ပိုမိုႀကီးမားတဲ့ စကရင္၊ ပါးလႊာတဲ့ ေဘာင္နဲ႔ Nvidia Max-Q GPUs မ်ားပါတဲ့ Razer Blade အသစ္

0
1445

Razer ရဲ႕ လက္ပ္ေတာ့ စီးရီးမ်ားထဲမွာ Razer Blade ရဲ႕ သက္တမ္းဟာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ အရြယ္ေသး Razer Blade Stealth နဲ႔ စြမ္းရည္ျမင့္ Blade Pro တို႔ရဲ႕ ေမာ္ဒယ္အသစ္မ်ားကိုေတာ့ ယခင္ႏွစ္မ်ားအတြင္းက ျဖန္႔ခ်ီခဲ့ပါတယ္။ ဒါေပမယ့္ စြမ္းရည္သင့္ Blade ရဲ႕ ေမာ္ဒယ္အသစ္မ်ားဟာ မထြက္ရွိတာ ၾကာပါၿပီ။ ၂၀၁၃ ခုႏွစ္ကတည္းက သူ႔ရဲ႕ ဒီဇိုင္းဟာ မေျပာင္းလဲခဲ့ပါဘူး။

ဒါေပမယ့္ အခုထြက္လာတဲ့ Razer Blade ေမာ္ဒယ္အသစ္မွာေတာ့ ဒီဇိုင္းကို လံုး၀ ေျပာင္းလဲထားပါတယ္။ ပိုမို ႀကီးမားတဲ့ ၁၅.၆ လက္မ မ်က္နွာျပင္၊ Intel ရဲ႕ ေနာက္ဆံုးထုတ္ 8th Gen Core i7 Processor နဲ႔ Nvidia Max-Q Architecture မ်ား ပါလာပါတယ္။ သူဟာ အေကာင္းဆံုး ဂိမ္း လက္ပ္ေတာ့စာရင္း၀င္လာပါတယ္။

ေမာ္ဒယ္အသစ္မွာ မ်က္ႏွာျပင္ေဘးေဘာင္မ်ားကိုလည္း ယခင္ေမာ္ဒယ္မ်ားထက္ ပိုမိုပါးလႊာေအာင္ ျပဳလုပ္ထားပါတယ္။ ကုမၸဏီက ေမာ္ဒယ္အသစ္ဟာ ေစ်းကြက္ထဲမွ ၁၅.၆ လက္မ ဂိမ္း လက္ပ္ေတာ့မ်ားထဲမွာ အေသးငယ္ဆံုး ျဖစ္တယ္လို႔ ေျပာပါတယ္။

အတြင္းပိုင္းမွာလည္း ႀကီးမားတဲ့ ေျပာင္းလဲမႈမ်ား ျပဳလုပ္ထားပါတယ္။ စုစုေပါင္း ေမာ္ဒယ္ သံုးခုထုတ္လုပ္ေပးထားပါတယ္။ မ်က္ႏွာျပင္အတြက္ 60Hz 1080p ကိုေတာ့ ေစ်းအသက္သာဆံုး ေမာ္ဒယ္မွာ ထည့္ေပးထားပါတယ္။ ဂိမ္းမ်ားကို အေကာင္းဆံုး စြမ္းရည္မ်ားျဖင့္ ကစားႏုိင္ဖို႔အတြက္ 144Hz 1080p Version လည္း ရွိပါတယ္။ 100% Adobe RGB Color Support ပါတဲ့ 4K Touchscreen ကိုလည္း ေရြးခ်ယ္ႏုိင္ပါတယ္။ ခလုတ္ ႏွစ္ခု ပါတဲ့ Touchpad ကိုေတာ့ Windows Precision Touchpad Driver ကို ေထာက္ပံ့ၿပီး ခလုတ္မ်ားစြာ ပါတဲ့ အရြယ္ႀကီး Touchpad ျဖင့္ အစားထိုးထားပါတယ္။

RAM နဲ႔ Storage မ်ားကို User မ်ား ႀကိဳက္သလို လဲလွယ္ႏုိင္တဲ့ စြမ္းရည္အသစ္လည္း ပါလာပါတယ္။ Default အားျဖင့္ 16GB RAM ပါၿပီး 256GB နဲ႔ 512GB M.2 SSD Storage မ်ားအၾကားမွာ ေရြးခ်ယ္ႏုိင္ပါတယ္။ ေမာ္ဒယ္အားလံုးမွာ Six-Core i7-8750H ကို ထည့္ေပးထားပါတယ္။ GTX 1060 or GTX 1070 Graphics Card မ်ား ေရြးခ်ယ္ႏုိင္ၿပီး နွစ္ခုစလံုးမွာ Nvidia Max-Q Design ပါပါတယ္။

