၂၀၁၈ ခုႏွစ္ iPhone မ်ားအတြက္ A12 Chip ကို စတင္ ထုတ္လုပ္ေနၿပီ

0
1626

ယခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်မယ့္ iPhone XI နဲ႔ iPhone 9 တို႔အတြက္ A12 Chip ကို အေျမာက္အမ်ား စတင္ ထုတ္လုပ္ေနၿပီလို႔ သတင္းထြက္လာပါတယ္။ A12 Chipset ဟာ ယခင္မ်ိဳးဆက္မ်ားထက္ ပိုမို အရြယ္ေသးငယ္ၿပီး ပိုမို ျမန္လာပါတယ္။ သူ႔မွာ ထိုင္၀မ္ ကုမၸဏီ TSMC ရဲ႕ 7 Nanometer Design ကို အသုံးျပဳထားတယ္လို႔ Bloomberg က ေျပာပါတယ္။

A12 Chipset ဟာ iPhone X , iPhone 8 , iPhone 8 Plus မ်ားမွာ သံုးထားတဲ့ 10nm A11 Bionic Chip ထက္ စြမ္းအင္ စားသံုးမႈ ပိုမို နည္းပါးလာပါတယ္။ လြန္ခဲ့တဲ့ တစ္နွစ္အၾကာက 12nm ကေန 10nm Chips မ်ားကို အစားထိုးသံုးလာတဲ့ အခါမွာလည္း အျမန္ႏႈန္းနဲ႔ စြမ္းရည္မ်ားဟာ ပိုမို ျမင့္မားလာတာကို ေတြ႕ျမင္ခဲ့ၾကပါတယ္။

Samsung Galaxy S8 နဲ႔ S8 Plus တို႔ဟာ 10nm ကို ပထမဆံုး သံုးထားတဲ့ စမတ္ဖုန္းမ်ား ျဖစ္ပါတယ္။ Samsung နဲ႔ Qualcomm အပါအ၀င္ အျခား Chip ထုတ္လုပ္သူမ်ားဟာလည္း 7nm Trend ကို လိုက္လာႏုိင္ပါတယ္။ Note 9 နဲ႔ Galaxy S10 တို႔ဟာလည္း အဲဒီ Chip ကို အေစာဆံုး သံုးတဲ့ ဖုန္းမ်ားထဲမွာ ပါလာႏုိင္ပါတယ္။ Apple ဟာ A12 Chip အသစ္ေၾကာင့္ ဖုန္းအတြင္းပိုင္းမွာ ေနရာလြတ္မ်ား ရလာမွာ ျဖစ္ၿပီး အျခား စြမ္းရည္မ်ားကိုပါ ထည့္သြင္းလာႏုိင္ပါတယ္။

အိုင္ဖုန္း အသစ္မ်ားကို စက္တင္ဘာလ၀န္းက်င္မွာ ေၾကညာႏုိင္ပါတယ္။ ဒီႏွစ္မွာ ေၾကညာမယ့္ အိုင္ဖုန္းမ်ားကေတာ့ iPhone XI Plus , iPhone XI နဲ႔ LCD iPhone X တို႔ ျဖစ္ၿပီး LCD Model ကို iPhone 9 လို႔ အမည္ေပးထားႏုိင္ပါတယ္။

unicode

၂၀၁၈ ခုနှစ် iPhone များအတွက် A12 Chip ကို စတင် ထုတ်လုပ်နေပြီ

ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် iPhone XI နဲ့ iPhone 9 တို့အတွက် A12 Chip ကို အမြောက်အများ စတင် ထုတ်လုပ်နေပြီလို့ သတင်းထွက်လာပါတယ်။ A12 Chipset ဟာ ယခင်မျိုးဆက်များထက် ပိုမို အရွယ်သေးငယ်ပြီး ပိုမို မြန်လာပါတယ်။ သူ့မှာ ထိုင်ဝမ် ကုမ္ပဏီ TSMC ရဲ့ 7 Nanometer Design ကို အသုံးပြုထားတယ်လို့ Bloomberg က ပြောပါတယ်။

A12 Chipset ဟာ iPhone X , iPhone 8 , iPhone 8 Plus များမှာ သုံးထားတဲ့ 10nm A11 Bionic Chip ထက် စွမ်းအင် စားသုံးမှု ပိုမို နည်းပါးလာပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်အကြာက 12nm ကနေ 10nm Chips များကို အစားထိုးသုံးလာတဲ့ အခါမှာလည်း အမြန်နှုန်းနဲ့ စွမ်းရည်များဟာ ပိုမို မြင့်မားလာတာကို တွေ့မြင်ခဲ့ကြပါတယ်။

Samsung Galaxy S8 နဲ့ S8 Plus တို့ဟာ 10nm ကို ပထမဆုံး သုံးထားတဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။ Samsung နဲ့ Qualcomm အပါအဝင် အခြား Chip ထုတ်လုပ်သူများဟာလည်း 7nm Trend ကို လိုက်လာနိုင်ပါတယ်။ Note 9 နဲ့ Galaxy S10 တို့ဟာလည်း အဲဒီ Chip ကို အစောဆုံး သုံးတဲ့ ဖုန်းများထဲမှာ ပါလာနိုင်ပါတယ်။ Apple ဟာ A12 Chip အသစ်ကြောင့် ဖုန်းအတွင်းပိုင်းမှာ နေရာလွတ်များ ရလာမှာ ဖြစ်ပြီး အခြား စွမ်းရည်များကိုပါ ထည့်သွင်းလာနိုင်ပါတယ်။

အိုင်ဖုန်း အသစ်များကို စက်တင်ဘာလဝန်းကျင်မှာ ကြေညာနိုင်ပါတယ်။ ဒီနှစ်မှာ ကြေညာမယ့် အိုင်ဖုန်းများကတော့ iPhone XI Plus , iPhone XI နဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD Model ကို iPhone 9 လို့ အမည်ပေးထားနိုင်ပါတယ်။

Leave a Reply