲ့ပထမဆုံးဖုန်းလို့ ဆိုနိုင်မယ့် selfieအသားပေး Redmi S2 စမတ်ဖုန်းကို မိတ်ဆက်ထားတာသိပ်မကြာသေးပါဘူး။ တခြားတရုတ်စမတ်ဖုန်း ကုမ္ပဏီတွေဖြစ်တဲ့ Oppo၊ Vivo တို့ကလည်း selfieအသားပေး ဖုန်းတွေကို ထုတ်လုပ်ထားကြပါတယ်။ ဒီနေ့မှာတော့ အသစ်ထွက်လာမယ့် Meizu စမတ်ဖုန်းရဲ့ အချက်အလက်တွေထွက်ပေါ်လာခဲ့ပါပြီ။ ဒီဖုန်းဟာ Selfie အသားပေးဖုန်းဖြစ်တဲ့ Redmi S2 နဲ့ဈေးကွက်ယှဉ်ပြိုင်နိုင်ပါတယ်။

မေ၂၉ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး  Meizu M6T ဖြစ်ပါတယ်။  Meizu M6T နဲ့ပတ်သတ်တဲ့ဖိတ်ကြားစာတွေထွက်ပေါ်လာခဲ့ပြီး  တရုတ်နိုင်ငံ၊ဘေဂျင်းမှာ မိတ်ဆက်သွားမယ့် အချိန်တွေကို မြင်တွေ့ခဲ့ရပါတယ်။ M6Tရဲ့မီဒီယာမိတ်ဆက်ပွဲ ဖိတ်စာအရှေ့ဘက်ဒီဇိုင်းနဲ့ ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါထွက်ပေါ်လာခဲ့တာပါ။

ဒါ့အပြင်  Meizu ရဲ့ Vice President ဖြစ်တဲ့ လီနန်ကလည်း သူ့ရဲ့ Weibo ကနေ M6T စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို တင်လိုက်ပါတယ်။ ပုံထဲမှာ ကော်ငးမလေးတစ်ယောက် ထိုင်နေပြီး၊သူ့ရဲ့နောက်ခံမြင်ကွင်းလေးက ဝါးနေတာကို တွေ့ရပါတယ်။ ဒါအပြင့်ပုံမှာ watermark လေးနဲ့ဖြစ်ပြီး “Shot on 6T” လို့ပါရေးထားပါတယ်။ ဖုန်းဟာ Selfie အသားပေးဖြစ်ပြီး AI လုပ်ဆောင်ချက်တောင် ပါဝင်လာနိုင်ပါတယ်။

နောက်ထပ်သတင်းကောင်း တစ်ခုကတော့ M6Tဟာ ဘတ်ဂျတ်စမတ်ဖုန်းဖြစ်ပြီး ဒေါ်လာ၁၅၀ ဝန်းကျင်သာရှိမှာပါ။ သူ့မှာ 5.7 inch full view display နဲ့ဖြစ်ပြီး၊ 1440×720 Px ပါဝင်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ MT6750 Octa core ဟာ Cortex-A53 1.5GHz နဲ့ Cortex-A53 1.0GHz ပေါင်းစပ်မှုဖြစ်ပြီး၊Mali-T860MP2 GPU ကိုသုံးထားပါတယ်။ Android 7.0 အခြေပြုFlyme 7 OSကိုတပါတည်း ထည့်သွင်းပေးထားမှာပါ။

RAM 2GB/3GB/4GB ROM  တွေနဲ့ထွက်ရှိလာမှာဖြစ်ကာ၊ အချက်အလက်သိုလှောင်မှုမှာလည်း 16/32GB/64GB  ဆိုပြီးရွေးချယ်နိုင်မှာပါ။ ကင်မရာပိုင်းမှာတော့8MP အရှေ့ဘက်ကင်မရာနဲ့ နောက်ကျောဘက်မှာတော့ 13MP+2MP dual ပါဝင်မှာဖြစ်ပါတယ်။ 3230mAh ဘက်ထရီစွမ်းအားနဲ့ ဖြစ်ပြီး ဖုန်းရဲ့အရွယ်အစားကတော့ 152.3×73×8.4(mm) ရှိမှာဖြစ်ပါတယ်။ ဖုန်းရဲ့ဈေးနှုန်းကတော့ ယွမ်1,000 ဖြစ်တာကြောင့် ဒေါ်လာ၁၅၀ဝန်းကျင်လောက်သာ ရှိမှာဖြစ်ပါတယ်။

 

Leave a Reply