Lenovo Z5 စမတ္ဖုန္းကင္မရာနဲ႔ ရိုက္ကူးထားတဲ့ ဓာတ္ပံုမ်ားထြက္ေပၚလာ

0
1811

Lenovo အေနနဲ႔ စမတ္ဖုန္းသစ္ျဖစ္တဲ့ Lenovo Z5 ကိုသိပ္မၾကာခင္မွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ သိုေပမယ့္ မိတ္ဆက္မယ့္ရက္နဲ႔ ေနရာကိုေတာ့ အတိအက် ေျပာၾကားျခင္းမရွိေသးပါဘူး။ ဒီေန႔မွာေတာ့ တရုတ္လူမႈကြန္ရက္ Weibo မွာ Lenovo Z5 ကင္မရာနဲ႔ရိုက္ကူးထားတဲ့ ဓာတ္ပုံ၂ပုံထြက္ေပၚလာပါတယ္။ ကုမၸဏီရဲ႕ ဒုတိယဥကၠဌျဖစ္တဲ့ Chang Cheng ကတင္လုိက္တာျဖစ္ပါတယ္။ ကင္မရာရဲ႕ စြမ္းေဆာင္ခ်က္ေတြကို သိရွိႏိုင္မွာျဖစ္ၿပီးဓာတ္ပုံေတြမွာ Lenovo Z5 AI Dual Camera ဆုိတဲ့ အမွတ္အသားေတြကို ေတြ႕ရပါတယ္။ ကင္မရာအရည္အေသြး ဘယ္ေလာက္လဲဆိုတာကိုေတာ့ ခန္႔မွန္းလို႔မရေသးပါဘူး။

Lenovo Z5 အေနနဲ႔ သူ႕ရဲ႕ေနာက္ေက်ာဘက္ dual ကင္မရာမွာ AI လုပ္ေဆာင္ခ်က္ကို ထည့္သြင္းသြားမွာ ျဖစ္ၿပီး အလင္း၊အေမွာင္တိက်တဲ့ ပံုထြက္အရည္အေသြးရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မွာျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြကို ၾကည့္လိုက္တဲ့အခါမွာ ညေနပိုင္းနဲ႔ညဦးပိုင္း အခ်ိန္ေတြမွာ ရိုက္ထားတာျဖစ္ၿပီး တိက်တဲ့အလင္းအေမွာင္ညီညြတ္မႈကို ေတြရပါတယ္။ မ်က္ႏွာျပင္အျပည့္နီးပါးနဲ႔ ထြက္ရွိလာမယ့္ စမတ္ဖုန္းဟာ ကိုယ္ထည္တစ္ခုလံုးရဲ႕ 95% ရာခုိင္ႏႈန္းေလာက္ အခ်ိဳးက်က်ယ္ျပန္႔မွာ ျဖစ္ပါတယ္။ ဖုန္းကိုဇြန္လအတြင္းမွာ မိတ္ဆက္ႏုိင္ၿပီး 4TB အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းနဲ႔ ပထမဆုံးစမတ္ဖုန္းလည္း ျဖစ္လာႏုိင္ပါတယ္။

လက္ရွိအခ်ိန္မွာ ထြက္ထားတဲ့ စမတ္ဖုန္းေတြမွာ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအေနနဲ႔ 128GB (သို႔) 256GB ကိုသာထည့္သြင္းေပးထားတာကိုေတြ႕ရမွာပါ။ တကယ္လို႔သာ 4TB storage သာရရွိမယ္ဆိုရင္ ဖုန္းထဲမွာ အခ်က္အလက္ေပါင္းမ်ားစြာကို ထည့္သြင္းထားႏိုင္မွာျဖစ္ပါတယ္။ လက္တေလာတြက္ခ်က္မႈေတြအရ အဲ့ဒီပမာဏဟာ ဓာတ္ပံုႀကီး၁သန္း၊ HD ရုပ္ရွင္ကားေပါင္း ၂ေထာင္၊သီခ်င္း MP3 ဖုိင္ေပါင္း 150,000 ဝင္ဆံ့မယ့္ ပမာဏပဲျဖစ္ပါတယ္။

Unicode

Lenovo အနေနဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Lenovo Z5 ကိုသိပ်မကြာခင်မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ သိုပေမယ့် မိတ်ဆက်မယ့်ရက်နဲ့ နေရာကိုတော့ အတိအကျ ပြောကြားခြင်းမရှိသေးပါဘူး။ ဒီနေ့မှာတော့ တရုတ်လူမှုကွန်ရက် Weibo မှာ Lenovo Z5 ကင်မရာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံ၂ပုံထွက်ပေါ်လာပါတယ်။ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ Chang Cheng ကတင်လိုက်တာဖြစ်ပါတယ်။ ကင်မရာရဲ့ စွမ်းဆောင်ချက်တွေကို သိရှိနိုင်မှာဖြစ်ပြီးဓာတ်ပုံတွေမှာ Lenovo Z5 AI Dual Camera ဆိုတဲ့ အမှတ်အသားတွေကို တွေ့ရပါတယ်။ ကင်မရာအရည်အသွေး ဘယ်လောက်လဲဆိုတာကိုတော့ ခန့်မှန်းလို့မရသေးပါဘူး။

Lenovo Z5 အနေနဲ့ သူ့ရဲ့နောက်ကျောဘက် dual ကင်မရာမှာ AI လုပ်ဆောင်ချက်ကို ထည့်သွင်းသွားမှာ ဖြစ်ပြီး အလင်း၊အမှောင်တိကျတဲ့ ပုံထွက်အရည်အသွေးရရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်တဲ့အခါမှာ ညနေပိုင်းနဲ့ညဦးပိုင်း အချိန်တွေမှာ ရိုက်ထားတာဖြစ်ပြီး တိကျတဲ့အလင်းအမှောင်ညီညွတ်မှုကို တွေရပါတယ်။ မျက်နှာပြင်အပြည့်နီးပါးနဲ့ ထွက်ရှိလာမယ့် စမတ်ဖုန်းဟာ ကိုယ်ထည်တစ်ခုလုံးရဲ့ 95% ရာခိုင်နှုန်းလောက် အချိုးကျကျယ်ပြန့်မှာ ဖြစ်ပါတယ်။ ဖုန်းကိုဇွန်လအတွင်းမှာ မိတ်ဆက်နိုင်ပြီး 4TB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာ ထွက်ထားတဲ့ စမတ်ဖုန်းတွေမှာ အချက်အလက်သိုလှောင်နိုင်စွမ်းအနေနဲ့ 128GB (သို့) 256GB ကိုသာထည့်သွင်းပေးထားတာကိုတွေ့ရမှာပါ။ တကယ်လို့သာ 4TB storage သာရရှိမယ်ဆိုရင် ဖုန်းထဲမှာ အချက်အလက်ပေါင်းများစွာကို ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။ လက်တလောတွက်ချက်မှုတွေအရ အဲ့ဒီပမာဏဟာ ဓာတ်ပုံကြီး၁သန်း၊ HD ရုပ်ရှင်ကားပေါင်း ၂ထောင်၊သီချင်း MP3 ဖိုင်ပေါင်း 150,000 ဝင်ဆံ့မယ့် ပမာဏပဲဖြစ်ပါတယ်။

 

Leave a Reply