Android အတြက္ ထိပ္တန္း Translation App မ်ား

    0
    3221

    Translation App မ်ားစြာ ရွိတဲ့အတြက္ သင္နဲ႔ အသင့္ေတာ္ဆံုးကို ေရြးခ်ယ္ရတာ ခက္ခဲပါတယ္။ Google Translate ကေတာ့ ကမာၻမွာ လူသံုးအမ်ားဆံုး ျဖစ္ေပမယ့္ သင္နဲ႔ သင့္ေတာ္ခ်င္မွ သင့္ေတာ္မွာပါ။ အဲဒီအတြက္ က႑မ်ား အလိုက္ အေကာင္းဆံုး App မ်ားကို ေရြးထုတ္တင္ျပေပးလိုက္ပါတယ္။ သင္ အသံုးျပဳမႈနဲ႔ အသင့္ေတာ္ဆံုး ျဖစ္မယ့္ App ကို ေရြးခ်ယ္ပါ။

    အဖက္ဖက္က ျပည့္စံုတဲ့ App : Google Translate

    စြမ္းေဆာင္ခ်က္မ်ားစြာ ပါတဲ့ App ကို လိုခ်င္ရင္ Google Translate ကို သံုးပါ။ သူဟာ အျခား Android App မ်ားနဲ႔လည္း တြဲဖက္ အလုပ္လုပ္တဲ့ အတြက္ Facebook Messenger , WhatsApp, Evernote, Google Chrome တို႔မွ အရာမ်ားကို ဘာသာျပန္ေပးႏုိင္ပါတယ္။

    စာရိုက္၍ ဘာသာျပန္တဲ့ စြမ္းေဆာင္ခ်က္ဟာ ဘာသာစကားေပါင္း ၉၀ ကို လက္ရွိမွာ ေထာက္ပံ့ပါတယ္။ ဓါတ္ပံုမ်ားမွ စာသားမ်ား၊ လက္ေခ်ာင္းျဖင့္ ေရးသားတဲ့ စာသားမ်ားကို ဘာသာျပန္ေပးႏိုင္ပါတယ္။ Two-way automatic voice translation ကိုေတာ့ ဘာသာစကားေပါင္း ၄၀ အတြက္ သံုးႏုိင္ပါတယ္။

    သူ႔ရဲ႕ အလန္းဆံုး စြမ္းေဆာင္ခ်က္က ဖုန္းကင္မရာကေန ခ်ိိန္ရြယ္ထားတဲ့ လမ္းညႊန္ဆိုင္းဘုတ္မ်ား၊ အစားအစာ မီႏူးမ်ားလို အရာမ်ားမွ စာသားမ်ားကို ဘာသာျပန္ေပးႏုိင္ျခင္း ျဖစ္ပါတယ္။ ဒီစြမ္းေဆာင္ခ်က္ကိုေတာ့ ဘာသာစကား ၂၆ မ်ိဳးအတြက္ သံုးႏုိင္ေပမယ့္ အလြန္ အသံုး၀င္ပါတယ္။ Language pack ကို ေဒါင္းလုပ္လုပ္ထားရင္ Offline ျဖစ္ေနရင္ေတာင္ ဒီစြမ္းေဆာင္ခ်က္ကို သံုးႏုိင္ပါတယ္။

    Download

    Offline အတြက္ အေကာင္းဆံုး App : Microsoft Translator

    Microsoft က Android အတြက္ Translation App ကို ဖန္တီးေပးထားပါတယ္။ သူ႔ကို Offline သံုးဖို႔အတြက္ ပုံစံထုတ္ထားၿပီး ဘာသာစကား ၄၂ ခုကို အေထာက္အပံ့ေပးပါတယ္။ သံုးခ်င္တဲ့ ဘာသာစကားတစ္ခုခ်င္းစီကို ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။ တစ္ခုစီဟာ 200MB ေလာက္ရွိပါတယ္။

    သူ႔ရဲ႕ Interface က ရိုးရွင္းၿပီး ဒီဇုိင္းက လွပပါတယ္။ သူ႔ကို ဖြင့္ရင္ လွ်င္ျမန္စြာ သံုးႏုိင္တဲ့ ခလုတ္ ေလးခုကို ျမင္ရမွာပါ။ အဲဒီအထဲမွာ Speech detection translation , Keyboard translation နဲ႔ Two-way translation မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။

