DTS အသံစနစ္နဲ႔ Quad DAC နည္းပညာသုံး LG Q7 စမတ္ဖုန္းသစ္မ်ား

0
1569

စမတ္ဖုန္း ထုတ္လုပ္သူအမ်ားစုအေနနဲ႔ Full-View နဲ႔ကင္မရာေကာင္းမြန္တဲ့ ဖုန္းေတြကို ထုတ္လုပ္ေနတဲ့အခ်ိန္မွာ ကိုရီးယား စမတ္ဖုန္းထုတ္လုပ္သူ lg အေနနဲ႔အသံပိုင္း စနစ္ေကာင္းမြန္တဲ့ စမတ္ဖုန္းသစ္ေတြကို ပြဲထုတ္လုိက္ပါတယ္။ သူ႕ကေတာ့ LG Q7 စီးရီးဖုန္းေတြ ျဖစ္ၿပီး ဖုန္းရဲ႕အသံစနစ္အတြက္ DTS အသံစနစ္နဲ႔ Quad DAC နည္းပညာေတြကို ထည့္သြင္းထားပါတယ္။

LG Q6ကိုအဆင့္ျမင့္တင္ထားတဲ့ LG Q7 အသစ္မွာ audio ပိုင္းကိုအဓိက ဦးစားေပးလာခဲ့ၿပီး DTS:X 3D အသံပတ္လည္ေျပးစနစ္မွာ Hi-Fi audio နဲ႔သီခ်င္းေတြကို နားဆင္ႏိုင္မွာျဖစ္ပါတယ္။ နားက်ပ္နဲ႔သာသီခ်င္းေတြ နားဆင္မယ္ဆိုရင္ 7.1 channel နဲအသံစြမ္းအင္ထုတ္ေပးပါလိမ့္မယ္။ Q7 အသစ္ေတြ မွာကိုယ္ထည္ပိုင္းအေနနဲ႔ အၾကမ္းခံႏုိင္စြမ္းရွိတဲ့ သတၱဴကိုယ္ထည္ကိုသုံးထားပါတယ္။ Q6 မွာတုံးကေတာ့ ပိုလီကာဗြန္နိတ္သုံးထားတာေၾကာင့္ အရမ္းႀကီးအၾကမ္းမခံပဲ ျခစ္ရာထင္တာေတြမ်ိဳးေတြျဖစ္ေပၚတတ္ပါတယ္။ IP68 ေရစိုခံႏုိင္စြမ္း၊ MIL-STD-810G ဆိုတဲ့ အၾကမ္းခံႏုိင္မႈ အဆင့္ေတြပါဝင္လာပါတယ္။

မ်က္ႏွာျပင္ကေတာ့ 5.5” Full LCD ျဖစ္ၿပီး 1080p+(18:9, 2,160 x 1,080 px) နဲ႔ျဖစ္ကာ 2.5D glass ဖုံးအုပ္ေပးထားပါတယ္။ ကင္မရာပိုင္းမွာေတာ့ အေရွ႕ဘက္မွာ 5 MP super wide angle (100°)ကိုသုံထားတာေၾကာင့္ ျမင္ကြင္းက်ယ္ Selfie ရိုက္လုိသူေတြအတြက္ အဆင္ေျပေစပါလိမ့္မယ္။ ျဖန္႔ခ်ိရာေနရာ ေဒသေပၚမူတည္ၿပီးေတာ့ 8 MP selfie ကင္မရာကိုလည္း ထည့္သြင္းေပးထားႏိုင္ပါတယ္။

ေမာ္ဒယ္၃မ်ိဳးနဲ႔ ထြက္ေပၚလာမွာျဖစ္ၿပီး ေနာက္ေက်ာဘက္ကင္မရာပိုင္းမွာေတာ့ LG Q7+မွာ (16 MP)နဲ႔ျဖစ္ၿပီး၊ Q7 နဲ႔ Q7α တို႔မွာေတာ့ 13 MP သာသုံးထားမွာျဖစ္ပါတယ္။ ပရိုဆက္ဆာပိုင္းမွာ ဘယ္ Chipset ကိုသုံးမယ္ဆိုတာ မသိရေပမယ့္ ေမာ္ဒယ္၃မ်ိဳးလုံးမွာ octa-core 1.8 GHz (သို႔) 1.5 GHz ပါဝင္လာမွာပါ။

ဖုန္းတြင္းသိုေလွာင္မႈမွာလည္း Q7+ မွာ 4 GB / 64 GB နဲ႔ျဖစ္ၿပီး၊ ပုံမွန္ဗားရွင္းျဖစ္တဲ့ Q7 ၊Q7α မွာေတာ့ 3 GB / 32 GB ကိုသုံးလာမွာပါ။ ဘက္ထရီပိုင္းမွာေတာ့ 3,000 mAh နဲ႔ျဖစ္ၿပီးQualcomm ရဲ႕ Fast Charge နည္းပညာေထာက္ပံ့ထားတာေၾကာင့္ နာရီဝက္အားသြင္းတာနဲ႔ 50% ထိအားရရွိမွာျဖစ္ပါတယ္။ စမတ္ဖုန္းသစ္၃မ်ိဳးရဲ႕ ရရွိမယ့္အခ်ိန္နဲ႔ ေစ်းႏႈန္းကိုေတာ့ မသိရွိရေသးပါဘူး။

