Steam Link App ျဖင့္ သင့္ iPhone , iPad မွာ ပီစီ ဂိမ္းမ်ားကို ကစားနည္း

0
1957

အရင္တုန္းကေတာ့ ပီစီ ဂိမ္း ျဖစ္တဲ့ The Witcher III ကို သင့္ အိုင္ဖုန္းမွာ ကစားဖို႔ ဆိုတာ မျဖစ္ ႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ မၾကာခင္မွာေတာ့ ကစားႏိုင္ေတာ့မွာပါ။ Valve ရဲ႕ Steam Link App ကို လာမယ့္ ရက္ပိုင္းအတြင္းမွာ iOS အတြက္ ျဖန္႔ခ်ီေပးေတာ့မွာ ျဖစ္ပါတယ္။ အန္းဒရြိဳက္အတြက္ေတာ့ သူ႔ကို ရရွိၿပီ ျဖစ္ပါတယ္။ iOS Version အတြက္ကိုေတာ့ Apple ရဲ႕ ခြင့္ျပဳခ်က္ ရဖုိ႔ ေစာင့္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။

App က PC or Mac မွ ဂိမ္းမ်ားကို သင့္ အိုင္ဖုန္း၊ အိုင္ပတ္မွာ ကစားလို႔ ရေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။ သင့္ အိုင္ဖုန္းကို Nintendo Switch လို Portable Gaming Device အသြင္ ေျပာင္းေပးမွာ ျဖစ္ပါတယ္။ Valve က အရင္ကေတာ့ ပီစီ၊ တီဗီမ်ားမွ ဂိမ္းမ်ားကို ဖုန္းမွာ ကစားႏုိင္တဲ့ ေဒၚလာ ၅၀ တန္ Steam Link ကိရိယာကို ေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ App ေၾကာင့္ ပိုက္ဆံ မကုန္ေတာ့ပါဘူး။

App ျဖင့္ ဒီလို ကစားႏုိင္ဖို႔ လိုအပ္ခ်က္ အနည္းငယ္ ရွိပါတယ္။ ဖုန္းမွာ ပီစီ ဂိမ္းမ်ားကို အဆင္ေျပစြာ ကစားႏုိင္ဖို႔အတြက္ ပံုမွာ ျပထားသလို Bluetooth Gamepad တစ္ခု လိုအပ္ပါတယ္။ App ဟာ အဲဒီလို Gamepad မ်ိဳးစံုနဲ႔ အလုပ္လုပ္ပါတယ္။ သင့္ အိုင္ဖုန္း၊ အိုင္ပတ္ဟာ PC , Mac တို႔နဲ႔ တူညီတဲ့ ၀ိုင္ဖိုင္ ကြန္ရက္ထဲမွာ ရွိရမွာပါ။ အဲဒီအတြက္ သင့္ ေနအိမ္ ျပင္ပမွေတာ့ ဒီလို ကစားႏုိင္မွာ မဟုတ္ပါဘူး။

Steam Link ကိရိယာလိုပဲ App ကို သံုးရင္ သင့္ ပီစီနဲ႔ Mac ဟာ ဂရပ္ဖစ္ စြမ္းရည္ကို လြန္စြာ ညွစ္ထုတ္ရပါတယ္။

unicode

Steam Link App ဖြင့် သင့် iPhone , iPad မှာ ပီစီ ဂိမ်းများကို ကစားနည်း

အရင်တုန်းကတော့ ပီစီ ဂိမ်း ဖြစ်တဲ့ The Witcher III ကို သင့် အိုင်ဖုန်းမှာ ကစားဖို့ ဆိုတာ မဖြစ် နိုင်ခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့ ကစားနိုင်တော့မှာပါ။ Valve ရဲ့ Steam Link App ကို လာမယ့် ရက်ပိုင်းအတွင်းမှာ iOS အတွက် ဖြန့်ချီပေးတော့မှာ ဖြစ်ပါတယ်။ အန်းဒရွိုက်အတွက်တော့ သူ့ကို ရရှိပြီ ဖြစ်ပါတယ်။ iOS Version အတွက်ကိုတော့ Apple ရဲ့ ခွင့်ပြုချက် ရဖို့ စောင့်နေတယ်လို့ သတင်းထွက်နေပါတယ်။

App က PC or Mac မှ ဂိမ်းများကို သင့် အိုင်ဖုန်း၊ အိုင်ပတ်မှာ ကစားလို့ ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သင့် အိုင်ဖုန်းကို Nintendo Switch လို Portable Gaming Device အသွင် ပြောင်းပေးမှာ ဖြစ်ပါတယ်။ Valve က အရင်ကတော့ ပီစီ၊ တီဗီများမှ ဂိမ်းများကို ဖုန်းမှာ ကစားနိုင်တဲ့ ဒေါ်လာ ၅၀ တန် Steam Link ကိရိယာကို ရောင်းချပေးထားပါတယ်။ အခုတော့ App ကြောင့် ပိုက်ဆံ မကုန်တော့ပါဘူး။

App ဖြင့် ဒီလို ကစားနိုင်ဖို့ လိုအပ်ချက် အနည်းငယ် ရှိပါတယ်။ ဖုန်းမှာ ပီစီ ဂိမ်းများကို အဆင်ပြေစွာ ကစားနိုင်ဖို့အတွက် ပုံမှာ ပြထားသလို Bluetooth Gamepad တစ်ခု လိုအပ်ပါတယ်။ App ဟာ အဲဒီလို Gamepad မျိုးစုံနဲ့ အလုပ်လုပ်ပါတယ်။ သင့် အိုင်ဖုန်း၊ အိုင်ပတ်ဟာ PC , Mac တို့နဲ့ တူညီတဲ့ ဝိုင်ဖိုင် ကွန်ရက်ထဲမှာ ရှိရမှာပါ။ အဲဒီအတွက် သင့် နေအိမ် ပြင်ပမှတော့ ဒီလို ကစားနိုင်မှာ မဟုတ်ပါဘူး။

Steam Link ကိရိယာလိုပဲ App ကို သုံးရင် သင့် ပီစီနဲ့ Mac ဟာ ဂရပ်ဖစ် စွမ်းရည်ကို လွန်စွာ ညှစ်ထုတ်ရပါတယ်။

Leave a Reply