Blade အသစ္မ်ားကို ၀ယ္ယူႏိုင္ၿပီ ျဖစ္ၿပီး တန္ဖိုးအနည္းဆံုးေမာ္ဒယ္ကို ၁၈၉၉.၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ အဲဒီ ေမာ္ဒယ္မွာ 60Hz Display , GTX 1060 , 256GB SSD မ်ားပါပါတယ္။ 144Hz Model ကို ၂၁၉၉.၉၉ ေဒၚလာ သတ္မွတ္ထားၿပီး GTX 1060, 512GB SSD မ်ားထည့္ေပးထားပါတယ္။ 4K Model မွာ GTX 1070, 512GB SSD မ်ားပါၿပီး ၂၈၉၉.၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : theverge

unicode

ပိုမိုကြီးမားတဲ့ စကရင်၊ ပါးလွှာတဲ့ ဘောင်နဲ့ Nvidia Max-Q GPUs များပါတဲ့ Razer Blade အသစ်

Razer ရဲ့ လက်ပ်တော့ စီးရီးများထဲမှာ Razer Blade ရဲ့ သက်တမ်းဟာ နှစ်များစွာ ကြာနေပါပြီ။ အရွယ်သေး Razer Blade Stealth နဲ့ စွမ်းရည်မြင့် Blade Pro တို့ရဲ့ မော်ဒယ်အသစ်များကိုတော့ ယခင်နှစ်များအတွင်းက ဖြန့်ချီခဲ့ပါတယ်။ ဒါပေမယ့် စွမ်းရည်သင့် Blade ရဲ့ မော်ဒယ်အသစ်များဟာ မထွက်ရှိတာ ကြာပါပြီ။ ၂၀၁၃ ခုနှစ်ကတည်းက သူ့ရဲ့ ဒီဇိုင်းဟာ မပြောင်းလဲခဲ့ပါဘူး။

ဒါပေမယ့် အခုထွက်လာတဲ့ Razer Blade မော်ဒယ်အသစ်မှာတော့ ဒီဇိုင်းကို လုံး၀ ပြောင်းလဲထားပါတယ်။ ပိုမို ကြီးမားတဲ့ ၁၅.၆ လက်မ မျက်နှာပြင်၊ Intel ရဲ့ နောက်ဆုံးထုတ် 8th Gen Core i7 Processor နဲ့ Nvidia Max-Q Architecture များ ပါလာပါတယ်။ သူဟာ အကောင်းဆုံး ဂိမ်း လက်ပ်တော့စာရင်းဝင်လာပါတယ်။

မော်ဒယ်အသစ်မှာ မျက်နှာပြင်ဘေးဘောင်များကိုလည်း ယခင်မော်ဒယ်များထက် ပိုမိုပါးလွှာအောင် ပြုလုပ်ထားပါတယ်။ ကုမ္ပဏီက မော်ဒယ်အသစ်ဟာ ဈေးကွက်ထဲမှ ၁၅.၆ လက်မ ဂိမ်း လက်ပ်တော့များထဲမှာ အသေးငယ်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

အတွင်းပိုင်းမှာလည်း ကြီးမားတဲ့ ပြောင်းလဲမှုများ ပြုလုပ်ထားပါတယ်။ စုစုပေါင်း မော်ဒယ် သုံးခုထုတ်လုပ်ပေးထားပါတယ်။ မျက်နှာပြင်အတွက် 60Hz 1080p ကိုတော့ ဈေးအသက်သာဆုံး မော်ဒယ်မှာ ထည့်ပေးထားပါတယ်။ ဂိမ်းများကို အကောင်းဆုံး စွမ်းရည်များဖြင့် ကစားနိုင်ဖို့အတွက် 144Hz 1080p Version လည်း ရှိပါတယ်။ 100% Adobe RGB Color Support ပါတဲ့ 4K Touchscreen ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ခလုတ် နှစ်ခု ပါတဲ့ Touchpad ကိုတော့ Windows Precision Touchpad Driver ကို ထောက်ပံ့ပြီး ခလုတ်များစွာ ပါတဲ့ အရွယ်ကြီး Touchpad ဖြင့် အစားထိုးထားပါတယ်။

RAM နဲ့ Storage များကို User များ ကြိုက်သလို လဲလှယ်နိုင်တဲ့ စွမ်းရည်အသစ်လည်း ပါလာပါတယ်။ Default အားဖြင့် 16GB RAM ပါပြီး 256GB နဲ့ 512GB M.2 SSD Storage များအကြားမှာ ရွေးချယ်နိုင်ပါတယ်။ မော်ဒယ်အားလုံးမှာ Six-Core i7-8750H ကို ထည့်ပေးထားပါတယ်။ GTX 1060 or GTX 1070 Graphics Card များ ရွေးချယ်နိုင်ပြီး နှစ်ခုစလုံးမှာ Nvidia Max-Q Design ပါပါတယ်။

Blade အသစ်များကို ဝယ်ယူနိုင်ပြီ ဖြစ်ပြီး တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၁၈၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီ မော်ဒယ်မှာ 60Hz Display , GTX 1060 , 256GB SSD များပါပါတယ်။ 144Hz Model ကို ၂၁၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး GTX 1060, 512GB SSD များထည့်ပေးထားပါတယ်။ 4K Model မှာ GTX 1070, 512GB SSD များပါပြီး ၂၈၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : theverge

Leave a Reply