ဇူလိုင်လမှာMI MAX 3 ကိုမိတ်ဆက်မယ်လို့ပြောကြားလိုက်တဲ့ CEO LEI JUN
0
1758
Unicode
Xiaomi အနေနဲ့ မေလ31ရက်နေ့မှာ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Mi 7၊ mI band 3 တို့အပြင် ကုမ္ပဏီရဲ့ ၈နှစ်ပြည့် စမတ်ဖုန်း Mi 8 ကိုပါမိတ်ဆက်လာဖို့ ရှိပါတယ်။  အခုလည်း  Xiaomi CEO  ဖြစ်တဲ့ Lei Jun အနေနဲ့ ကုမ္ပဏီရဲ့ဖုန်းသစ်ဖြစ်တဲ့MI MAX 3 ကိုဇူလိုင်လကုန်လောက်မှာ မိတ်ဆက်သွားနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းစကားကိုပြောကြားလိုက်ပါတယ်။ Lei Jun အနေနဲ့ Weibo မှာအသစ်မိတ်ဆက်မယ့် ဖုန်းအကြောင်းနဲ့ ပတ်သတ်ပြီး ဂျူလိုင်လကုန်မှာ ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ပေးဖို့ရှိပြီး၊၎င်းဟာMax2 ရဲ့နောက်ထပ် ဗားရှင်းဖြစ်မှာပါလို့ ဆိုပါတယ်။
MI MAX 3 မှာကြီးမားတဲ့ 6.99 inch မျက်နှာပြင်ကိုသုံးထားမှာဖြစ်ပြီး  full view display ကိုသုံးထားမှာပါ။ ဘက်ထရီစွမ်းအားမှာ 5,500mAh နဲ့ဖြစ်နိုင်ပြီးအားသွင်းစနစ်ကတော့ Quick Charge 3.0 အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ wireless charging စနစ်ကိုလည်း ထောက်ပ့ံ့ပေးနိုင်ပါတယ်။
နောက်ကျောဘက်မှာ dual ကင်မရာတပ်ဆင်ထားပြီး၊ ဒုတိယမျိုးဆက် MAX မှာသုံးထားသလိုမျိုးဘက်ထရီးခပ်ကြီးကြီးကို အသုံးပြုလာမှာပါ။ Xiaomi MI MAX 3 ပွဲထုတ်မိတ်ဆက်မယ့် အချိန်ဟာ၁လကျော်လောက် လိုသေးတာကြောင့် အချက်အလက်တိကျမှုတော့ မရှိသေးပါဘူး။
အဓိကကင်မရာကိုတော့ 13MP မှာ OV13855 sensor နဲ့အတူ F/2.0 aperture ရှိမှာဖြစ်ပြီး၊ ဒုတိယကင်မရာငယ်တစ်ခုပါဝင်နိုင်ပါတယ်။ အရှေ့ဘက်ကင်မရာငယ်ကတော့ 5MP သာတပ်ဆင်ပေးထားပါတယ်။ သူ့မှာ Qualcomm’s Snapdragon 635 ပရိုဆက်ဆာနဲ့ ဖြစ်နိုင်ပြီး မှတ်ဉာဏ်၂မျိုးနဲ့ ထုတ်လုပ်ပေးသွားနိုင်ပါတယ်။ 3GB/64GB  နဲ့ 4GB/128GB ဗားရှင်းဖြစ်နိုင်ပါတယ်။
Leave a Reply