FACE ID လုပ္ေဆာင္ခ်က္နဲ႔ ေဒၚလာ 59.99 တန္ CUBOT J3 ဖုန္း

0
1687

တရုတ္စမတ္ဖုန္းကုမၸဏီေတြဟာ တန္းဘုိးနည္းၿပီးေတာ့ စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေပးေလ့ရွိပါတယ္။ အခုလည္း စမတ္ဖုန္းကုမၸဏီျဖစ္တဲ့ CUBOT ကေနေဒၚလာ 60ဝန္းက်င္ ဘတ္ဂ်က္ စမတ္ဖုန္းတစ္လုံးကို ထုတ္လုပ္လုိက္ပါတယ္။ J3 စမတ္ဖုန္းျဖစ္ၿပီး သူ႕မွာFace ID လုပ္ေဆာင္ခ်က္ကို သုံးၿပီးေတာ့ ဖုန္းကို unlock ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။

သူ႕မွာမ်က္ႏွာ မွတ္မိသိရွိစနစ္လုပ္ေဆာင္ခ်က္ကုိ ထည့္သြင္းေပးလိုက္တာေၾကာင့္ လက္ေဗြဖတ္စနစ္ေတာ့ ပါဝင္မွာမဟုတ္ပါဘူး။ CUBOT J3 မွာ Google ရဲ႕တန္ဖိုးနည္း ဖုန္းေတြမွာသုံးတဲ့  Android Go စနစ္ကို ထည့္သြင္းေပးထားမွာျဖစ္ၿပီး  1GBRAM သုိ႔ 512MB ကိုသုံးထားမွာျဖစ္ပါတယ္။ CUBOT J3 မွာ MT6580 quad-core ပရိုဆက္ဆာသုံးထားမွာျဖစ္ၿပီး အျမန္ႏႈန္း 1.3GHz ရွိမွာျဖစ္ပါတယ္။ 1GBRAM မွာဆိုရင္ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအတြက္ 16GB storage ပါဝင္လာမွာျဖစ္ပါတယ္။

hardware နဲ႔ ေစ်းႏႈန္း မွ်တတဲ့ဖုန္းအျဖစ္ သတ္မွတ္ႏိုင္ၿပီး ဘက္ထရီကိုေတာ့ 2000mAh စြမ္းအားကို သုံးထားမွာျဖစ္ပါတယ္။ ဆင္းကတ္ပိုင္းမွာ dual SIM ေထာက္ပံ့မႈေပးထားၿပီး အခ်က္အလက္ထပ္မံထည့္သြင္း လိုသူေတြအတြက္ microSD cards ကေန 128GB ထပ္တိုးႏိုင္မွာျဖစ္ပါတယ္။ CUBOT J3 မွာၾကည့္ေကာင္းတဲ့ ဒီဇုိင္းပုံစံနဲ႔ျဖစ္ၿပီး  Apple ရဲ႕ iPhone X ပုံစံေဒါင္လိုက္ ကင္မရာပုံစံကို ထည့္သြင္းေပးထားပါတယ္။ ေနာက္ေက်ာဘက္မွာ 8MP အဓိကကင္မရာ

နဲ႔ျဖစ္ၿပီး အေရွ႕ဘက္မွာေတာ့ 5MP Selfie ကင္မရာကို တပ္ဆင္ေပးထားပါတယ္။ မ်က္ႏွာျပင္ 5-inch မွာ 18:9 aspect ratio ျမင္ကြင္းနဲ႔ထြက္ရွိလာမွာပါ။ CUBOT အေနနဲ႔စမတ္ဖုန္းသစ္ေတြကို ဇြန္လမွာမိတ္ဆက္သြား ႏိုင္ေျခရွိၿပီး CUBOT Power, CUBOT Nova, CUBOT J3 Pro, CUBOT J3, CUBOT P20 တို႔ပါထြက္ရွိ လာႏုိင္ပါတယ္။

Unicode

တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ တန်းဘိုးနည်းပြီးတော့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးလေ့ရှိပါတယ်။ အခုလည်း စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ CUBOT ကနေဒေါ်လာ 60ဝန်းကျင် ဘတ်ဂျက် စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်လိုက်ပါတယ်။ J3 စမတ်ဖုန်းဖြစ်ပြီး သူ့မှာFace ID လုပ်ဆောင်ချက်ကို သုံးပြီးတော့ ဖုန်းကို unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

သူ့မှာမျက်နှာ မှတ်မိသိရှိစနစ်လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်တာကြောင့် လက်ဗွေဖတ်စနစ်တော့ ပါဝင်မှာမဟုတ်ပါဘူး။ CUBOT J3 မှာ Google ရဲ့တန်ဖိုးနည်း ဖုန်းတွေမှာသုံးတဲ့  Android Go စနစ်ကို ထည့်သွင်းပေးထားမှာဖြစ်ပြီး  1GBRAM သို့ 512MB ကိုသုံးထားမှာဖြစ်ပါတယ်။ CUBOT J3 မှာ MT6580 quad-core ပရိုဆက်ဆာသုံးထားမှာဖြစ်ပြီး အမြန်နှုန်း 1.3GHz ရှိမှာဖြစ်ပါတယ်။ 1GBRAM မှာဆိုရင် အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 16GB storage ပါဝင်လာမှာဖြစ်ပါတယ်။

hardware နဲ့ ဈေးနှုန်း မျှတတဲ့ဖုန်းအဖြစ် သတ်မှတ်နိုင်ပြီး ဘက်ထရီကိုတော့ 2000mAh စွမ်းအားကို သုံးထားမှာဖြစ်ပါတယ်။ ဆင်းကတ်ပိုင်းမှာ dual SIM ထောက်ပံ့မှုပေးထားပြီး အချက်အလက်ထပ်မံထည့်သွင်း လိုသူတွေအတွက် microSD cards ကနေ 128GB ထပ်တိုးနိုင်မှာဖြစ်ပါတယ်။ CUBOT J3 မှာကြည့်ကောင်းတဲ့ ဒီဇိုင်းပုံစံနဲ့ဖြစ်ပြီး  Apple ရဲ့ iPhone X ပုံစံဒေါင်လိုက် ကင်မရာပုံစံကို ထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်မှာ 8MP အဓိကကင်မရာ

နဲ့ဖြစ်ပြီး အရှေ့ဘက်မှာတော့ 5MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင် 5-inch မှာ 18:9 aspect ratio မြင်ကွင်းနဲ့ထွက်ရှိလာမှာပါ။ CUBOT အနေနဲ့စမတ်ဖုန်းသစ်တွေကို ဇွန်လမှာမိတ်ဆက်သွား နိုင်ခြေရှိပြီး CUBOT Power, CUBOT Nova, CUBOT J3 Pro, CUBOT J3, CUBOT P20 တို့ပါထွက်ရှိ လာနိုင်ပါတယ်။

Leave a Reply