    သူ႔ရဲ႕ Interface က အျခား Apps မ်ားထက္ သာလြန္ေပမယ့္ Microsoft Translator ရဲ႕ အားနည္းခ်က္ ရွိပါတယ္။ သူက Google Translate လို အခ်ိန္နဲ႔ တစ္ေျပးညီ စာသားမ်ားကို ဘာသာျပန္ေပးျခင္း မရွိပါဘူး။
    Download

    Voice Recognition အတြက္ အေကာင္းဆံုး App : Translate Voice

    Translate Voice က အေကာင္းဆံုး Voice Recognition နည္းပညာ ပါတဲ့ App ပါ။ စကားလုံုးတစ္ခု သို႔မဟုတ္ စာပိုဒ္တစ္ခုလံုးကို သူ႔ကို ဖတ္ျပလိုက္တာနဲ႔ သူက အားလံုးကို ဘာသာျပန္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ဖုန္းရဲ႕ Voice Recognition စြမ္းရည္ အေပၚကိုလည္း မွီခိုေနရတဲ့ အတြက္ ရလဒ္က ကြဲျပားပါတယ္။

    စာရိုက္လို႔ မရတဲ့ အေျခအေနမ်ားမွာ သူက အလြန္ အသံုး၀င္ပါတယ္။ သူ႔ရဲ႕ အျခား စြမ္းရည္မ်ားကေတာ့ နည္းပါးၿပီး Voice Recognition ကို အဓိက အားထားခ်င္သူမ်ားအတြက္သာ သင့္ေတာ္ပါတယ္။

    Download

    အရိုးရွင္းဆံုး App : Easy Language Translator

    အသံုးျပဳရလြယ္ကူတဲ့ App ကို လိုခ်င္ရင္ Easy Language Translator ကို သံုးပါ။ Translation App ကို အခုမွ စသံုးသူမ်ားအတြက္ သူက သင့္ေတာ္ပါတယ္။ သူက စာရိုက္ျခင္းနဲ႔ စကားေျပာျခင္းမ်ားကို ဘာသာျပန္ေပးေပးႏုိင္ပါတယ္။ သူ႔ရဲ႕ ဘာသာျပန္မႈက အလြန္ လွ်င္ျမန္ပါတယ္။

    သူ႔ရဲ႕ ခလုတ္မ်ားဟာ အလြန္ ႀကီးမားၿပီး ဘာသာစကား ေရြးခ်ယ္ဖို႔ အလံမ်ားကို သံုးႏုိင္ပါတယ္။ စကားလံုးမ်ားကလည္း ႀကီးမားတဲ့အတြက္ စာဖတ္ရတာ အဆင္ေျပပါတယ္။ သူ႔မွာ စြမ္းေဆာင္ခ်က္ အနည္းငယ္သာ ပါရွိတာက အားနည္းခ်က္ပါ။

    Default Settings ဟာ အသံုးျပဳရလြယ္ကူေပမယ့္ သင္ ႏွစ္သက္သလို Customize လုပ္ႏုိင္ပါတယ္။ ေဖာင့္ အရြယ္အစား ၁၀ မ်ိဳးနဲ႔ Theme ၆ ခု ရွိပါတယ္။ သင္ႏွစ္သက္တာကို ေရြးခ်ယ္ႏုိင္ပါတယ္။ Dictionary , Phonetics , Corrections မ်ားလို ႏွစ္သက္တဲ့ စြမ္းရည္ကို ေရြးႏုိင္ပါတယ္။

    Download

    တိက်မႈ အရွိဆံုး App : iTranslate

    iTranslate က ၀ါက်မ်ားစြာကို ဘာသာျပန္ရာမွာ အတိက်ဆံုး ျဖစ္ပါတယ္။ ဘာသာစကား ၉၀ ေက်ာ္ကို သူက ေထာက္ပံ့ေပးပါတယ္။ စာသားမ်ားကို ေကာ္ပီလုပ္၍ ဘာသာျပန္ျခင္း၊ စာရိုက္၍ ဘာသာျပန္ျခင္းမ်ား ျပဳလုပ္ရင္ သူက စြမ္းရည္ျမင့္မားပါတယ္။ စကားစုမ်ားကို Swipe လုပ္ရင္ ေကာ္ပီ လုပ္ေပးၿပီး လွ်င္ျမန္စြာ ဘာသာျပန္ႏုိင္ပါတယ္။

