R15 Nebula Special Edition ကို ေၾကညာလိုက္တဲ့ Oppo

0
1697

Oppo က နာမည္ေက်ာ္ အီဂ်စ္ ဒီဇိုင္နာ Karim Rashid နဲ႔ ပူးေပါင္း ဖန္တီးထားတဲ့ R15 Nebula Special Edition ကို တရုတ္မွာ ပြဲတစ္ခု က်င္းပ၍ ေၾကညာလိုက္ပါတယ္။ ဒါဟာ Oppo အတြက္ေတာ့ ျပင္ပ ဒီဇိုင္နာနဲ႔ ပူးေပါင္း ဖန္တီးထားတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ ဒီဖုန္းရဲ႕ အဓိက ထူးျခားခ်က္မွာ အေနာက္ဘက္ ကိုယ္ထည္ ျဖစ္ပါတယ္။ ဖန္ကိုယ္ထည္လိုမ်ိဳးကို သံုးထားၿပီး ေတာက္ေျပာင္ပါတယ္။ အျပာ၊ အနီနဲ႔ ပန္းေရာင္မ်ားကို ေပါင္းစပ္ ဖန္တီးထားတာက ထူးျခားပါတယ္။ ေအာက္ေျခမွာ ဒီဇိုင္နာရဲ႕ လက္မွတ္ကို ေရးထိုးထားပါတယ္။

သူ႔ရဲ႕ Specifications မ်ားမွာ မူလ R15 နဲ႔ တူညီပါတယ္။ သူ႔မွာ ၆.၂၈ လက္မ 1080x2280p Display တပ္ဆင္ထားၿပီး မ်က္နွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 16+5MP Dual Camera မ်ား တပ္ဆင္ထားပါတယ္။ Selfie Camera ကေတာ့ 20MP ျဖစ္ပါတယ္။ 3450mAh Battery ပါပါတယ္။ MediaTek Helio P60 Octa-Core Processor ေမာင္းနွင္မွာပါ။

သူ႔မွာ 6GB RAM , 128GB Storage မ်ား ထည့္သြင္းထားပါတယ္။ Android 8.1 Oreo အေျချပဳ ColorOS 5.0 ထည့္သြင္းထားပါတယ္။ တရုတ္မွာ ယြမ္ ၂၉၉၉ သတ္မွတ္ထားၿပီး ၄၇၀ ေဒၚလာ က်သင့္ပါတယ္။ JBL Earphones ကိုပါ လိုခ်င္ရင္ ေဒၚလာ ၅၀၀ က်သင့္မွာပါ။ ေမလ ၂၁ ရက္ေန႔မွာ တရုတ္တြင္ ေရာင္းခ်ေပးလိုက္ပါၿပီ။

unicode

R15 Nebula Special Edition ကို ကြေညာလိုက်တဲ့ Oppo

Oppo က နာမည်ကျော် အီဂျစ် ဒီဇိုင်နာ Karim Rashid နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ R15 Nebula Special Edition ကို တရုတ်မှာ ပွဲတစ်ခု ကျင်းပ၍ ကြေညာလိုက်ပါတယ်။ ဒါဟာ Oppo အတွက်တော့ ပြင်ပ ဒီဇိုင်နာနဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အဓိက ထူးခြားချက်မှာ အနောက်ဘက် ကိုယ်ထည် ဖြစ်ပါတယ်။ ဖန်ကိုယ်ထည်လိုမျိုးကို သုံးထားပြီး တောက်ပြောင်ပါတယ်။ အပြာ၊ အနီနဲ့ ပန်းရောင်များကို ပေါင်းစပ် ဖန်တီးထားတာက ထူးခြားပါတယ်။ အောက်ခြေမှာ ဒီဇိုင်နာရဲ့ လက်မှတ်ကို ရေးထိုးထားပါတယ်။

သူ့ရဲ့ Specifications များမှာ မူလ R15 နဲ့ တူညီပါတယ်။ သူ့မှာ ၆.၂၈ လက်မ 1080x2280p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16+5MP Dual Camera များ တပ်ဆင်ထားပါတယ်။ Selfie Camera ကတော့ 20MP ဖြစ်ပါတယ်။ 3450mAh Battery ပါပါတယ်။ MediaTek Helio P60 Octa-Core Processor မောင်းနှင်မှာပါ။

သူ့မှာ 6GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ Android 8.1 Oreo အခြေပြု ColorOS 5.0 ထည့်သွင်းထားပါတယ်။ တရုတ်မှာ ယွမ် ၂၉၉၉ သတ်မှတ်ထားပြီး ၄၇၀ ဒေါ်လာ ကျသင့်ပါတယ်။ JBL Earphones ကိုပါ လိုချင်ရင် ဒေါ်လာ ၅၀၀ ကျသင့်မှာပါ။ မေလ ၂၁ ရက်နေ့မှာ တရုတ်တွင် ရောင်းချပေးလိုက်ပါပြီ။

Leave a Reply