Posted on Leave a comment
Download
၂။ Backup Your Mobile
Download
၃။ CM Backup
Download
၎။ Easy Backup & Restore
Download
၅။ Helium
Download
၆။ MyBackup
Download
၇။ Super Backup Pro
Download
၈။ Titanium Backup
Download
ref : androidauthority
unicode
Android သမားတွေအတွက် ထိပ်တန်း Back Up Apps များ
သင့်ရဲ့ အီလက်ထရောနစ် ကိရိယာများဟာ အချိန်မရွေး ပျက်ဆီးတတ်တဲ့အတွက် အရေးကြီးတဲ့ ဖိုင်များကို အမြဲတမ်း Backup လုပ်ထားဖို့ လိုအပ်ပါတယ်။ Android အတွက် Backup Apps များစွာ ရှိတဲ့ အထဲကမှ အကောင်းဆုံးများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ App Backup Restore – Transfer
App Backup Restore မှာ APKs များကို Backup & Restore ပြုလုပ်နိုင်ခြင်း၊ Auto-Backup အပါအဝင် စွမ်းဆောင်ချက်များစွာ ပါပါတယ်။ သင့် SD Card သို့မဟုတ် Cloud မှာ သိမ်းဆည်းနိုင်ပါတယ်။ သင့်ရဲ့ Contacts များကိုလည်း သိမ်းဆည်းနိုင်ပါတယ်။ Virus Scanner တောင်ပါပါတယ်။ သူ့ရဲ့ အားနည်းချက်က App Data များကို Backup လုပ်ပေးနိုင်ခြင်း မရှိတာပါ။
Download
၂။ Backup Your Mobile
စွမ်းဆောင်ချက် အများကြီး မလိုတဲ့ Backup App ကို လိုချင်ရင် Backup Your Mobile ကို သုံးပါ။ Apps , System Settings , SMS, MMS, Call Logs အပါအဝင် အရာများစွာကို သူက သိမ်းပေးနိုင်ပါတယ်။ UI က ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ Backup လုပ်ပေးနိုင်ပါတယ်။
Download
၃။ CM Backup
Cheetah Mobile ရဲ့ CM Backup ဟာ နာမည်အကြီးဆုံးများထဲမှ တစ်ခု ဖြစ်ပါတယ်။ သူက Apps များကလွဲပြီး Contacts, Messages, Call Logs , Bookmarks , Calendar Info, Alarm, User Dictionaries တို့ကို Backup လုပ်ပေးနိုင်ပါတယ်။ အခြား App များနဲ့ မတူတာက CM Backup ဟာ Cloud မှာသာ သိမ်းဆည်းပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် Device များစွာမှာ Restore လုပ်နိုင်ပါတယ်။ သူ့ရဲ့ ဝက်ဆိုက်မှာ သင့်ရဲ့ Backup များကို ကြည့်ခြင်း၊ စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်ပါတယ်။ အခမဲ့ အနေဖြင့် 5GB သိမ်းနိုင်ပါတယ်။
Download
၄။ Easy Backup & Restore
Easy Backup & Restore က Apps , MMS, Calendar, User Dictionaries များကို Backup လုပ်ပေးနိုင်ပါတယ်။ သင့်ဖုန်းမှာ သာမက Cloud မှာပါ သိမ်းနိုင်ပါတယ်။ App Data ကို သိမ်းဆည်းခြင်း နဲ့ Apps များစွာကို တစ်ပြိုင်နက် Restore ပြုလုပ်ခြင်း တို့လို အချို့စွမ်းဆောင်ချက်များအတွက် Root လုပ်ထားဖို့ လိုပါတယ်။
Download
၅။ Helium
Helium ဟာ Root လုပ်စရာ မလိုဘဲ သုံးနိုင်တဲ့ Backup App ဖြစ်ပါတယ်။ ဖုန်းမှ App များကို ဖုန်းမှာ သာမက ကွန်ပြူတာမှာပါ သိမ်းဆည်းနိုင်ပါတယ်။ ၅ ဒေါ်လာဖြင့် Premium Version ကို သုံးရင် Android Device များကြားမှာ Apps များကို Sync လုပ်ခြင်း၊ Cloud မှာ သိမ်းဆည်းခြင်းများကို ပြုလုပ်နိုင်ပါတယ်။
Download
၆။ MyBackup
MyBackup ဟာ Apps, Photos, Music, Videos, Call Logs, SMS, System Settings များကို သိမ်းဆည်းပေးနိုင်ပါတယ်။ အခမဲ့ ဗားရှင်းမှာ Phone Internal or SD Card မှာသာ သိမ်းနိုင်ပြီး အခပေး ဗားရှင်းကို သုံးရင် Cloud နဲ့ အခြား Device များမှာ သိမ်းနိုင်ပါတယ်။ Root Users များအတွက် Bloatware , System Apps များကို Freeze လုပ်ခြင်းနဲ့ အခြား စွမ်းဆောင်ချက်များကို ပြုလုပ်နိုင်ပါတယ်။
Download
၇။ Super Backup Pro
Super Backup Pro ဟာ အသုံးပြုရတာ လွယ်ကူပြီး Apps, Contacts, SMS, Calendars နဲ့ အခြားအရာများကို သိမ်းပေးနိုင်ပါတယ်။ သိမ်းဆည်းမယ့် နေရာကို User က ရွေးချယ်နိုင်ပါတယ်။ Cloud မှာလည်း သိမ်းနိုင်ပြီး Schedule Automatic Backup လည်း ပါပါတယ်။
Download
၈။ Titanium Backup
Root User များအတွက် Titanium Backup က အစွမ်းထက်တဲ့ Backup App ဖြစ်ပါတယ်။ နှစ်များစွာကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး စွမ်းဆောင်ချက်များစွာ ပါပါတယ်။ သူက Bloatware များကို Freeze , Uninstall လုပ်ပေးပါတယ်။ App Data များ အပါအဝင် Apps များကို Cloud မှာပါ သိမ်းပေးနိုင်ပါတယ်။ Pro Version မှာ 1-Click Batch Restore နဲ့ Cloud Syncing အပါအဝင် အခြား စွမ်းဆောင်ချက် အပိုများ ပါပါတယ်။
Download
ref : androidauthority
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.