    အသံထြက္ ဘာသာျပန္ေပးတဲ့ စြမ္းရည္ ပါေပမယ့္ သူ႔ရဲ႕ Voice Recognition စြမ္းရည္ကေတာ့ အေကာင္းဆုံုုး မဟုတ္ပါဘူး။ သူ႔မွာ British, American , Australian English မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။

    Download

    unicode

    Android အတွက် ထိပ်တန်း Translation App များ

    Translation App များစွာ ရှိတဲ့အတွက် သင်နဲ့ အသင့်တော်ဆုံးကို ရွေးချယ်ရတာ ခက်ခဲပါတယ်။ Google Translate ကတော့ ကမ္ဘာမှာ လူသုံးအများဆုံး ဖြစ်ပေမယ့် သင်နဲ့ သင့်တော်ချင်မှ သင့်တော်မှာပါ။ အဲဒီအတွက် ကဏ္ဍများ အလိုက် အကောင်းဆုံး App များကို ရွေးထုတ်တင်ပြပေးလိုက်ပါတယ်။ သင် အသုံးပြုမှုနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် App ကို ရွေးချယ်ပါ။

    အဖက်ဖက်က ပြည့်စုံတဲ့ App : Google Translate

    စွမ်းဆောင်ချက်များစွာ ပါတဲ့ App ကို လိုချင်ရင် Google Translate ကို သုံးပါ။ သူဟာ အခြား Android App များနဲ့လည်း တွဲဖက် အလုပ်လုပ်တဲ့ အတွက် Facebook Messenger , WhatsApp, Evernote, Google Chrome တို့မှ အရာများကို ဘာသာပြန်ပေးနိုင်ပါတယ်။

    စာရိုက်၍ ဘာသာပြန်တဲ့ စွမ်းဆောင်ချက်ဟာ ဘာသာစကားပေါင်း ၉၀ ကို လက်ရှိမှာ ထောက်ပံ့ပါတယ်။ ဓါတ်ပုံများမှ စာသားများ၊ လက်ချောင်းဖြင့် ရေးသားတဲ့ စာသားများကို ဘာသာပြန်ပေးနိုင်ပါတယ်။ Two-way automatic voice translation ကိုတော့ ဘာသာစကားပေါင်း ၄၀ အတွက် သုံးနိုင်ပါတယ်။

    သူ့ရဲ့ အလန်းဆုံး စွမ်းဆောင်ချက်က ဖုန်းကင်မရာကနေ ချိန်ရွယ်ထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်များ၊ အစားအစာ မီနူးများလို အရာများမှ စာသားများကို ဘာသာပြန်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ချက်ကိုတော့ ဘာသာစကား ၂၆ မျိုးအတွက် သုံးနိုင်ပေမယ့် အလွန် အသုံးဝင်ပါတယ်။ Language pack ကို ဒေါင်းလုပ်လုပ်ထားရင် Offline ဖြစ်နေရင်တောင် ဒီစွမ်းဆောင်ချက်ကို သုံးနိုင်ပါတယ်။

    Download

    Offline အတွက် အကောင်းဆုံး App : Microsoft Translator

    Microsoft က Android အတွက် Translation App ကို ဖန်တီးပေးထားပါတယ်။ သူ့ကို Offline သုံးဖို့အတွက် ပုံစံထုတ်ထားပြီး ဘာသာစကား ၄၂ ခုကို အထောက်အပံ့ပေးပါတယ်။ သုံးချင်တဲ့ ဘာသာစကားတစ်ခုချင်းစီကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ တစ်ခုစီဟာ 200MB လောက်ရှိပါတယ်။

    သူ့ရဲ့ Interface က ရိုးရှင်းပြီး ဒီဇိုင်းက လှပပါတယ်။ သူ့ကို ဖွင့်ရင် လျှင်မြန်စွာ သုံးနိုင်တဲ့ ခလုတ် လေးခုကို မြင်ရမှာပါ။ အဲဒီအထဲမှာ Speech detection translation , Keyboard translation နဲ့ Two-way translation များကို ရွေးချယ်နိုင်ပါတယ်။