Unicode

စမတ်ဖုန်း ထုတ်လုပ်သူအများစုအနေနဲ့ Full-View နဲ့ကင်မရာကောင်းမွန်တဲ့ ဖုန်းတွေကို ထုတ်လုပ်နေတဲ့အချိန်မှာ ကိုရီးယား စမတ်ဖုန်းထုတ်လုပ်သူ lg အနေနဲ့အသံပိုင်း စနစ်ကောင်းမွန်တဲ့ စမတ်ဖုန်းသစ်တွေကို ပွဲထုတ်လိုက်ပါတယ်။ သူ့ကတော့ LG Q7 စီးရီးဖုန်းတွေ ဖြစ်ပြီး ဖုန်းရဲ့အသံစနစ်အတွက် DTS အသံစနစ်နဲ့ Quad DAC နည်းပညာတွေကို ထည့်သွင်းထားပါတယ်။

LG Q6ကိုအဆင့်မြင့်တင်ထားတဲ့ LG Q7 အသစ်မှာ audio ပိုင်းကိုအဓိက ဦးစားပေးလာခဲ့ပြီး DTS:X 3D အသံပတ်လည်ပြေးစနစ်မှာ Hi-Fi audio နဲ့သီချင်းတွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။ နားကျပ်နဲ့သာသီချင်းတွေ နားဆင်မယ်ဆိုရင် 7.1 channel နဲအသံစွမ်းအင်ထုတ်ပေးပါလိမ့်မယ်။ Q7 အသစ်တွေ မှာကိုယ်ထည်ပိုင်းအနေနဲ့ အကြမ်းခံနိုင်စွမ်းရှိတဲ့ သတ္တူကိုယ်ထည်ကိုသုံးထားပါတယ်။ Q6 မှာတုံးကတော့ ပိုလီကာဗွန်နိတ်သုံးထားတာကြောင့် အရမ်းကြီးအကြမ်းမခံပဲ ခြစ်ရာထင်တာတွေမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ IP68 ရေစိုခံနိုင်စွမ်း၊ MIL-STD-810G ဆိုတဲ့ အကြမ်းခံနိုင်မှု အဆင့်တွေပါဝင်လာပါတယ်။

မျက်နှာပြင်ကတော့ 5.5” Full LCD ဖြစ်ပြီး 1080p+(18:9, 2,160 x 1,080 px) နဲ့ဖြစ်ကာ 2.5D glass ဖုံးအုပ်ပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်မှာ 5 MP super wide angle (100°)ကိုသုံထားတာကြောင့် မြင်ကွင်းကျယ် Selfie ရိုက်လိုသူတွေအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဖြန့်ချိရာနေရာ ဒေသပေါ်မူတည်ပြီးတော့ 8 MP selfie ကင်မရာကိုလည်း ထည့်သွင်းပေးထားနိုင်ပါတယ်။

မော်ဒယ်၃မျိုးနဲ့ ထွက်ပေါ်လာမှာဖြစ်ပြီး နောက်ကျောဘက်ကင်မရာပိုင်းမှာတော့ LG Q7+မှာ (16 MP)နဲ့ဖြစ်ပြီး၊ Q7 နဲ့ Q7α တို့မှာတော့ 13 MP သာသုံးထားမှာဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာ ဘယ် Chipset ကိုသုံးမယ်ဆိုတာ မသိရပေမယ့် မော်ဒယ်၃မျိုးလုံးမှာ octa-core 1.8 GHz (သို့) 1.5 GHz ပါဝင်လာမှာပါ။

ဖုန်းတွင်းသိုလှောင်မှုမှာလည်း Q7+ မှာ 4 GB / 64 GB နဲ့ဖြစ်ပြီး၊ ပုံမှန်ဗားရှင်းဖြစ်တဲ့ Q7 ၊Q7α မှာတော့ 3 GB / 32 GB ကိုသုံးလာမှာပါ။ ဘက်ထရီပိုင်းမှာတော့ 3,000 mAh နဲ့ဖြစ်ပြီးQualcomm ရဲ့ Fast Charge နည်းပညာထောက်ပံ့ထားတာကြောင့် နာရီဝက်အားသွင်းတာနဲ့ 50% ထိအားရရှိမှာဖြစ်ပါတယ်။ စမတ်ဖုန်းသစ်၃မျိုးရဲ့ ရရှိမယ့်အချိန်နဲ့ ဈေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။

Leave a Reply