    သူ့ရဲ့ Interface က အခြား Apps များထက် သာလွန်ပေမယ့် Microsoft Translator ရဲ့ အားနည်းချက် ရှိပါတယ်။ သူက Google Translate လို အချိန်နဲ့ တစ်ပြေးညီ စာသားများကို ဘာသာပြန်ပေးခြင်း မရှိပါဘူး။
    Download

    Voice Recognition အတွက် အကောင်းဆုံး App : Translate Voice

    Translate Voice က အကောင်းဆုံး Voice Recognition နည်းပညာ ပါတဲ့ App ပါ။ စကားလုံးတစ်ခု သို့မဟုတ် စာပိုဒ်တစ်ခုလုံးကို သူ့ကို ဖတ်ပြလိုက်တာနဲ့ သူက အားလုံးကို ဘာသာပြန်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းရဲ့ Voice Recognition စွမ်းရည် အပေါ်ကိုလည်း မှီခိုနေရတဲ့ အတွက် ရလဒ်က ကွဲပြားပါတယ်။

    စာရိုက်လို့ မရတဲ့ အခြေအနေများမှာ သူက အလွန် အသုံးဝင်ပါတယ်။ သူ့ရဲ့ အခြား စွမ်းရည်များကတော့ နည်းပါးပြီး Voice Recognition ကို အဓိက အားထားချင်သူများအတွက်သာ သင့်တော်ပါတယ်။

    Download

    အရိုးရှင်းဆုံး App : Easy Language Translator

    အသုံးပြုရလွယ်ကူတဲ့ App ကို လိုချင်ရင် Easy Language Translator ကို သုံးပါ။ Translation App ကို အခုမှ စသုံးသူများအတွက် သူက သင့်တော်ပါတယ်။ သူက စာရိုက်ခြင်းနဲ့ စကားပြောခြင်းများကို ဘာသာပြန်ပေးပေးနိုင်ပါတယ်။ သူ့ရဲ့ ဘာသာပြန်မှုက အလွန် လျှင်မြန်ပါတယ်။

    သူ့ရဲ့ ခလုတ်များဟာ အလွန် ကြီးမားပြီး ဘာသာစကား ရွေးချယ်ဖို့ အလံများကို သုံးနိုင်ပါတယ်။ စကားလုံးများကလည်း ကြီးမားတဲ့အတွက် စာဖတ်ရတာ အဆင်ပြေပါတယ်။ သူ့မှာ စွမ်းဆောင်ချက် အနည်းငယ်သာ ပါရှိတာက အားနည်းချက်ပါ။

    Default Settings ဟာ အသုံးပြုရလွယ်ကူပေမယ့် သင် နှစ်သက်သလို Customize လုပ်နိုင်ပါတယ်။ ဖောင့် အရွယ်အစား ၁၀ မျိုးနဲ့ Theme ၆ ခု ရှိပါတယ်။ သင်နှစ်သက်တာကို ရွေးချယ်နိုင်ပါတယ်။ Dictionary , Phonetics , Corrections များလို နှစ်သက်တဲ့ စွမ်းရည်ကို ရွေးနိုင်ပါတယ်။

    Download

    တိကျမှု အရှိဆုံး App : iTranslate

    iTranslate က ဝါကျများစွာကို ဘာသာပြန်ရာမှာ အတိကျဆုံး ဖြစ်ပါတယ်။ ဘာသာစကား ၉၀ ကျော်ကို သူက ထောက်ပံ့ပေးပါတယ်။ စာသားများကို ကော်ပီလုပ်၍ ဘာသာပြန်ခြင်း၊ စာရိုက်၍ ဘာသာပြန်ခြင်းများ ပြုလုပ်ရင် သူက စွမ်းရည်မြင့်မားပါတယ်။ စကားစုများကို Swipe လုပ်ရင် ကော်ပီ လုပ်ပေးပြီး လျှင်မြန်စွာ ဘာသာပြန်နိုင်ပါတယ်။

    အသံထွက် ဘာသာပြန်ပေးတဲ့ စွမ်းရည် ပါပေမယ့် သူ့ရဲ့ Voice Recognition စွမ်းရည်ကတော့ အကောင်းဆုုံး မဟုတ်ပါဘူး။ သူ့မှာ British, American , Australian English များကို ရွေးချယ်နိုင်ပါတယ်။

    Download

    Leave a Reply